(Unicode)

မကွေး ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်ရှိ BMB (Beauty Spa) အနှိပ်ခန်းကို ရဲဝင်ဖမ်း

မကွေး၊ စက်တင်ဘာလ ၄ ရက် မကွေးတိုင်းဒေသကြီးတွင် ကူးစက်အတည်ပြုလူနာ (၂) ဦး ထပ်မံတွေ့ရှိလာရပြီးနောက် တိုင်းအတွင်း Covid – 19 ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား ဖောက်ဖျက်သူများကို ရဲက ဖော်ထုတ်ဖမ်းဆီးခဲ့ရာ



ယမန်နေ့ည က မကွေး ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်ရှိ BMB (Beauty Spa) အနှိပ်ခန်းကို သတင်းအရ ဝင်ဖမ်းခဲ့သည်ဟု မကွေးတိုင်းရဲက ဆိုသည်။



တာဝန်ရှိသူများက ဟိုတယ် တတိယထပ်တွင် BMB (Beauty Spa) အမည်ဖြင့် အနှိပ်ခန်း လုပ်ငန်းလုပ်ကိုင်နေကြသည့် ဝင်းဖြိုးနောင်ပါ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁၀) ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး အများပြည်သူအကျိုးအတွက် နောင်ကြဉ်နိုင်စေရေး မကွေးမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်ထားသည်ဟု တိုင်းရဲက ပြောသည်။


(Zawgyi)










Post a Comment

Previous Post Next Post