(Unicode)


ရှမ်းပြည်နယ်အတွင်း မဲပေးနိုင်သူစာရင်းကို ပြည့်စုံအောင် ကြိုးစားထုတ်ပြန်ထားပေမယ့် မဲဆန္ဒရှင် ၇ သိန်းကျော်ရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်တွေကို မဖော်ပြနိုင်ခဲ့ဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က RFA ကို ပြောပါတယ်။

တစ်ပြည်နယ်လုံး မဲပေးနိုင်သူ စုစုပေါင်း ၃၅ သိန်းကျော် ရှိတဲ့အထဲ ၂၀ ရာခိုင်နှုန်းနီးပါးက မှတ်ပုံတင် မရှိတာဖြစ်ပါတယ်။ မှတ်ပုံတင် မရှိသူတွေထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကလည်း ပါဝင်ပါတယ်။

မဲစာရင်းမှာ အမည်ပါဝင်နေသူတွေဟာ မှတ်ပုံတင် မပြနိုင်ဘူးဆိုရင်လည်း မဲပေးခွင့် ရရှိဖို့ စီစဉ်ထားတယ်လို့ ဦးထင်ကျော်က ပြောပါတယ်။

“မှတ်ပုံတင်မရှိပေမဲ့ နိုင်ငံသားဖြစ်တယ်ဆိုရင် သူ့မှာရှိတဲ့ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ အရန်မီးသတ်ကတ်၊ ပရဟိတကတ်တို့ အထောက်အထားကတ် တစ်ခုခုရှိရင် မဲပေးခွင့်ရှိတယ်။ အဲ့ဒီလိုမှ မရှိရင် ရက်ကွက်ထဲမှာနေတာ မှန်ကန်တယ်၊ နိုင်ငံသားဖြစ်တယ်၊ အသက် ၁၈ ပြည့်ပြီဆိုရင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ ပါရင် မဲပေးပိုင်ခွင့်ရှိတယ်၊ မဲစားရင်းထဲမှာ ပါပြီး၊ မဲသွားပေးတဲ့ အချိန်မှာ မဲရုံထဲမှာရှိတဲ့ ရွေးကောက်ပွဲကော်မတီ အဖွဲ့ဝင် မဲရှံမှူးနဲ့လည်းသိပြီး မဲရုံမှူးလက်မှတ်လေးနဲ့ဆိုရင် မဲပေးပိုင်ခွင့်ရှိတယ်။ အဲဒီလက်မှတ်ဟာ မဲပေးတဲ့နေ့မှာပဲ သုံးလို့ရပါမယ်။ ဒါတွေဟာ နိုင်ငံသားဖြစ်ရင် လောလောဆယ် မှတ်ပုံတင်မရှိလည်း မဲပေးပိုင်ခွင့်ရအောင် စီစဉ်ထားနေတယ်”

ရှမ်းပြည်နယ် အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါအဝင် မြို့နယ်အများအပြားမှာ မဲဆန္ဒရှင် အမည်စာရင်းထဲက မှတ်ပုံတင်နံပါတ် နေရာကွက်လပ် အတော်များများ ရှိခဲ့တာပါ။

ကျေးလက်ဒေသက မှတ်ပုံတင် မရှိသူတွေကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ရုံးက ကွင်းဆင်း ဆောင်ရွက်ပေးနေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဖွီးကျေးရွာအုပ်စုက အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူး တစ်ဦးက RFA ကို ပြောပါတယ်။

“လူဦးရေ စုစုပေါင်း တစ်ရာလောက် ရှိရင်တော့ ကျေးရွာထဲက ဘုန်းကြီးကျောင်းအထိ လာနေပြီး လုပ်ပေးတယ်၊ ကျေးရွာအုပ်စု တစ်ခုချင်းစီကို။ လူဦးရေ နှစ်ယောက် သုံးယောက်လောက် ရှိရင်တော့ လဝကရုံးအထိ သွားလုပ်ရမှာ”




မဲပေးခွင့် မဆုံးရှုံးစေဖို့အတွက် ပြီးခဲ့တဲ့လေးနှစ်အတွင်း စီမံချက်ချပြီး ထုတ်ပေးခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား အရေအတွက် ခြောက်သန်းနီးပါး ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သြဂုတ်လ ၅ ရက်နေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်တဲ့ ကပ်ဘေးကာလ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အွန်လိုင်းစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကတော့ နိုင်ငံသားတိုင်း မှတ်ပုံတင် ရရှိရေးဟာ အစိုးရရဲ့ တာဝန်ပဲလို့ RFA ကို ပြောပါတယ်။

“အစိုးရက သူလုပ်ပေးရမယ့် မှတ်ပုံတင်ကို လုပ်မပေးဘူး ဆိုကတည်းက ချွတ်ယွင်းမှု လို့ ပြောရမှာပေါ့။ အစိုးရရဲ့ ပျက်ကွက်မှုပေါ့နော်။ အသက် ၁၈ နှစ် ပြည့်ပြီဆိုရင် မှတ်ပုံတင် ရှိကိုရှိထားရမှာလေ။ မဲထည့်ရမယ့် အသက်၁၈ နှစ်ပြည့်ပြီ ဆိုရင်တော့ မှတ်ပုံတင် မလွဲမသွေ လုပ်ပေးရပါလိမ့်မယ်။ မှတ်ပုံတင်မရှိဘူး ဆိုရင်လည်းပဲ ရှိအောင်လုပ်ပေးရမယ့် ဝတ္တရားကတော့ သက်ဆိုင်ရာအစိုးရရဲ့ ဝတ္တရား ဖြစ်တယ်”

လူတိုင်း မှတ်ပုံတင်မရှိရတဲ့ အကြောင်းရင်းတွေထဲမှာ နယ်မြေ မတည်ငြိမ်တာ၊ ရုံးတည်ရှိရာ မြို့နဲ့ အလှမ်းဝေးတာ၊ ဗဟုသုတ နည်းပါးတာတွေလည်း ပါဝင်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။


(Zawgyi)


ရွမ္းျပည္နယ္အတြင္း မဲေပးနိုင္သူစာရင္းကို ျပည့္စုံေအာင္ ႀကိဳးစားထုတ္ျပန္ထားေပမယ့္ မဲဆႏၵရွင္ ၇ သိန္းေက်ာ္ရဲ့ နိုင္ငံသား စိစစ္ေရးကတ္ျပား (မွတ္ပုံတင္) အမွတ္ေတြကို မေဖာ္ျပနိုင္ခဲ့ဘူးလို့ ျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးထင္ေက်ာ္က RFA ကို ေျပာပါတယ္။

တစ္ျပည္နယ္လုံး မဲေပးနိုင္သူ စုစုေပါင္း ၃၅ သိန္းေက်ာ္ ရွိတဲ့အထဲ ၂၀ ရာခိုင္ႏွုန္းနီးပါးက မွတ္ပုံတင္ မရွိတာျဖစ္ပါတယ္။ မွတ္ပုံတင္ မရွိသူေတြထဲမွာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြကလည္း ပါဝင္ပါတယ္။

မဲစာရင္းမွာ အမည္ပါဝင္ေနသူေတြဟာ မွတ္ပုံတင္ မျပနိုင္ဘူးဆိုရင္လည္း မဲေပးခြင့္ ရရွိဖို့ စီစဥ္ထားတယ္လို့ ဦးထင္ေက်ာ္က ေျပာပါတယ္။

“မွတ္ပုံတင္မရွိေပမဲ့ နိုင္ငံသားျဖစ္တယ္ဆိုရင္ သူ႔မွာရွိတဲ့ ဝန္ထမ္းကတ္၊ ေက်ာင္းသားကတ္၊ အရန္မီးသတ္ကတ္၊ ပရဟိတကတ္တို့ အေထာက္အထားကတ္ တစ္ခုခုရွိရင္ မဲေပးခြင့္ရွိတယ္။ အဲ့ဒီလိုမွ မရွိရင္ ရက္ကြက္ထဲမွာေနတာ မွန္ကန္တယ္၊ နိုင္ငံသားျဖစ္တယ္၊ အသက္ ၁၈ ျပည့္ၿပီဆိုရင္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွူး ေထာက္ခံစာ ပါရင္ မဲေပးပိုင္ခြင့္ရွိတယ္၊ မဲစားရင္းထဲမွာ ပါၿပီး၊ မဲသြားေပးတဲ့ အခ်ိန္မွာ မဲ႐ုံထဲမွာရွိတဲ့ ေရြးေကာက္ပြဲေကာ္မတီ အဖြဲ႕ဝင္ မဲရွံမွူးနဲ႔လည္းသိၿပီး မဲ႐ုံမွူးလက္မွတ္ေလးနဲ႔ဆိုရင္ မဲေပးပိုင္ခြင့္ရွိတယ္။ အဲဒီလက္မွတ္ဟာ မဲေပးတဲ့ေန႔မွာပဲ သုံးလို့ရပါမယ္။ ဒါေတြဟာ နိုင္ငံသားျဖစ္ရင္ ေလာေလာဆယ္ မွတ္ပုံတင္မရွိလည္း မဲေပးပိုင္ခြင့္ရေအာင္ စီစဥ္ထားေနတယ္”

ရွမ္းျပည္နယ္ အတြင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြ အပါအဝင္ ၿမိဳ့နယ္အမ်ားအျပားမွာ မဲဆႏၵရွင္ အမည္စာရင္းထဲက မွတ္ပုံတင္နံပါတ္ ေနရာကြက္လပ္ အေတာ္မ်ားမ်ား ရွိခဲ့တာပါ။

ေက်းလက္ေဒသက မွတ္ပုံတင္ မရွိသူေတြကို ၿမိဳ့နယ္ လူဝင္မွုႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဦးစီးဌာန (လဝက) ႐ုံးက ကြင္းဆင္း ေဆာင္ရြက္ေပးေနတယ္လို့ ရွမ္းျပည္နယ္ေတာင္ပိုင္း ေက်းသီးၿမိဳ့နယ္ ဝမ္ဖြီးေက်းရြာအုပ္စုက အမည္မေဖာ္လိုသူ အုပ္ခ်ဳပ္ေရးမွူး တစ္ဦးက RFA ကို ေျပာပါတယ္။

“လူဦးေရ စုစုေပါင္း တစ္ရာေလာက္ ရွိရင္ေတာ့ ေက်းရြာထဲက ဘုန္းႀကီးေက်ာင္းအထိ လာေနၿပီး လုပ္ေပးတယ္၊ ေက်းရြာအုပ္စု တစ္ခုခ်င္းစီကို။ လူဦးေရ ႏွစ္ေယာက္ သုံးေယာက္ေလာက္ ရွိရင္ေတာ့ လဝက႐ုံးအထိ သြားလုပ္ရမွာ”

မဲေပးခြင့္ မဆုံးရွုံးေစဖို့အတြက္ ၿပီးခဲ့တဲ့ေလးႏွစ္အတြင္း စီမံခ်က္ခ်ၿပီး ထုတ္ေပးခဲ့တဲ့ နိုင္ငံသားစိစစ္ေရးကတ္ျပား အေရအတြက္ ေျခာက္သန္းနီးပါး ရွိတယ္လို့ အလုပ္သမား၊ လူဝင္မွုႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ၾသဂုတ္လ ၅ ရက္ေန႔ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ တက္ေရာက္တဲ့ ကပ္ေဘးကာလ ေရြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပနိုင္ေရး အြန္လိုင္းစကားဝိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမွူး စိုင္းလိတ္ကေတာ့ နိုင္ငံသားတိုင္း မွတ္ပုံတင္ ရရွိေရးဟာ အစိုးရရဲ့ တာဝန္ပဲလို့ RFA ကို ေျပာပါတယ္။

“အစိုးရက သူလုပ္ေပးရမယ့္ မွတ္ပုံတင္ကို လုပ္မေပးဘူး ဆိုကတည္းက ခၽြတ္ယြင္းမွု လို့ ေျပာရမွာေပါ့။ အစိုးရရဲ့ ပ်က္ကြက္မွုေပါ့ေနာ္။ အသက္ ၁၈ ႏွစ္ ျပည့္ၿပီဆိုရင္ မွတ္ပုံတင္ ရွိကိုရွိထားရမွာေလ။ မဲထည့္ရမယ့္ အသက္၁၈ ႏွစ္ျပည့္ၿပီ ဆိုရင္ေတာ့ မွတ္ပုံတင္ မလြဲမေသြ လုပ္ေပးရပါလိမ့္မယ္။ မွတ္ပုံတင္မရွိဘူး ဆိုရင္လည္းပဲ ရွိေအာင္လုပ္ေပးရမယ့္ ဝတၱရားကေတာ့ သက္ဆိုင္ရာအစိုးရရဲ့ ဝတၱရား ျဖစ္တယ္”

လူတိုင္း မွတ္ပုံတင္မရွိရတဲ့ အေၾကာင္းရင္းေတြထဲမွာ နယ္ေျမ မတည္ၿငိမ္တာ၊ ႐ုံးတည္ရွိရာ ၿမိဳ့နဲ႔ အလွမ္းေဝးတာ၊ ဗဟုသုတ နည္းပါးတာေတြလည္း ပါဝင္တယ္လို့ ဦးစိုင္းလိတ္က ေျပာပါတယ္။

Post a Comment

Previous Post Next Post