(Unicode)

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ ဒီနေ့(ဩဂုတ်လ ၃၁ ရက်) ကတော့ သရုပ်ဆောင် စိုးမြတ်သူဇာရဲ့ အသက်(၄၉) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ စိုးမြတ်သူဇာ အနေနဲ့ အသက်အရွယ်ရလာတာနဲ့ အမျှ သရုပ်ဆောင် ကျော်ဟိန်းကို အတုယူနေမိတယ်လို့ ဆိုပါတယ်။




“အခုချိန်မှာ ဦးကျော်ဆုံးသွားပြီးကတည်းက မကြီးရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားသလဲဆိုတော့ သူက အရှေ့ကနေ လမ်းပြပေးတယ်၊ လမ်းဖောက်သွားတယ်။ အသိတရားလေးပေးတယ်ပေါ့နော်။ အခု သူက သေသွားပြီ မကြီးတို့ ဘာလုပ်ရမလဲ။ သူသွားတဲ့ လမ်းအတိုင်းသွားဖို့ မကြီးတို့ အဆင်သင့်ဖြစ်ပြီလား။ သူကတော့ အရှေ့ကနေ လုပ်ပြသွားတယ် လိုက်လုပ်ဖို့က ကိုယ့်တာဝန်။ သူပြသွားတဲ့ လမ်းကြောင်းကို မကြီးတို့ လိုက်ဖို့၊ သူ့ကို အတုယူဖို့ ကြိုးစားရတော့မယ်” လို့ ဆိုပါတယ်။




“ ဦးကျော်ဆိုရင် သူ အများကြီး ပြင်ဆင်သွားခဲ့တာ။ အလုပ်ဆိုရင် သူလုပ်နိုင်တာကို သူလုပ်သွားတယ်။ ပြီးရင် သူဖြတ်သင့်တဲ့အရာကို ဖြတ်တယ်။ သူများတွေကို မကြည့်နဲ့ဦး သူ့ကို အတုယူပြီး သူ့လမ်းကြောင်းအတိုင်းလိုက်နိုင်အောင် အရင်ဆုံး ကြိုးစားရမယ်။ ကျန်တာတွေက အရမ်းမြင့်လွန်းပါတယ်။ ဦးကျော်ရဲ့ လမ်းကြောင်းအတိုင်း လိုက်နိုင်ဖို့ဆိုတာ သိပ်ပြီးတော့ မလွယ်လှပါဘူး။ အဲဒီ အသိတရားလေးတွေ မကြီး ရသွားတယ်” လို့လည်း ဆက်လက် ပြောပြသွားခဲ့ပါတယ်။

Mg Kaung


(Zawgyi)

စိုးျမတ္သူဇာရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၄၀ ခန႔္ရွိၿပီျဖစ္ပါတယ္။ သူမဟာ လက္ရွိအခ်ိန္အထိ ပရိသတ္အခိုင္အမာ ရရွိထားသူ တစ္ေယာက္ပါ။ ဒီေန႔(ဩဂုတ္လ ၃၁ ရက္) ကေတာ့ သ႐ုပ္ေဆာင္ စိုးျမတ္သူဇာရဲ႕ အသက္(၄၉) ႏွစ္ျပည့္ေမြးေန႔ျဖစ္ပါတယ္။ စိုးျမတ္သူဇာ အေနနဲ႔ အသက္အ႐ြယ္ရလာတာနဲ႔ အမွ် သ႐ုပ္ေဆာင္ ေက်ာ္ဟိန္းကို အတုယူေနမိတယ္လို႔ ဆိုပါတယ္။


“အခုခ်ိန္မွာ ဦးေက်ာ္ဆုံးသြားၿပီးကတည္းက မႀကီးရဲ႕ စိတ္ထဲမွာ ဘယ္လိုျဖစ္သြားသလဲဆိုေတာ့ သူက အေရွ႕ကေန လမ္းျပေပးတယ္၊ လမ္းေဖာက္သြားတယ္။ အသိတရားေလးေပးတယ္ေပါ့ေနာ္။ အခု သူက ေသသြားၿပီ မႀကီးတို႔ ဘာလုပ္ရမလဲ။ သူသြားတဲ့ လမ္းအတိုင္းသြားဖို႔ မႀကီးတို႔ အဆင္သင့္ျဖစ္ၿပီလား။ သူကေတာ့ အေရွ႕ကေန လုပ္ျပသြားတယ္ လိုက္လုပ္ဖို႔က ကိုယ့္တာဝန္။ သူျပသြားတဲ့ လမ္းေၾကာင္းကို မႀကီးတို႔ လိုက္ဖို႔၊ သူ႔ကို အတုယူဖို႔ ႀကိဳးစားရေတာ့မယ္” လို႔ ဆိုပါတယ္။



“ ဦးေက်ာ္ဆိုရင္ သူ အမ်ားႀကီး ျပင္ဆင္သြားခဲ့တာ။ အလုပ္ဆိုရင္ သူလုပ္ႏိုင္တာကို သူလုပ္သြားတယ္။ ၿပီးရင္ သူျဖတ္သင့္တဲ့အရာကို ျဖတ္တယ္။ သူမ်ားေတြကို မၾကည့္နဲ႔ဦး သူ႔ကို အတုယူၿပီး သူ႔လမ္းေၾကာင္းအတိုင္းလိုက္ႏိုင္ေအာင္ အရင္ဆုံး ႀကိဳးစားရမယ္။ က်န္တာေတြက အရမ္းျမင့္လြန္းပါတယ္။ ဦးေက်ာ္ရဲ႕ လမ္းေၾကာင္းအတိုင္း လိုက္ႏိုင္ဖို႔ဆိုတာ သိပ္ၿပီးေတာ့ မလြယ္လွပါဘူး။ အဲဒီ အသိတရားေလးေတြ မႀကီး ရသြားတယ္” လို႔လည္း ဆက္လက္ ေျပာျပသြားခဲ့ပါတယ္။

Mg Kaung

Post a Comment

Previous Post Next Post