ျမန္မာနိုင္ငံတြင္ ျမန္မာ့ယဥ္ေက်းမွု အစဥ္အလာကို ထိန္းသိမ္းကာ ဆံရစ္ဝိုင္းဆံေထာက္မ်ား ထားရွိသည့္ ယဥ္ေက်းမွုေက်းရြာကို ျပပါဆိုလၽွင္ မႏၲေလးတိုင္းေဒသႀကီး ႏြားထိုးႀကီးၿမိဳ့နယ္ ဘူးကိုင္းေက်းရြာအုပ္စုရွိ ခံစပ္ကုန္းရြာကို ျပသရမည္ျဖစ္သည္။


ခံစပ္ကုန္းရြာသည္ သမိုင္းဝင္ နာမည္ေက်ာ္ စၾကာေတာင္ကို ေနာက္ခံထားကာ ခံစပ္ကုန္းအေရွ႕ရြာ ခံစပ္ကုန္းအေနာက္ရြာဟု ရွိသည္။ ရြာထဲရွိ အမ်ိဳးသမီးမ်ားသည္ ျမန္မာ့ရိုးရာယဥ္ေက်းမွု ဆံပင္ထားရွိမွုကို ယေန႔တိုင္ ထားရွိေနသည္ကို ေတြ႕ရွိရသည္။

ျမန္မာ့ရိုးရာ ဆံပင္ပုံထားမွုတြင္ ေယာက္်ားကေလးမ်ားဆိုလၽွင္ ငယ္ရြယ္စဥ္တြင္ ဦးစြန္းဖုတ္ထားရွိၾကသည္။ အမ်ိဳးသမီးမ်ားဆိုလၽွင္ ဆံရစ္ဝိုင္း၊ ဆံေထာက္၊ အုပ္လုံးသိမ္းဆိုေသာ ထားသိုမွုပုံဆံမ်ားကို ထားရွိၾကသည္။


ျမန္မာ့ယဥ္ေက်းမွု ဆံပင္ထားသိုမွုတြင္ အမ်ိဳးသမီးငယ္မ်ား အပ်ိဳေဖာ္မဝင္ခင္တြင္ ဆံရစ္ဝိုင္းမ်ား ထားရွိၾကသည္။ ထိုဆံရစ္ဝိုင္းသည္ ကေလးသာသာအရြယ္ဆိုသည္ကို ျပသေနသည္။ အပ်ိဳေဖာ္ဝင္သည္ႏွင့္ ဆံေထာက္ထားေလ့ရွိသည္။

ဆံေထာက္ထားမွုသည္ အပ်ိဳျဖစ္ၿပီဆိုသည္ကို ျပသေနေပသည္။ အပ်ိဳျဖစ္ၿပီဟု ေျပာဆိုျခင္းပင္ျဖစ္သည္။ အပ်ိဳဘဝေက်ာ္လြန္ပါက အုပ္လုံးသိမ္းသည့္ စနစ္မ်ားကို ယေန႔တိုင္ျပဳလုပ္ၾကသည္။ ေခတ္မီကာ ဆံေကသာ အမ်ိဳးမ်ိဳးထားေနေသာ လက္ရွိကာလတြင္ ႏြားထိုးႀကီးၿမိဳ့နယ္ ခံစပ္ကုန္းရြာမွာ ျမန္မာမွုဆံေကသာ ထားသည့္စနစ္အတိုင္း ဆံရစ္ဝိုင္း၊ ဆံေထာက္မ်ားကို ယေန႔တိုင္ထိန္းသိမ္းကာ ထားရွိလ်က္ရွိေနေၾကာင္း သိရသည္။


crd-MDN


---------------------------------------------------------------------------------



မြန်မာနိုင်ငံတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းကာ ဆံရစ်ဝိုင်းဆံထောက်များ ထားရှိသည့် ယဉ်ကျေးမှုကျေးရွာကို ပြပါဆိုလျှင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဘူးကိုင်းကျေးရွာအုပ်စုရှိ ခံစပ်ကုန်းရွာကို ပြသရမည်ဖြစ်သည်။




ခံစပ်ကုန်းရွာသည် သမိုင်းဝင် နာမည်ကျော် စကြာတောင်ကို နောက်ခံထားကာ ခံစပ်ကုန်းအရှေ့ရွာ ခံစပ်ကုန်းအနောက်ရွာဟု ရှိသည်။ ရွာထဲရှိ အမျိုးသမီးများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆံပင်ထားရှိမှုကို ယနေ့တိုင် ထားရှိနေသည်ကို တွေ့ရှိရသည်။




မြန်မာ့ရိုးရာ ဆံပင်ပုံထားမှုတွင် ယောက်ျားကလေးများဆိုလျှင် ငယ်ရွယ်စဉ်တွင် ဦးစွန်းဖုတ်ထားရှိကြသည်။ အမျိုးသမီးများဆိုလျှင် ဆံရစ်ဝိုင်း၊ ဆံထောက်၊ အုပ်လုံးသိမ်းဆိုသော ထားသိုမှုပုံဆံများကို ထားရှိကြသည်။




မြန်မာ့ယဉ်ကျေးမှု ဆံပင်ထားသိုမှုတွင် အမျိုးသမီးငယ်များ အပျိုဖော်မဝင်ခင်တွင် ဆံရစ်ဝိုင်းများ ထားရှိကြသည်။ ထိုဆံရစ်ဝိုင်းသည် ကလေးသာသာအရွယ်ဆိုသည်ကို ပြသနေသည်။ အပျိုဖော်ဝင်သည်နှင့် ဆံထောက်ထားလေ့ရှိသည်။




ဆံထောက်ထားမှုသည် အပျိုဖြစ်ပြီဆိုသည်ကို ပြသနေပေသည်။ အပျိုဖြစ်ပြီဟု ပြောဆိုခြင်းပင်ဖြစ်သည်။ အပျိုဘဝကျော်လွန်ပါက အုပ်လုံးသိမ်းသည့် စနစ်များကို ယနေ့တိုင်ပြုလုပ်ကြသည်။ ခေတ်မီကာ ဆံကေသာ အမျိုးမျိုးထားနေသော လက်ရှိကာလတွင် နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာမှာ မြန်မာမှုဆံကေသာ ထားသည့်စနစ်အတိုင်း ဆံရစ်ဝိုင်း၊ ဆံထောက်များကို ယနေ့တိုင်ထိန်းသိမ်းကာ ထားရှိလျက်ရှိနေကြောင်း သိရသည်။


crd-MDN

Post a Comment

Previous Post Next Post