(Zawgyi)

Friday, September 18, 2020

ယေန႔ မနက္ (၀၆း၁၃)နာရီအခ်ိန္ ဂ်ိဳးျဖဴေက်း႐ြာအနီး၊မိုင္တိုင္အမွတ္(၅၂)မိုင္၊ (၄) ဖာလုံအနီးတြင္ ကား (၁) စီး မီးေလာင္မႈ ့ျဖစ္ပြားေနေၾကာင္း သတင္း ရရွိသျဖင့္ တိုက္ႀကီးၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕စခန္းမွ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ဦးႏိုင္ဦး ဦးေဆာင္၍ မီးသတ္တပ္ဖြဲ႕ဝင္ (၁၂) ဦးႏွင့္အတူ မီးၿငိမ္းသတ္ယာဥ္ (၁) စီးျဖင့္ ထြက္ခြာ ျငိမ္းသတ္ခဲ့ပါသည္။

ျဖစ္စဥ္မွာ အင္ဂ်င္အပူလြန္ကဲၿပီး ဒိုင္နမိုႀကိဳးကာဘာ ေပ်ာ္ၾကၿပီး ဝါယာႀကိဳးမ်ားမွ စတင္ေလာင္ကြၽမ္းၿပီး ကားမွန္ႏွင့္ ဆိုဖာထိုင္ခုံမ်ား၊ ေရွ႕ေလကာမွန္ႏွင့္ ေဘးမွန္မ်ား၊ (DashBord) မ်ား မီးေလာင္ခံရၿပီး ဆုံးရႈံးမႈတန္ဖိုး (၁၈) သိန္းခန္႔ ဆုံးရႈံးခဲ့ပါသည္။


ကားမွာ ဝမ္ဟီးအထည္ခ်ဳပ္စက္႐ုံ၏ ဝန္ထမ္းအႀကိဳအပို႔ ကားျဖစ္ၿပီး ဥကၠံဘက္ မွ ရန္ကုန္ဘက္သို႔ ေမာင္းႏွင္လာစဥ္ မီးေလာင္မႈျဖစ္ပြားျခင္း ျဖစ္ပါသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သတ္၍ ယာဥ္ေမာင္း ကိုသိန္းေဇာ္ထက္အား ပ/၁၅၆၃/၂၀၂၀/၂၈၅ ျဖင့္ အေရးယူ ေဆာင္႐ြက္ထားပါသည္။

အဆိုပါျဖစ္စဥ္သို႔ မီးၿငိမ္းသတ္ယာဥ္ (၁) စီး၊ေရသယ္ယာဥ္ (၁) စီးတို႔ျဖင့္ ျငိမ္းသတ္ခဲ့ရၿပီး၊လူထိခိုက္မႈမရွိေၾကာင္း သတင္းရရွိပါသည္။


(Unicode)

Friday, September 18, 2020

ယနေ့ မနက် (၀၆း၁၃)နာရီအချိန် ဂျိုးဖြူကျေးရွာအနီး၊မိုင်တိုင်အမှတ်(၅၂)မိုင်၊ (၄) ဖာလုံအနီးတွင် ကား (၁) စီး မီးလောင်မှု့ဖြစ်ပွားနေကြောင်း သတင်း ရရှိသဖြင့် တိုက်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၁၂) ဦးနှင့်အတူ မီးငြိမ်းသတ်ယာဉ် (၁) စီးဖြင့် ထွက်ခွာ ငြိမ်းသတ်ခဲ့ပါသည်။

ဖြစ်စဉ်မှာ အင်ဂျင်အပူလွန်ကဲပြီး ဒိုင်နမိုကြိုးကာဘာ ပျော်ကြပြီး ဝါယာကြိုးများမှ စတင်လောင်ကျွမ်းပြီး ကားမှန်နှင့် ဆိုဖာထိုင်ခုံများ၊ ရှေ့လေကာမှန်နှင့် ဘေးမှန်များ၊ (DashBord) များ မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး (၁၈) သိန်းခန့် ဆုံးရှုံးခဲ့ပါသည်။

ကားမှာ ဝမ်ဟီးအထည်ချုပ်စက်ရုံ၏ ဝန်ထမ်းအကြိုအပို့ ကားဖြစ်ပြီး ဥက္ကံဘက် မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ယာဉ်မောင်း ကိုသိန်းဇော်ထက်အား ပ/၁၅၆၃/၂၀၂၀/၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်ထားပါသည်။


အဆိုပါဖြစ်စဉ်သို့ မီးငြိမ်းသတ်ယာဉ် (၁) စီး၊ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရပြီး၊လူထိခိုက်မှုမရှိကြောင်း သတင်းရရှိပါသည်။


Post a Comment

Previous Post Next Post