ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္႐ြာမ ပရိယတၱိစာသင္တိုက္မွ သံဃားအပါး ၃၅၄ပါးတြင္ ကိုဗစ္ေရာဂါပိုးေတြ႕ရွိရေၾကာင္း သတင္းရရွိသည္။ 


ကေနဦးက စာသင္တိုက္ရွိ သံဃာေတာ္ ၇၅ ပါးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိေၾကာင္း အတည္ျပဳထုတ္ျပန္ၿပီးေနာက္ က်န္သူမ်ားကို ထပ္မံစစ္ေဆးရာ သံဃာေတာ္ ၂၇၅ ပါးႏွင့္ လူပုဂၢိဳလ္ ၄ ဦးတြင္ ကိုဗစ္ပိုးထပ္မံကူးစက္ခံျခင္းျဖစ္ေၾကာင္း သိရသည္။


"ဦးဇင္းတို႔ သုံးလပိုင္းကစၿပီးေတာ့ လုံးဝ ဆြမ္းခံမထြက္ေတာ့ဘူး။ သံဃာေတြ စာမေမးပြဲေျဖဖို႔အတြက္လည္း ေက်ာင္းကေနၿပီးေတာ့ အပို႔အႀကိဳလုပ္ေပးတယ္။ ေက်ာင္းမွာအဝင္အထြက္ဂိတ္ေတြကိုလည္း အစစ္အေဆးနဲ႔ထားတယ္။ ဂိတ္ဝမွာလည္း ဦးဇင္းတို႔ပိုးသတ္စက္တခုထားတယ္။ အဲဒီမွာဝင္ၿပီး ပို႔သတ္ရမယ္။ လက္ေဆးရမယ္။ အဲဒီစည္းကမ္းေတြအၿမဲတမ္းထားတယ္။ ဒါကဘယ္ကေန ဘယ္လိုဝင္လာတယ္လို႔ကို ဦးဇင္းတို႔ေက်ာင္းထဲက စာခ်ဘုန္းႀကီးေတြေရာ။နာယကေတြေရာ ဆရာေတာ္ေရာဘယ္လိုမွ ခန႔္မွန္းလို႔မရေအာင္ အ‌ေျခအေနရွိတယ္"ဟု ႐ြာမစာသင္တိုက္မွ စာခ်ဆရာေတာ္တပါးကမိန႔္ၾကားသည္။


အဆိုပါစာသင္တိုက္တြင္ ေဝယ်ဝစၥကုသိုလ္ယူသည့္ လူဒါယကာ ၅ဝဦးရွိၿပီး စာသင္၊စာခ်၊နာယကနယဆရာေတာ္မ်ားအပါအဝင္ သံဃာေတာ္ ၅၃၂ ပါးရွိေၾကာင္း၊ ပိုးေတြ႕ရွိသည့္ သံဃာေတာ္မ်ားမွာ က်န္းမာေရးေကာင္းမြန္လ်က္ရွိေၾကာင္း သိရသည္။

--------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှ သံဃားအပါး ၃၅၄ပါးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရကြောင်း သတင်းရရှိသည်။ 

ကနေဦးက စာသင်တိုက်ရှိ သံဃာတော် ၇၅ ပါးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ပြီးနောက် ကျန်သူများကို ထပ်မံစစ်ဆေးရာ သံဃာတော် ၂၇၅ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးတွင် ကိုဗစ်ပိုးထပ်မံကူးစက်ခံခြင်းဖြစ်ကြောင်း သိရသည်။

"ဦးဇင်းတို့ သုံးလပိုင်းကစပြီးတော့ လုံးဝ ဆွမ်းခံမထွက်တော့ဘူး။ သံဃာတွေ စာမမေးပွဲဖြေဖို့အတွက်လည်း ကျောင်းကနေပြီးတော့ အပို့အကြိုလုပ်ပေးတယ်။ ကျောင်းမှာအဝင်အထွက်ဂိတ်တွေကိုလည်း အစစ်အဆေးနဲ့ထားတယ်။ ဂိတ်ဝမှာလည်း ဦးဇင်းတို့ပိုးသတ်စက်တခုထားတယ်။ အဲဒီမှာဝင်ပြီး ပို့သတ်ရမယ်။ လက်ဆေးရမယ်။ အဲဒီစည်းကမ်းတွေအမြဲတမ်းထားတယ်။ ဒါကဘယ်ကနေ ဘယ်လိုဝင်လာတယ်လို့ကို ဦးဇင်းတို့ကျောင်းထဲက စာချဘုန်းကြီးတွေရော။နာယကတွေရော ဆရာတော်ရောဘယ်လိုမှ ခန့်မှန်းလို့မရအောင် အ‌ခြေအနေရှိတယ်"ဟု ရွာမစာသင်တိုက်မှ စာချဆရာတော်တပါးကမိန့်ကြားသည်။

အဆိုပါစာသင်တိုက်တွင် ဝေယျဝစ္စကုသိုလ်ယူသည့် လူဒါယကာ ၅ဝဦးရှိပြီး စာသင်၊စာချ၊နာယကနယဆရာတော်များအပါအဝင် သံဃာတော် ၅၃၂ ပါးရှိကြောင်း၊ ပိုးတွေ့ရှိသည့် သံဃာတော်များမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

TCM

Post a Comment

Previous Post Next Post