မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ့နယ္၊ စမ္းကုန္းေက်းရြာက အသက္(၁၈)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး မွာ Covid-19 ေရာဂါပိုး ေတြ႕ရွိရတယ္လို့ ၊ တိုင္းက်န္းမာေရးဦးစီးဌာနက စက္တင္ဘာ(၂၆)ရက္၊ ည(၈)နာရီက သတင္းထုတ္ျပန္ပါတယ္။
အဲဒီ အမ်ိဳးသားဟာ ရန္ကုန္တိုင္းေဒသႀကီး ကေန စက္တင္ဘာလ(၄) ရက္ ညက မေကြးၿမိဳ့နယ္၊ မက်ည္းကန္ေက်းရြာက အတည္ျပဳလူနာ အမ်ိဳးသမီးနဲ႔အတူ ျမရတနာယာဥ္လိုင္းနဲ႔ လိုက္ပါလာသူျဖစ္ၿပီး စက္တင္ဘာလ (၅) ရက္မွာ ေက်းရြာက အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေရးစခန္းမွာ ေနထိုင္ခဲ့သူ ျဖစ္ပါတယ္။
ေမာင္ေတာ္ယာဥ္ အတူစီးလာသူ မက်ည္းကန္ေက်းရြာက အမ်ိဳးသမီးမွာ ကိုဗစ္-၁၉ ပိုးေတြ႕ရွိတယ္လို့ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တာေၾကာင့္စက္တင္ဘာ(၁၇)ရက္မွာ ေတာင္တြင္းႀကီး ၿမိဳ့ အ.ထ.က(၁) အသြားအလာကန႔္သတ္ေစာင့္ၾကည့္ေရး စခန္း ကို ေခၚယူေစာင့္ၾကည့္တာေတြ ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို့ သိရပါတယ္။
အဲဒီေနာက္ ဓာတ္ခြဲနမူနာေတြကိုရယူ စစ္ေဆးခဲ့ၿပီး စက္တင္ဘာ(၂၆)ရက္၊ ည(၈)နာရီမွာ ထုတ္ျပန္တဲ့ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ့ အတည္ျပဳလူနာ စာရင္မွာ ပါဝင္ခဲ့တာလို့ ၿမိဳ့နယ္ Covid-19 အေရးေပၚတုန္႔ျပန္ကာကြယ္ေရးေကာ္မတီက သိရပါတယ္။ လက္ရွိ အတည္ျပဳ လူနာကို ေတာင္တြင္းႀကီးၿမိဳ့နယ္ ျပည္သူ႔ေဆး႐ုံက သီးျခားအေဆာင္မွာ ေဆးကုသမွုေတြ ျပဳလုပ္ေပးသြားမယ္လို့ သိရပါတယ္။
ေက်ာ္ေဇယ်ာ(ေတာင္တြင္းႀကီး)
@One News Myanmar
-------------------------------------------------------------------
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စမ်းကုန်းကျေးရွာက အသက်(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး မှာ Covid-19 ရောဂါပိုး တွေ့ရှိရတယ်လို့ ၊ တိုင်းကျန်းမာရေးဦးစီးဌာနက စက်တင်ဘာ(၂၆)ရက်၊ ည(၈)နာရီက သတင်းထုတ်ပြန်ပါတယ်။
အဲဒီ အမျိုးသားဟာ ရန်ကုန်တိုင်းဒေသကြီး ကနေ စက်တင်ဘာလ(၄) ရက် ညက မကွေးမြို့နယ်၊ မကျည်းကန်ကျေးရွာက အတည်ပြုလူနာ အမျိုးသမီးနဲ့အတူ မြရတနာယာဉ်လိုင်းနဲ့ လိုက်ပါလာသူဖြစ်ပြီး စက်တင်ဘာလ (၅) ရက်မှာ ကျေးရွာက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။
မောင်တော်ယာဉ် အတူစီးလာသူ မကျည်းကန်ကျေးရွာက အမျိုးသမီးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာကြောင့်စက်တင်ဘာ(၁၇)ရက်မှာ တောင်တွင်းကြီး မြို့ အ.ထ.က(၁) အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း ကို ခေါ်ယူစောင့်ကြည့်တာတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ဓာတ်ခွဲနမူနာတွေကိုရယူ စစ်ဆေးခဲ့ပြီး စက်တင်ဘာ(၂၆)ရက်၊ ည(၈)နာရီမှာ ထုတ်ပြန်တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အတည်ပြုလူနာ စာရင်မှာ ပါဝင်ခဲ့တာလို့ မြို့နယ် Covid-19 အရေးပေါ်တုန့်ပြန်ကာကွယ်ရေးကော်မတီက သိရပါတယ်။ လက်ရှိ အတည်ပြု လူနာကို တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံက သီးခြားအဆောင်မှာ ဆေးကုသမှုတွေ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
ကျော်ဇေယျာ(တောင်တွင်းကြီး)
@One News Myanmar
Post a Comment