လူအေတာ္မ်ားမ်ားက ႏိုင္ငံရပ္ျခားကိုသြားၿပီးအလုပ္သြားေရာက္လုပ္ကိုင္ေနၾကသလို မေလး႐ွားႏိုင္ငံကလူအေတာ္မ်ားမ်ားဟာလည္း စင္ကာပူႏိုင္ငံသို႔သြားေရာက္ၿပီး အလုပ္လုပ္ကိုင္ေနၾကတာပါ ။ ႏိုင္ငံရပ္ျခားသို႔ အသြားအလာကန္႔သတ္ပိတ္ပင္လိုက္တဲ့အခ်ိန္မွာ မေလး႐ွားႏိုင္ငံကလူအေတာ္မ်ားမ်ားဟာ စင္ကာပူႏိုင္ငံမွာသာပိတ္မိေနခဲ့ၾကၿပီး ၎တို႔ရဲ႕မိသားစု ႏွင့္ ကေလးငယ္ေတြကို online ကေနသာ ဆက္သြယ္ေတြ႔ဆံုခြင့္ရခဲ့ၾကတာပါ ။


ထို႔ေၾကာင့္ Liow Cai Tung အမည္႐ွိတဲ့ မေလး႐ွားမွႏိုင္ငံေရးသမားအမ်ိဳးသမီးတစ္ဦးဟာ ကေလးငယ္ 9 ေယာက္ကို ၎တို႔ရဲ႕မိဘေတြနဲ႔ျပန္လည္ဆံုစည္းခြင့္ရေအာင္ ႀကိဳးစားေပးခဲ့ပါတယ္ ။ကေလးငယ္ 9 ဦးထဲကမွ အငယ္ဆံုးမွာ 6လသားအရြယ္သာ႐ွိေသးၿပီး ၊ အႀကီးဆံုးမွာေတာ့ 4ႏွစ္သားအရြယ္ ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ အထူးအခြင့္အေရးအေနနဲ႔ ႏွစ္ႏိုင္ငံလံုးမွခြင့္ျပဳခ်က္ရခဲ့လို႔ ကေလးငယ္ေတြဟာ မိဘေတြ႐ွိရာစင္ကာပူႏိုင္ငံသို႔


သြားေရာက္ေတြ႔ဆံုခြင့္ရ႐ွိခဲ့ၾကတာပါ ။ 6လသားအရြယ္ ကေလးငယ္အေၾကာင္းကိုေျပာျပရမယ္ဆိုရင္ေတာ့ ေမြးဖြားၿပီး 3 ရက္အၾကာမွာ ဖခင္ျဖစ္သူက စင္ကာပူႏိုင္ငံသို႔ သြားၿပီး အလုပ္ျပန္ဝင္ေနခဲ့ရတာပါ ။မိခင္ျဖစ္သူမွာလည္း မီးဖြားခြင့္တစ္လ ကုန္ဆံုးသြားခဲ့လို႔ အလုပ္ျပန္ဝင္ခဲ့ရၿပီး ကေလးငယ္ကိုအေဒၚျဖစ္သူေတြနား အပ္ထားခဲ့ရပါတယ္ ။


ကေလးငယ္မိဘေတြက ပိတ္ရက္အပတ္တိုင္းကေလးငယ္ဆီျပန္လာဖို႔ ဆံုးျဖတ္ခဲ့ေပမဲ့လည္း ကူးစက္ေရာဂါေၾကာင့္ အသြားအလာပိတ္ပင္တားျမစ္ခဲ့ခ်ိန္မွာ မေလး႐ွားသို႔မျပန္ႏိုင္ေတာ့ဘဲ ကေလးငယ္ႀကီးထြားလာတာကို ဖုန္းထဲကေနသာ ၾကည့္႐ႈခြင့္ရခဲ့ၾကတာပါ ။ဒါေၾကာင့္ ယခုလိုမိသားစုျပန္ဆံုေတြ႔ခြင့္ရေအာင္ ကူညီေပးခဲ့တဲ့ Liow ကို လူအေတာ္မ်ားမ်ားကခ်ီးက်ဴးစကားေျပာဆိုခဲ့ၾကၿပီး ၊ မိသားစုဝင္ေတြကလည္း ေက်းဇူးတင္တဲ့အေနနဲ႔ သူမကို မိသားစု selfie ဓာတ္ပံုေလးေတြ ေပးပို႔ခဲ့ၾကပါတယ္ ။

--------------------------------------------------------------------

လူအတော်များများက နိုင်ငံရပ်ခြားကိုသွားပြီးအလုပ်သွားရောက်လုပ်ကိုင်နေကြသလို မလေးရှားနိုင်ငံကလူအတော်များများဟာလည်း စင်ကာပူနိုင်ငံသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြတာပါ ။ နိုင်ငံရပ်ခြားသို့ အသွားအလာကန့်သတ်ပိတ်ပင်လိုက်တဲ့အချိန်မှာ မလေးရှားနိုင်ငံကလူအတော်များများဟာ စင်ကာပူနိုင်ငံမှာသာပိတ်မိနေခဲ့ကြပြီး ၎င်းတို့ရဲ့မိသားစု နှင့် ကလေးငယ်တွေကို online ကနေသာ ဆက်သွယ်တွေ့ဆုံခွင့်ရခဲ့ကြတာပါ ။

ထို့ကြောင့် Liow Cai Tung အမည်ရှိတဲ့ မလေးရှားမှနိုင်ငံရေးသမားအမျိုးသမီးတစ်ဦးဟာ ကလေးငယ် 9 ယောက်ကို ၎င်းတို့ရဲ့မိဘတွေနဲ့ပြန်လည်ဆုံစည်းခွင့်ရအောင် ကြိုးစားပေးခဲ့ပါတယ် ။ကလေးငယ် 9 ဦးထဲကမှ အငယ်ဆုံးမှာ 6လသားအရွယ်သာရှိသေးပြီး ၊ အကြီးဆုံးမှာတော့ 4နှစ်သားအရွယ် ဖြစ်ကြောင်းသိရှိရပါတယ် ။ အထူးအခွင့်အရေးအနေနဲ့ နှစ်နိုင်ငံလုံးမှခွင့်ပြုချက်ရခဲ့လို့ ကလေးငယ်တွေဟာ မိဘတွေရှိရာစင်ကာပူနိုင်ငံသို့



သွားရောက်တွေ့ဆုံခွင့်ရရှိခဲ့ကြတာပါ ။ 6လသားအရွယ် ကလေးငယ်အကြောင်းကိုပြောပြရမယ်ဆိုရင်တော့ မွေးဖွားပြီး 3 ရက်အကြာမှာ ဖခင်ဖြစ်သူက စင်ကာပူနိုင်ငံသို့ သွားပြီး အလုပ်ပြန်ဝင်နေခဲ့ရတာပါ ။မိခင်ဖြစ်သူမှာလည်း မီးဖွားခွင့်တစ်လ ကုန်ဆုံးသွားခဲ့လို့ အလုပ်ပြန်ဝင်ခဲ့ရပြီး ကလေးငယ်ကိုအဒေါ်ဖြစ်သူတွေနား အပ်ထားခဲ့ရပါတယ် ။


ကလေးငယ်မိဘတွေက ပိတ်ရက်အပတ်တိုင်းကလေးငယ်ဆီပြန်လာဖို့ ဆုံးဖြတ်ခဲ့ပေမဲ့လည်း ကူးစက်ရောဂါကြောင့် အသွားအလာပိတ်ပင်တားမြစ်ခဲ့ချိန်မှာ မလေးရှားသို့မပြန်နိုင်တော့ဘဲ ကလေးငယ်ကြီးထွားလာတာကို ဖုန်းထဲကနေသာ ကြည့်ရှုခွင့်ရခဲ့ကြတာပါ ။ဒါကြောင့် ယခုလိုမိသားစုပြန်ဆုံတွေ့ခွင့်ရအောင် ကူညီပေးခဲ့တဲ့ Liow ကို လူအတော်များများကချီးကျူးစကားပြောဆိုခဲ့ကြပြီး ၊ မိသားစုဝင်တွေကလည်း ကျေးဇူးတင်တဲ့အနေနဲ့ သူမကို မိသားစု selfie ဓာတ်ပုံလေးတွေ ပေးပို့ခဲ့ကြပါတယ် ။





Post a Comment

Previous Post Next Post