(Unicode)

ယနေ့ နံနက်ပိုင်း ကိုဗစ် ထပ်တိုးလူနာသစ် ၄၅ ဦးထပ်မံတွေ့ပြီး ရန်ကုန်က ၃၈ ဦးတွေ့ရှိ

ယနေ့ နံနက်ပိုင်း ကိုဗစ် ထပ်တိုးလူနာသစ် ၄၅ ဦးထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကိုဗစ်အတည်ပြုလူနာသစ် ၄၅ ဦးတွင် ရန်ကုန်မှ ၃၈ ဦး ၊ ရခိုင်မှ ၅ ဦး၊ ရှမ်း နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ၁ ဦးစီပါဝင်တယ်လို့ဆိုပါတယ်။



၅-၉-၂၀၂၀ ရက်နေ့၊ နံနက် ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ၄-၉-၂၀၂၀ ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန် NHL မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၇၇၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန မော်လမြိုင်မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၆၃ ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၁၁၆ ခု



ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ ၂ ခု၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ကုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၅၂ ခု၊ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ကုတင်-၁၀၀၀ ၊ နေပြည်တော်မှ ဓာတ်ခွဲနမူနာ ၃၂၅ ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ် ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၅ ဦးတွေ့ရှိခြင်းဖြစ်ပါတယ်။

၅-၉-၂၀၂၀ ရက်နေ့၊ နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၂၁၆ ဦး ရှိပြီဖြစ်ကာ သေဆုံးသူ ၇ ဦးရှိပါတယ်။ TNO

၅.၉. ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၈.၁ဝနာရီအထိ ရရှိသောစာရင်းများအရ ကမ္ဘာတစ်ဝန်းဖြစ်ပွားသူပေါင်း ၂၆.၇ သန်းကျော်။ သေဆုံးသူပေါင်း ၈.၇ သိန်းကျော် ရှိပါပြီ။


(Zawgyi)


ယေန႔ နံနက္ပိုင္း ကိုဗစ္ ထပ္တိုးလူနာသစ္ ၄၅ ဦးထပ္မံေတြ႕ၿပီး ရန္ကုန္က ၃၈ ဦးေတြ႕ရွိ

ယေန႔ နံနက္ပိုင္း ကိုဗစ္ ထပ္တိုးလူနာသစ္ ၄၅ ဦးထပ္မံေတြ႕ရွိတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

အဆိုပါ ကိုဗစ္အတည္ျပဳလူနာသစ္ ၄၅ ဦးတြင္ ရန္ကုန္မွ ၃၈ ဦး ၊ ရခိုင္မွ ၅ ဦး၊ ရွမ္း ႏွင့္ ပဲခူးတိုင္းေဒသႀကီးတို႔မွ ၁ ဦးစီပါဝင္တယ္လို႔ဆိုပါတယ္။



၅-၉-၂၀၂၀ ရက္ေန႔၊ နံနက္ ၈ နာရီ သတင္းထုတ္ျပန္ခ်က္အရ ၄-၉-၂၀၂၀ ရက္ေန႔အတြက္ ကိုဗစ္ ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန ရန္ကုန္ NHL မွ ဒုတိယအသုတ္ ဓာတ္ခြဲ နမူနာ ၇၇၅ ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန ေမာ္လၿမိဳင္မွ ဒုတိယအသုတ္ ဓာတ္ခြဲနမူနာ ၁၆၃ ခု၊ ျပည္သူ႔ေဆး႐ုံႀကီး၊ စစ္ေတြၿမိဳ႕မွ ဓာတ္ခြဲနမူနာ ၁၁၆ ခု



ျပည္သူ႔ေဆး႐ုံႀကီး၊ ေတာင္ငူၿမိဳ႕မွ ဓာတ္ခြဲနမူနာ ၂ ခု၊ အမွတ္ ၁ တပ္မေတာ္ေဆး႐ုံႀကီး ကုတင္-၁၀၀၀ မွ ဓာတ္ခြဲနမူနာ ၁၅၂ ခု၊ အမွတ္ ၂ တပ္မေတာ္ေဆး႐ုံႀကီး ကုတင္-၁၀၀၀ ၊ ေနျပည္ေတာ္မွ ဓာတ္ခြဲနမူနာ ၃၂၅ ခုတို႔အား ထပ္မံ စစ္ေဆးၿပီးစီးခဲ့ရာ ကိုဗစ္ ေရာဂါဓာတ္ခြဲအတည္ျပဳလူနာသစ္ ၄၅ ဦးေတြ႕ရွိျခင္းျဖစ္ပါတယ္။

၅-၉-၂၀၂၀ ရက္ေန႔၊ နံနက္ ၈ နာရီအထိ ျမန္မာနိုင္ငံတြင္ ကိုဗစ္ ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ၁၂၁၆ ဦး ရွိၿပီျဖစ္ကာ ေသဆုံးသူ ၇ ဦးရွိပါတယ္။ TNO



၅.၉. ၂၀ ရက္ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၈.၁ဝနာရီအထိ ရရွိေသာစာရင္းမ်ားအရ ကမၻာတစ္ဝန္းျဖစ္ပြားသူေပါင္း ၂၆.၇ သန္းေက်ာ္။ ေသဆုံးသူေပါင္း ၈.၇ သိန္းေက်ာ္ ရွိပါၿပီ။

Post a Comment

Previous Post Next Post