(Unicode)

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၅၆) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၀၉) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၃၇၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၇) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၁) ခု နှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၉) ခု စုစုပေါင်း (၁,၃၉၁)ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာတွင် အတည်ပြုလူနာသစ် (၁၃၆)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။



ထို့ကြောင့် စက်တင်ဘာလ ၁၃ ရက် ည ၈နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂,၉၃၂) ဦးရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၆၉၉) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

(၁၂-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၃-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၇၀) ဦးရှိပါသည်။



ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး ထပ်မံထုတ်ပြန် မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။


(Zawgyi)


ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၅၅၆) ခု၊ ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၃၀၉) ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) မွ ဓာတ္ခြဲနမူနာ (၃၇၂) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ စစ္ေတြၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၄၇) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ေက်ာက္ျဖဴၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၂၁) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ မူဆယ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၂၂) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ေတာင္ငူၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၅) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ျပင္ဦးလြင္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ဗန္းေမာ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၁) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ၿမိတ္ၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၄) ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ျမစ္ႀကီးနားၿမိဳ႕မွ ဓာတ္ခြဲနမူနာ (၃) ခု၊ ေနျပည္ေတာ္ ျပည္သူ႔ေဆး႐ုံႀကီး (ခုတင္ ၁၀၀၀)မွ ဓာတ္ခြဲနမူနာ (၁၁) ခု ႏွင့္ အမွတ္(၂) တပ္မေတာ္ေဆး႐ုံႀကီး (ကုတင္-၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၃၉) ခု စုစုေပါင္း (၁,၃၉၁)ခု အား ယေန႔ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာတြင္ အတည္ျပဳလူနာသစ္ (၁၃၆)ဦး ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။



ထို႔ေၾကာင့္ စက္တင္ဘာလ ၁၃ ရက္ ည ၈နာရီအထိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၂,၉၃၂) ဦးရွိၿပီ ျဖစ္ပါသည္။

ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ားအနက္ စုစုေပါင္း (၆၉၉) ဦးအား ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ပါသည္။

(၁၂-၉-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၁၃-၉-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၂၇၀) ဦးရွိပါသည္။



ဓာတ္ခြဲစစ္ေဆးမႈမ်ားၿပီးစီးခ်ိန္ႏွင့္ သတင္းထုတ္ျပန္ခ်ိန္အၾကား အခ်ိန္တိုေတာင္းျခင္း ေၾကာင့္ ဓာတ္ခြဲအတည္ျပဳလူနာသစ္မ်ား၏ သတင္းအခ်က္အလက္မ်ားကို ျပဳစုလ်က္ရွိၿပီး ထပ္မံထုတ္ျပန္ မည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္သည္။

Post a Comment

Previous Post Next Post