မေကြး စက္တင္ဘာ ၂၆


မေကြးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမွ ေမ့ေဆးအထူးကုဆရာဝန္( ဒုတိယႏွစ္ ဘြဲ႕လြန္) ၁၀ ဦး၊ အထက္တန္းသူနာျပဳ၊ သူနာျပဳ ၂၀ ဦးသည္ ရန္ကုန္တိုင္းေဒသႀကီးတြင္ COVID-19 ကုသေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ယေန႔ နံနက္ ၉ နာရီ အခ်ိန္တြင္ ထြက္ခြာ သြားေၾကာင္း သိရသည္။


၂၆.၉. ၂၀၂၀ ယေနအထိ မေကြးတိုင္းေဒသႀကီးမွ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္သို႔ သြားေရာက္ တာဝန္ထမ္းေဆာင္သည့္ က်န္းမာေရးဝန္ထမ္း ဦးေရ ၅၀ ေက်ာ္ရွိၿပီ ျဖစ္ပါသည္။


” ရန္ကုန္မွာက ပိုးေတြ႕လူနာက မ်ားလာတယ္။ မ်ားလာတဲ့အတြက္ ကုသေစာင့္ေရွာက္မႈေပးရတဲ့ ေနရာသစ္ေတြလည္း မ်ားလာတယ္။ ဒီေနရာေတြမွာ အားျဖည့္ႏိုင္ဖို႔ က်န္းမာေရးဝန္ထမ္းေတြ ေစလႊတ္ရတာပါ ” ဟု မေကြးတိုင္းျပည္သူ႔က်န္းမာေရးဦးစီးဌာန ၊ လက္ေထာက္ ညႊန္ၾကားေရးမႉး ေဒါက္တာ ခင္ေမာင္သန္းက ေျပာသည္။


ပထအႀကိမ္ စစ္ကူအျဖစ္ စက္တင္ဘာ ၁၄ ရက္ေန႔တြင္ ၁၉ ဦး ၊ ဒုတိယအႀကိမ္အျဖစ္ စက္တင္ဘာ ၂၂ ရက္ေန႔တြင္ က်န္းမာေရးဦးစီးဌာန အရာရွိ ဆရာဝန္ ၄ ဦး ၊ ယေန႔ စက္တင္ဘာ ၂၆ ရက္ေန႔တြင္ တတိယအႀကိမ္အျဖစ္ ၃၀ ဦး ေစလႊတ္ခဲ့ေၾကာင္း မေကြးတိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက သိရသည္။

--------------------------------------------------------------------------------------

မကွေး စက်တင်ဘာ ၂၆


မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မေ့ဆေးအထူးကုဆရာဝန်( ဒုတိယနှစ် ဘွဲ့လွန်) ၁၀ ဦး၊ အထက်တန်းသူနာပြု၊ သူနာပြု ၂၀ ဦးသည် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကုသစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ယနေ့ နံနက် ၉ နာရီ အချိန်တွင် ထွက်ခွာ သွားကြောင်း သိရသည်။


၂၆.၉. ၂၀၂၀ ယနေအထိ မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ သွားရောက် တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်း ဦးရေ ၅၀ ကျော်ရှိပြီ ဖြစ်ပါသည်။


” ရန်ကုန်မှာက ပိုးတွေ့လူနာက များလာတယ်။ များလာတဲ့အတွက် ကုသစောင့်ရှောက်မှုပေးရတဲ့ နေရာသစ်တွေလည်း များလာတယ်။ ဒီနေရာတွေမှာ အားဖြည့်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ရတာပါ ” ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောသည်။


ပထအကြိမ် စစ်ကူအဖြစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ၁၉ ဦး ၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာန အရာရှိ ဆရာဝန် ၄ ဦး ၊ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့တွင် တတိယအကြိမ်အဖြစ် ၃၀ ဦး စေလွှတ်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

Post a Comment

Previous Post Next Post