(Unicode)


အစိုးရဖွဲ့ဖို့အထိရည်ရွယ်ထားတဲ့အကြောင်း ပြောပြလာခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး…

ရွေးကောက်ပွဲမှာ အစိုးရဖွဲ့ဖို့အထိ အောင်မြင်ဖို့ ရည်ရွယ်ထားကြောင်း ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးသန်းဌေးဆို

အစိုးရဖွဲ့ဖို့အထိ ရည်ရွယ်ထားကြောင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ပြောနေပြည်တော်၊စက်တင်ဘာလ-၉ ရက်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့ဖို့အထိ အောင်မြင်ဖို့ ရည်ရွယ်ထားကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်ဦးသန်းဌေးက“ကျွန်တော့်ကို ရာခိုင်နှုန်းတွေ မမေးပါနဲ့။ကျွန်တော်အစိုးရဖွဲ့ဖို့ထိအောင် ရည်ရွယ်ပါတယ်´´လို့ ပြောပါတယ်။



ဒီကနေ့ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင် အခမ်းအနားအပြီးမှာမီဒီယာတွေက ကြံ့ခိုင်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လောက်မျှော်မှန်းထားလဲဆိုတာ မေးမြန်းတဲ့အပေါ် အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ကြံ့ခိုင်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခြင်းဟာလည်း လက်ရှိ အခြေအနေထက်



ဒီမိုကရေစီအခွင့်အရေးတွေရဖို့၊လူ့အခွင့်အရေးတွေ ငြိမ်းချမ်းရေးတွေ ပိုကောင်းဖို့ စတာတွေကို လုပ်နိုင်တယ်လို့ ယုံကြည်တဲ့အတွက် ဖြစ်တယ်လို့ ဦးသန်းဌေးက ဆိုပါတယ်။ကြံ့ခိုင်ရေးပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၁,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီးပါတီ ဥက္ကဌ ဦးသန်းဌေးကတော့ နေပြည်တော်ရှိ ဇေယျာသီရိမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။


(Zawgyi)









Post a Comment

Previous Post Next Post