ပိုပိုကေတာ့ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူ တစ္ေယာက္ျဖစ္ပါတယ္။ သူမ အေနနဲ႔ အခုလို ျပဳခဲ့တဲ့ ကုသိုလ္ အလႉေတြေၾကာင့္ သူမရဲ႕ ေငြေၾကး အခက္အခဲေတြကိုလည္း ကိုဗစ္ ကာလမွာ အနည္းငယ္ ေျဖရွင္းေပးႏိုင္တယ္လို႔ ေျပာျပလာပါတယ္။ “အၿမဲတမ္း လႉေနလို႔လား မသိဘူး ကိုဗစ္ ကာလမွာ အခက္အခဲ အရမ္းႀကီး မရွိဘူး။ ပိုပို႔မွာ အေႂကြး မရွိဘူးလည္း မဟုတ္ဘူး အေႂကြးရွိတယ္။ ဒါေပမယ့္ ကိုဗစ္ ကာလမွာ အေႂကြး သိန္း(၄၀) ေတာင္ ဆပ္ၿပီးသြားၿပီ။ အေႂကြးကိုလည္း မျဖစ္ျဖစ္ေအာင္ကို ဆပ္တာ။ အခုခ်ိန္မွာ


ဘဏ္ထဲ ထည့္ထားရင္ေတာင္ ရတယ္ ဒါေပမယ့္ အေႂကြးက ျမန္ျမန္ၿပီးရင္ ၿပီးေရာေပါ့။ အဲဒီလို ျဖစ္တာကလည္း အၿမဲတမ္း လႉေနလို႔ လည္းပါတယ္။ လႉတဲ့ အက်ိဳးေတြ က ျပန္ေရာက္လာတာ။ ကိုယ္ ေကာင္းတာလုပ္ရင္ေတာ့ ေကာင္းတဲ့အရာကို ျပန္ခံစားရပါတယ္” လို႔ သူက ဆိုပါတယ္။ ကိုဗစ္ ဒုတိယလႈိင္းမွာေတာ့ ပိုပိုဟာ ဂီတအလုပ္ေတြ လုံးဝ ရပ္နားလိုက္တယ္လို႔ သိရပါတယ္။ သူမရဲ႕ သီခ်င္းေတြကေန ရရွိလာတဲ့ ဝင္ေငြနဲ႔ အဆင္ေျပေအာင္ ရပ္တည္ေနတယ္လို႔လည္း ဆက္လက္ ေျပာျပလာပါေသးတယ္။ “ ကိုဗစ္ ကာလမွာ

ပိုပိုက အခု Ringtune ေတြ၊ You Tube ေတြကေန ပိုက္ဆံရတယ္။ အဲဒီက ရတဲ့ ပိုက္ဆံေတြနဲ႔ ပိုပိုက သုံးလည္း သုံးတယ္ လႉလည္း လႉတယ္။ တစ္ေယာက္တည္း ဆိုေတာ့ လုံေလာက္တယ္၊ မပိုလွ်ံဘူးေပါ့။ ဒီၾကားထဲမွာ ပိုက္ဆံ အရမ္းႀကီး မရွိဘူးဆိုေပမယ့္ မဟာဝိဟာရမွာ ေက်ာင္းေျမ လႉလိုက္ေသးတယ္။ အဲဒီတုန္းကဆိုရင္ ပိုက္ဆံက သိပ္မရွိဘူး ဒါေပမယ့္ ကိုယ့္စိတ္ထဲကေန မရွိ ရွိတာ လႉမယ္ကြာ ဆိုၿပီးေတာ့ စိတ္ဆုံးျဖတ္လိုက္တာ။ အဲဒီ အလႉၿပီးေတာ့ အလုပ္ေတြက အရမ္းဝင္လာတယ္။ ၿပီးေတာ့ အိမ္ေရွ႕မွာလည္း

တန္းဆြမ္းေတြ မျပတ္ေလာင္းတယ္။ သိပ္မၾကာေသးခင္က တန္းဆြမ္းေတြ မႂကြေတာ့ဘူး သိရေတာ့ ဆန္အိတ္ေတြ၊ ဆီပုံေတြနဲ႔ ပိုက္ဆံေတြကို အဲဒီ တန္းဆြမ္းႂကြတဲ့ ဘုန္းႀကီးေက်ာင္းကို သြားလႉလိုက္တယ္” လို႔ သူက ဆိုပါတယ္။ ပိုပိုဟာ ကိုဗစ္ ကာလမွာ စားဝတ္ေနေရး အခက္အခဲ ႀကဳံေနရသူေတြအတြက္ အလႉအတန္းေတြ အမ်ားႀကီး လုပ္သူတစ္ေယာက္ျဖစ္ပါတယ္။ သူမကိုေတာ့ ပထမဆုံးတစ္ကိုယ္ေတာ္ေတးစီးရီးျဖစ္တဲ့

ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အေခြမွာကတည္းက ပရိသတ္ေတြက အားေပးခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီေနာက္ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယို အယ္လ္ဘမ္ တို႔ကို ထြက္ရွိခဲ့ၿပီးေတာ့ Master Piece မီနီအယ္လ္ဘမ္လည္း ထြက္ရွိထားပါတယ္။သူမက ဂီတပိုင္းမွာသာမက ဇာတ္ကား႐ိုက္ကူးမႈေတြလည္း လုပ္လာသူပါ။ ဂီတေလာကမွာလည္း ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္မႈ ရရွိေနတဲ့ လူငယ္အဆိုေတာ္ တစ္ေယာက္လည္းျဖစ္ပါတယ္။

---------------------------------------------------------------

ပိုပိုကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ သူမ အနေနဲ့ အခုလို ပြုခဲ့တဲ့ ကုသိုလ် အလှူတွေကြောင့် သူမရဲ့ ငွေကြေး အခက်အခဲတွေကိုလည်း ကိုဗစ် ကာလမှာ အနည်းငယ် ဖြေရှင်းပေးနိုင်တယ်လို့ ပြောပြလာပါတယ်။ “အမြဲတမ်း လှူနေလို့လား မသိဘူး ကိုဗစ် ကာလမှာ အခက်အခဲ အရမ်းကြီး မရှိဘူး။ ပိုပို့မှာ အကြွေး မရှိဘူးလည်း မဟုတ်ဘူး အကြွေးရှိတယ်။ ဒါပေမယ့် ကိုဗစ် ကာလမှာ အကြွေး သိန်း(၄၀) တောင် ဆပ်ပြီးသွားပြီ။ အကြွေးကိုလည်း မဖြစ်ဖြစ်အောင်ကို ဆပ်တာ။ အခုချိန်မှာ



ဘဏ်ထဲ ထည့်ထားရင်တောင် ရတယ် ဒါပေမယ့် အကြွေးက မြန်မြန်ပြီးရင် ပြီးရောပေါ့။ အဲဒီလို ဖြစ်တာကလည်း အမြဲတမ်း လှူနေလို့ လည်းပါတယ်။ လှူတဲ့ အကျိုးတွေ က ပြန်ရောက်လာတာ။ ကိုယ် ကောင်းတာလုပ်ရင်တော့ ကောင်းတဲ့အရာကို ပြန်ခံစားရပါတယ်” လို့ သူက ဆိုပါတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာတော့ ပိုပိုဟာ ဂီတအလုပ်တွေ လုံးဝ ရပ်နားလိုက်တယ်လို့ သိရပါတယ်။ သူမရဲ့ သီချင်းတွေကနေ ရရှိလာတဲ့ ဝင်ငွေနဲ့ အဆင်ပြေအောင် ရပ်တည်နေတယ်လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ “ ကိုဗစ် ကာလမှာ



ပိုပိုက အခု Ringtune တွေ၊ You Tube တွေကနေ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံတွေနဲ့ ပိုပိုက သုံးလည်း သုံးတယ် လှူလည်း လှူတယ်။ တစ်ယောက်တည်း ဆိုတော့ လုံလောက်တယ်၊ မပိုလျှံဘူးပေါ့။ ဒီကြားထဲမှာ ပိုက်ဆံ အရမ်းကြီး မရှိဘူးဆိုပေမယ့် မဟာဝိဟာရမှာ ကျောင်းမြေ လှူလိုက်သေးတယ်။ အဲဒီတုန်းကဆိုရင် ပိုက်ဆံက သိပ်မရှိဘူး ဒါပေမယ့် ကိုယ့်စိတ်ထဲကနေ မရှိ ရှိတာ လှူမယ်ကွာ ဆိုပြီးတော့ စိတ်ဆုံးဖြတ်လိုက်တာ။ အဲဒီ အလှူပြီးတော့ အလုပ်တွေက အရမ်းဝင်လာတယ်။ ပြီးတော့ အိမ်ရှေ့မှာလည်း



တန်းဆွမ်းတွေ မပြတ်လောင်းတယ်။ သိပ်မကြာသေးခင်က တန်းဆွမ်းတွေ မကြွတော့ဘူး သိရတော့ ဆန်အိတ်တွေ၊ ဆီပုံတွေနဲ့ ပိုက်ဆံတွေကို အဲဒီ တန်းဆွမ်းကြွတဲ့ ဘုန်းကြီးကျောင်းကို သွားလှူလိုက်တယ်” လို့ သူက ဆိုပါတယ်။ ပိုပိုဟာ ကိုဗစ် ကာလမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် အလှူအတန်းတွေ အများကြီး လုပ်သူတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့



ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အခွေမှာကတည်းက ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

Post a Comment

Previous Post Next Post