(Unicode)

ရခိုင်ပြည်နယ်မှ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများအနေနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အ စည်း၊ ကျန်းမာရေးဌာနများသို့ စက်တင်ဘာလ ၁၁ ရက်နေ့နောက်ဆုံးထားပြီး မပျက်မကွက် သတင်းပေးပို့သွားရမည်ဖြစ်ပြီး ကာယကံရှင်၊ ကာယကံရှင်မည်သူဖြစ်သည်ကို သိလျက်နှင့် ဖုံးကွယ်ထားသူများအနေနှင့် သတ်မှတ်ရက်အတွင်း သတင်းပို့ရန် ပျက်ကွက်ပါက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ကြေညာထားသည်။

စက်တင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းအစီအစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်တွေမှ ရန်ကုန်သို့ လေကြောင်းခရီး စဉ်ဖြင့် ပြန်လည်ရောက်ရှိပြီး ကျန်းမာရေးဌာနအား ဆက်သွယ်မှုမပြုလုပ်ဘဲ စာရင်းတွင် နောက်မှပါမှန်း သိရပါက အရေးယူမည်ဟု ပြော ဆိုခဲ့သေးသည်။ရခိုင်ပြည်နယ်မှ အခြားဒေသများသို့ ရောက်ရှိလာသူများ သတင်းပို့ရမည့်ရက် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

သတင်းမပို့သူများကို အရေးယူမည် ဖြစ် သကဲ့သို့ သိလျက်နှင့် ဖုံးကွယ်ထားသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာသည်။သြဂုတ်လ ၁၀ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ်မှ နေပြည်တော်နှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်အ သီးသီးသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများ၊ နေပြည်တော် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ရခိုင်ပြည်နယ်သို့ သွား ရောက်ခဲ့ပြီး မိမိနေရပ်ကို ပြန်လည်ရောက်ရှိနေသူများသည် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ကို သတင်းပို့ရန်ညွှန်ကြားခဲ့သည်။



ယင်းသို့ညွှန်ကြားခဲ့သော်လည်း ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ခရီးသွားရောက်ခဲ့သူ ၅,၄၀၉ ဦးရှိပြီး ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုရရှိခဲ့သူ ၂,၆၂၂ ဦးအနက် ၁,၅၇၄ ဦးသာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာ နများကိုသာ သတင်းပေးပို့ခဲ့ပြီး ကျန်လူများမှာ ဆက်သွယ်၍မရခြင်း၊ သတင်းပေးပို့မှု မရှိခြင်းတို့ရှိကြောင်း Covid-19 ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။


CRD: THE VOICE

(Zawgyi)


ရခိုင္ျပည္နယ္မွ အျခားတိုင္းေဒသႀကီး၊ ျပည္နယ္မ်ားသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနသူမ်ားအေနႏွင့္ သက္ဆိုင္ရာဌာန၊ အဖြဲ႕အ စည္း၊ က်န္းမာေရးဌာနမ်ားသို႔ စက္တင္ဘာလ ၁၁ ရက္ေန႔ေနာက္ဆုံးထားၿပီး မပ်က္မကြက္ သတင္းေပးပို႔သြားရမည္ျဖစ္ၿပီး ကာယကံရွင္၊ ကာယကံရွင္မည္သူျဖစ္သည္ကို သိလ်က္ႏွင့္ ဖုံးကြယ္ထားသူမ်ားအေနႏွင့္ သတ္မွတ္ရက္အတြင္း သတင္းပို႔ရန္ ပ်က္ကြက္ပါက သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒအရ အေရးယူမည္ဟု ထုတ္ျပန္ေၾကညာထားသည္။

စက္တင္ဘာလ ၇ ရက္ေန႔က ျပဳလုပ္သည့္ Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေစာင့္ေရွာက္ေရးအတြက္ Quarantine Center မ်ားႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးျခင္းအစီအစဥ္တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က စစ္ေတြမွ ရန္ကုန္သို႔ ေလေၾကာင္းခရီး စဥ္ျဖင့္ ျပန္လည္ေရာက္ရွိၿပီး က်န္းမာေရးဌာနအား ဆက္သြယ္မႈမျပဳလုပ္ဘဲ စာရင္းတြင္ ေနာက္မွပါမွန္း သိရပါက အေရးယူမည္ဟု ေျပာ ဆိုခဲ့ေသးသည္။ရခိုင္ျပည္နယ္မွ အျခားေဒသမ်ားသို႔ ေရာက္ရွိလာသူမ်ား သတင္းပို႔ရမည့္ရက္ သတ္မွတ္လိုက္ၿပီ ျဖစ္သည္။

သတင္းမပို႔သူမ်ားကို အေရးယူမည္ ျဖစ္ သကဲ့သို႔ သိလ်က္ႏွင့္ ဖုံးကြယ္ထားသူမ်ားကိုလည္း အေရးယူမည္ျဖစ္ေၾကာင္း အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ေၾကညာသည္။ၾသဂုတ္လ ၁၀ ရက္ေန႔မွစတင္ၿပီး ရခိုင္ျပည္နယ္မွ ေနျပည္ေတာ္ႏွင့္ အျခားတိုင္းေဒသႀကီး၊ ျပည္နယ္အ သီးသီးသို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရွိေနသူမ်ား၊ ေနျပည္ေတာ္ အျခားတိုင္းေဒသႀကီး၊ ျပည္နယ္မ်ားမွ ရခိုင္ျပည္နယ္သို႔ သြား ေရာက္ခဲ့ၿပီး မိမိေနရပ္ကို ျပန္လည္ေရာက္ရွိေနသူမ်ားသည္ သက္ဆိုင္ရာတာဝန္ရွိသူအဆင့္ဆင့္ကို သတင္းပို႔ရန္ၫႊန္ၾကားခဲ့သည္။

ယင္းသို႔ၫႊန္ၾကားခဲ့ေသာ္လည္း ရခိုင္ျပည္နယ္မွ ရန္ကုန္တိုင္းေဒသႀကီးသို႔ ခရီးသြားေရာက္ခဲ့သူ ၅,၄၀၉ ဦးရွိၿပီး က်န္းမာေရးႏွင့္ အားက စားဝန္ႀကီးဌာနမွ တယ္လီဖုန္းျဖင့္ ဆက္သြယ္မႈရရွိခဲ့သူ ၂,၆၂၂ ဦးအနက္ ၁,၅၇၄ ဦးသာ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာဌာ နမ်ားကိုသာ သတင္းေပးပို႔ခဲ့ၿပီး က်န္လူမ်ားမွာ ဆက္သြယ္၍မရျခင္း၊ သတင္းေပးပို႔မႈ မရွိျခင္းတို႔ရွိေၾကာင္း Covid-19 ကာကြယ္၊ ထိန္း ခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။


CRD: THE VOICE

Post a Comment

Previous Post Next Post