(Unicode)
ကဗျာဆရာ ဒါရိုက်တာမင်းထင်ကိုကိုကြီး အတွက် ၂၀၁၁ ခုနှစ်က ကဗျာပွဲတော်ယူသွားဖို့ ကဗျာဆရာတစ်ဦးအနေနဲ့တောင်းခံခဲ့တာကို အမေဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်ရေးနဲ့ရေးသားပေးခဲ့တဲ့ကဗျာ…..
ကဗျာရေးထားတဲ့စာရွက်က ခြံအမှတ် ၅၄ Letterhead နဲ့….
ဒီကဗျာလေးကို ကဗျာဆရာ ဒါရိုက်တာမင်းထင်ကိုကိုကြီး ကနေပြီး NLD အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးမှာ စိတ်ကြိုက်သုံးစွဲဖို့ရံပုံငွေအဖြစ် လေလံတင်ရောင်းချပြီး တပြားမကျန်လှူဒါန်းပေးသွားဖို့ဆက်သွယ်လာပါတယ်ခင်ဗျာ…
ဒါကြောင့်မို့လို့ အခုချိန်ကနေစတင်ပြီး လာမယ့်စနေနေ့ ( ၅ ရက်နေ့ ) ညနေ ၉ နာရီအထိ လေလံကာလသတ်မှတ်ထားပြီး ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူကို ရောင်းချပေးသွားမှာဖြစ်ပါတယ်…
ပရိုဖိုင်းအမှန်နဲ့ဖြစ်စေ …အမည်မဖော်ဘဲဝယ်လိုသူများရှိခဲ့သည်ဖြစ်စေ … မူရင်းပို့စ်အောက်တွင် လာရောက်ဈေးပေးနိုင်ပြီး အမှန်တကယ်ဈေးပေး ဈေးပြိုင်
လေလံတင်ဝယ်ယူမည့်သူများအနေဖြင့် ကျွန်တော့် CB သို့ပါ လာရောက်ဆက်သွယ်ပေးနိုင်ပါတယ်…
ခြံအမှတ် ၅၄ က အမေစု လက်ရေးကဗျာလေးဖြစ်တဲ့အတွက်အမှတ်တရဖြစ်အောင် ကြမ်းခင်းဈေး ၅၄ သိန်း နဲ့ စဖွင့်ပါတယ်…
စည်းကမ်းအနေနဲ့ ဈေးတကြိမ်တိုးတိုင်း ၁ သိန်းနှင့် အထက် သိန်းဂဏန်းအတိများသာတိုးခွင့်ပြုသွားပါမယ်ခင်ဗျာ….
ကမ္ဘာပေါ်မှာ တပုဒ်တည်းသာရှိနေမယ့် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူရင်းကဗျာ…
သမိုင်းကြောင်းကို ကဗျာပိုင်ရှင် ကဗျာဆရာ ဒါရိုက်တာမင်းထင်ကိုကိုကြီး Ko Ko Gyiရဲ့ အကောင့်မှာ သွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်…
ဒါကတော့ ကဗျာလက်ခံရရှိခဲ့တဲ့နေ့က ဖြစ်ပါတယ်…
“30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အမေစုကိုယ်တိုင် ပေးခဲ့တာပါ။
ထမင်းစားခန်းထဲမှာ တွေ့ရတာပါ။ကန်တော့ခဲ့ပါသေးတယ်။အပြင်မှာဦးဝင်းထိန်ရှိတယ်”
မောင်မောင်အေး
(Zawgyi)
မောင်မောင်အေး
Post a Comment
Previous Post Next Post