ဟိုးး…ေရွးေရွးတုန္းကလည္း ေက်ာက္ေရာဂါ၊ပုလိပ္ေရာဂါ.. ဝမ္းေရာဂါ အစရွိသျဖင့္ ကူးစက္လြယ္တဲ့ ေရာဂါဆိုးေတြ ျဖစ္ခဲ့ၾကဘူးတယ္။တရြာလုံး ရြာလုံးကၽြတ္ ကူးကုန္ၿပီးလူေတြ အကုန္ေသၾကသတဲ့.. လူေတြေသေတာ့ မေကာင္းဆိုးရြားေတြ ေပ်ာ္တာ
ေပါ့.. သူတို့ေတြ ေပ်ာ္ျမဴးၿပီး ရြာေတြထဲ ဝင္လာၾကသတဲ့။
ူူ
ရြာေတြ ထဲက လူတခ်ိဳ့လည္း တျခားလြတ္ရာ ေရွာင္တဲ့ လူကေရွာင္..ေျပာင္းတဲ့လူက ေျပာင္းေပါ့။အဲလိုနဲ႔ ရြာေတြဟာ တစျပင္ လို အကုန္ လူေျခတိတ္ၿပီး ေျခာက္ကပ္ေနတာေပါ့။ဒါေပမဲ့.. ရြာတစ္ရြာမွာေတာ့ တဲစုတ္စုတ္ အိမ္ေလး တစ္အိမ္မွာ ရွိတဲ့လူေတြ ကေတာ့ ဘာမွ မျဖစ္ဘဲ အေကာင္းတိုင္း က်န္ေနသတဲ့
မေကာင္းဆိုးရြားေတြလည္း အဲဒိတဲစုတ္ေလးထဲ ဝင္ဘို့ အႀကိမ္ႀကိမ္ႀကိဳးစားေပမဲ့ ဘယ္လိုမွ ဝင္လို့မရၾကဘူး။ကပ္ေဘးႀကီး ကင္းသြားေတာ့မွရြာကေနေရွာင္သြားၾကတဲ့ လူတခ်ိဳ့ ျပန္လာၾကတယ္။ျပန္ေရာက္လာတဲ့ လူေတြက ဒီလူဆင္းရဲေတြ အိမ္ကဘာျဖစ္လို့မ်ား ကပ္ေရာဂါက ကြင္းသြားသလဲလို့ စူးစမ္းၾကတာေပါ့။
အဲဒီမွာ ဘာသြားေတြ႕သလဲ ဆိုေတာ့ တဲအိမ္ေလးရဲ့ တံစက္ၿမိတ္ သက္ကယ္ေတြၾကားထဲမွာ ေပရြက္ေခါက္ေလး တစ္ခုကို ေတြ႕ၾကရသတဲ့။ေပရြက္ေပၚမွာ.. ေရးထိုးထားတဲ့ ဂါထာေတာ္ရဲ့ တန္ခိုးေၾကာင့္ ကပ္ေရာဂါလည္း မဝင္နိုင္ မေကာင္းဆိုးရြားလည္း ေရွာင္ေျပး ရတဲ့ အျဖစ္ေပါ့ေနာ္။ဒီဂါထာေလးကို ေရးကူးၿပီး အိမ္တိုင္း အိမ္တိုင္းမွာကပ္ထားရင္ ကပ္ေရာဂါ ေဘးႀကီးကေန ျမန္မာ တစ္ျပည္လုံး ကင္းေဝး လိမ့္မယ္လို့ ယုံၾကည္ပါတယ္။ယုံၾကည္သူမ်ား ဒီဂါထာကို ပူေဇာ္ၾကပါ။အႀကိမ္ႀကိမ္ စမ္းသပ္ဘူးပါတယ္။ညဘက္ေတြ ေခြးအူေနရင္ ဂါထာကို ရြတ္ၿပီး အူေနတဲ့ အရပ္ဘက္ကို လက္ၿငိဳးထိုးထားလိုက္ပါတယ္။ထူးဆန္းတာက ေခြးအူသံ တိကနဲ ရပ္သြားတာပါ။လုံးဝကို တိတ္ဆိတ္ သြားတာမ်ိဳးခဏခဏ ၾကဳံရပါတယ္။
ဒါေၾကာင့္ #ယုံယုံၾကည္ၾကည္နဲ႔ဗုဒၶဘာသာဝင္ေတြအိမ္မွာကပ္လွူပူေဇာ္ၾကပါလို့တိုက္တြန္းပါရေစ…..
#သိရသၼႎဂါထာေတာ္
၁။ သိရသၼႎေမ ဗုဒၶေသေ႒ာ၊
သာရိပုေတၱာစ ဒကၡိေဏ ။
ဝါမအံေသ ေမာဂၢလႅာေနာ၊
ပုရေတာ ပိဋကတၱယံ ။
၂။ ပစၧိေမ မမ အာနေႏၵာ၊
စတုဒၵိသာ ခီဏာသဝါ ။
သမႏၲာ ေလာကပါလာစ ၊
ဣႏၵာေဒဝါ သ ျဗဟၼကာ ။
၃။ ဧတေသံ အာႏု ဘာဝေန၊
သေဗၺဘယာ ဥပဒၵဝါ ။
အေနက အႏၲရာယာပိ ၊
ဝိနႆႏၲဳ အေသသေတာ ။
၁။ ဗုဒၶေသေ႒ာ – ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီး သည္ ေမ – တပည့္ေတာ္၏။သိရသၼႎ- ဦးေခါင္းထက္၌။ တိ႒တု – ရႊင္ေပ်ာ္ႏွလုံး သီတင္းသုံးေတာ္မူပါေစသတည္း ။ သာရိပုေတၱာစ – အရွင္သာရိပုတၱရာမေထရ္ျမတ္ႀကီးသည္လည္း။ ေမ – တပည့္ေတာ္၏။ ဒကၡိေဏာ – လက္ယာပခုံး၌။တိ႒တု- ရပ္တည္ သီတင္းသုံးေတာ္မူပါေစသတည္း။ေမာဂၢလႅာေနာ – အရွင္ေမာဂၢလႅာန္မေထရ္ျမတ္ႀကီးသည္။
ေမ – တပည့္ေတာ္၏။ဝါမအံေသ – လက္ဝဲပခုံးထက္၌။တိ႒တု – သီတင္းသုံးေတာ္မူပါေစသတည္း။
ပိဋကတၱယံ – ပိဋကသုံးတန္ ဓမၼကၡာန္သည္။ ေမ – တပည့္ေတာ္၏။ပုရေတာ – မ်က္ႏွာမူလတ္ အေရွ႕အရပ္၌ ။ တိ႒တု-စံပါယ္ကိန္းဝတ္ ရပ္တည္ပါေစသတည္း ။
၂။ အာနေႏၵာ – အရွင္အာနႏၵာမေထရ္ျမတ္ႀကီးသည္။
ေမ – တပည့္ေတာ္၏။ ပစၧိေမ – မ်က္ႏွာကြယ္ထား ေနာက္ရပ္ပါး၌။ တိ႒တု – ရပ္တည္သီတင္းသုံးေတာ္မူပါေစသား။ ခီဏာသဝါ – ရဟႏၲာမေထရ္ျမတ္ႀကီးတို့သည္။ မမ – တပည့္ေတာ္၏။စတုဒၵိသာ – ခႏၶာတည္ရာ အရပ္ေလးမ်က္ႏွာတို့၌။တိ႒တု- ရပ္တည္ေနၾကပါေစသား။ သျဗဟၼကာ – ျဗဟၼာအေပါင္းတို့ႏွင့္တကြ ျဖစ္ကုန္ေသာ။ဣႏၵာေဒဝါသ – သၾကား နတ္ အေပါင္းတို့သည္လည္းေကာင္း။ေလာကပါလာစ – ေလာကေစာင့္ၾကပ္ နတ္ျမတ္ အေပါင္းတို့သည္လည္းေကာင္း။မမ – အကၽြန္ု ပ္၏ ။သမႏၲာ – ထက္ဝန္းက်င္ ပတ္ပတ္လည္တို့၌။တိ႒တု- ႏွလုံးရႊင္ပ် ရပ္တည္ေနၾကပါေစသား။
၃။ ဧေတသံ – ထိုရတနာသုံးပါး နတ္သိၾကားျဗဟၼာအေပါင္းတို့၏။
အာႏုဘာေဝန – ရွိန္ဝါတန္ခိုး စြမ္းရည္အမ်ိဳးမ်ိဳးေၾကာင့္။ သေဗၺ – ႂကြင္းမဲ့ဥႆုံ အလုံးစုံကုန္ေသာ။
ဘယဥပဒၵဝါ – ေဘးဥပါဒ္တို့သည္ လည္းေကာင္း။
အေနကအႏၲရာယာပိ – တစ္ပါးမက မ်ားလွကုန္ေသာ ကပ္အႏၲရာယ္ အသြယ္သြယ္တို့သည္လည္းေကာင္း။အေသသေတာ – ႂကြင္းက်န္မရွိ ပကတိအားျဖင့္။ဝိနာသႏၲဳ – ပိန္းၾကာဖက္တြင္ ေရမတင္သို့ ကင္းစင္လြင့္ေပ်ာက္ၾကပါေစသတည္း ။
#ရတနာ့ဂုဏ္ရည္တန္ခိုးနဲ႔ကပ္ႀကီးသုံးပါးကိုေက်ာ္နင္းနိုင္ၾကပါေစ..
ကံေကာင္းသူမ်ား ဤ ဂါထာကို ေတြ႕ၾကလိမ့္မည္ဟု ယူဆမိပါသည္။
Credit မူရင္းတင္သူ
-----------------------------------------------------------------
ဟိုးး…ရှေးရှေးတုန်းကလည်း ကျောက်ရောဂါ၊ပုလိပ်ရောဂါ.. ဝမ်းရောဂါ အစရှိသဖြင့် ကူးစက်လွယ်တဲ့ ရောဂါဆိုးတွေ ဖြစ်ခဲ့ကြဘူးတယ်။တရွာလုံး ရွာလုံးကျွတ် ကူးကုန်ပြီးလူတွေ အကုန်သေကြသတဲ့.. လူတွေသေတော့ မကောင်းဆိုးရွားတွေ ပျော်တာ
ပေါ့.. သူတို့တွေ ပျော်မြူးပြီး ရွာတွေထဲ ဝင်လာကြသတဲ့။
ူူ
ရွာတွေ ထဲက လူတချို့လည်း တခြားလွတ်ရာ ရှောင်တဲ့ လူကရှောင်..ပြောင်းတဲ့လူက ပြောင်းပေါ့။အဲလိုနဲ့ ရွာတွေဟာ တစပြင် လို အကုန် လူခြေတိတ်ပြီး ခြောက်ကပ်နေတာပေါ့။ဒါပေမဲ့.. ရွာတစ်ရွာမှာတော့ တဲစုတ်စုတ် အိမ်လေး တစ်အိမ်မှာ ရှိတဲ့လူတွေ ကတော့ ဘာမှ မဖြစ်ဘဲ အကောင်းတိုင်း ကျန်နေသတဲ့
မကောင်းဆိုးရွားတွေလည်း အဲဒိတဲစုတ်လေးထဲ ဝင်ဘို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ ဘယ်လိုမှ ဝင်လို့မရကြဘူး။ကပ်ဘေးကြီး ကင်းသွားတော့မှရွာကနေရှောင်သွားကြတဲ့ လူတချို့ ပြန်လာကြတယ်။ပြန်ရောက်လာတဲ့ လူတွေက ဒီလူဆင်းရဲတွေ အိမ်ကဘာဖြစ်လို့များ ကပ်ရောဂါက ကွင်းသွားသလဲလို့ စူးစမ်းကြတာပေါ့။
အဲဒီမှာ ဘာသွားတွေ့သလဲ ဆိုတော့ တဲအိမ်လေးရဲ့ တံစက်မြိတ် သက်ကယ်တွေကြားထဲမှာ ပေရွက်ခေါက်လေး တစ်ခုကို တွေ့ကြရသတဲ့။ပေရွက်ပေါ်မှာ.. ရေးထိုးထားတဲ့ ဂါထာတော်ရဲ့ တန်ခိုးကြောင့် ကပ်ရောဂါလည်း မဝင်နိုင် မကောင်းဆိုးရွားလည်း ရှောင်ပြေး ရတဲ့ အဖြစ်ပေါ့နော်။ဒီဂါထာလေးကို ရေးကူးပြီး အိမ်တိုင်း အိမ်တိုင်းမှာကပ်ထားရင် ကပ်ရောဂါ ဘေးကြီးကနေ မြန်မာ တစ်ပြည်လုံး ကင်းဝေး လိမ့်မယ်လို့ ယုံကြည်ပါတယ်။ယုံကြည်သူများ ဒီဂါထာကို ပူဇော်ကြပါ။အကြိမ်ကြိမ် စမ်းသပ်ဘူးပါတယ်။ညဘက်တွေ ခွေးအူနေရင် ဂါထာကို ရွတ်ပြီး အူနေတဲ့ အရပ်ဘက်ကို လက်ငြိုးထိုးထားလိုက်ပါတယ်။ထူးဆန်းတာက ခွေးအူသံ တိကနဲ ရပ်သွားတာပါ။လုံးဝကို တိတ်ဆိတ် သွားတာမျိုးခဏခဏ ကြုံရပါတယ်။
ဒါကြောင့် #ယုံယုံကြည်ကြည်နဲ့ဗုဒ္ဓဘာသာဝင်တွေအိမ်မှာကပ်လှူပူဇော်ကြပါလို့တိုက်တွန်းပါရစေ…..
#သိရသ္မိံဂါထာတော်
၁။ သိရသ္မိံမေ ဗုဒ္ဓသေဋ္ဌော၊
သာရိပုတ္တောစ ဒက္ခိဏေ ။
ဝါမအံသေ မောဂ္ဂလ္လာနော၊
ပုရတော ပိဋကတ္တယံ ။
၂။ ပစ္ဆိမေ မမ အာနန္ဒော၊
စတုဒ္ဒိသာ ခီဏာသဝါ ။
သမန္တာ လောကပါလာစ ၊
ဣန္ဒာဒေဝါ သ ဗြဟ္မကာ ။
၃။ ဧတသေံ အာနု ဘာဝနေ၊
သဗ္ဗေဘယာ ဥပဒ္ဒဝါ ။
အနေက အန္တရာယာပိ ၊
ဝိနဿန္တု အသေသတော ။
၁။ ဗုဒ္ဓသေဋ္ဌော – ဘုရားရှင်ကိုယ်တော်မြတ်ကြီး သည် မေ – တပည့်တော်၏။သိရသ္မိံ- ဦးခေါင်းထက်၌။ တိဋ္ဌတု – ရွှင်ပျော်နှလုံး သီတင်းသုံးတော်မူပါစေသတည်း ။ သာရိပုတ္တောစ – အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည်လည်း။ မေ – တပည့်တော်၏။ ဒက္ခိဏော – လက်ယာပခုံး၌။တိဋ္ဌတု- ရပ်တည် သီတင်းသုံးတော်မူပါစေသတည်း။မောဂ္ဂလ္လာနော – အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီးသည်။
မေ – တပည့်တော်၏။ဝါမအံသေ – လက်ဝဲပခုံးထက်၌။တိဋ္ဌတု – သီတင်းသုံးတော်မူပါစေသတည်း။
ပိဋကတ္တယံ – ပိဋကသုံးတန် ဓမ္မက္ခာန်သည်။ မေ – တပည့်တော်၏။ပုရတော – မျက်နှာမူလတ် အရှေ့အရပ်၌ ။ တိဋ္ဌတု-စံပါယ်ကိန်းဝတ် ရပ်တည်ပါစေသတည်း ။
၂။ အာနန္ဒော – အရှင်အာနန္ဒာမထေရ်မြတ်ကြီးသည်။
မေ – တပည့်တော်၏။ ပစ္ဆိမေ – မျက်နှာကွယ်ထား နောက်ရပ်ပါး၌။ တိဋ္ဌတု – ရပ်တည်သီတင်းသုံးတော်မူပါစေသား။ ခီဏာသဝါ – ရဟန္တာမထေရ်မြတ်ကြီးတို့သည်။ မမ – တပည့်တော်၏။စတုဒ္ဒိသာ – ခန္ဓာတည်ရာ အရပ်လေးမျက်နှာတို့၌။တိဋ္ဌတု- ရပ်တည်နေကြပါစေသား။ သဗြဟ္မကာ – ဗြဟ္မာအပေါင်းတို့နှင့်တကွ ဖြစ်ကုန်သော။ဣန္ဒာဒေဝါသ – သကြား နတ် အပေါင်းတို့သည်လည်းကောင်း။လောကပါလာစ – လောကစောင့်ကြပ် နတ်မြတ် အပေါင်းတို့သည်လည်းကောင်း။မမ – အကျွန်ု ပ်၏ ။သမန္တာ – ထက်ဝန်းကျင် ပတ်ပတ်လည်တို့၌။တိဋ္ဌတု- နှလုံးရွှင်ပျ ရပ်တည်နေကြပါစေသား။
၃။ ဧတေသံ – ထိုရတနာသုံးပါး နတ်သိကြားဗြဟ္မာအပေါင်းတို့၏။
အာနုဘာဝေန – ရှိန်ဝါတန်ခိုး စွမ်းရည်အမျိုးမျိုးကြောင့်။ သဗ္ဗေ – ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။
ဘယဥပဒ္ဒဝါ – ဘေးဥပါဒ်တို့သည် လည်းကောင်း။
အနေကအန္တရာယာပိ – တစ်ပါးမက များလှကုန်သော ကပ်အန္တရာယ် အသွယ်သွယ်တို့သည်လည်းကောင်း။အသေသတော – ကြွင်းကျန်မရှိ ပကတိအားဖြင့်။ဝိနာသန္တု – ပိန်းကြာဖက်တွင် ရေမတင်သို့ ကင်းစင်လွင့်ပျောက်ကြပါစေသတည်း ။
#ရတနာ့ဂုဏ်ရည်တန်ခိုးနဲ့ကပ်ကြီးသုံးပါးကိုကျော်နင်းနိုင်ကြပါစေ..
ကံကောင်းသူများ ဤ ဂါထာကို တွေ့ကြလိမ့်မည်ဟု ယူဆမိပါသည်။
Credit မူရင်းတင်သူ
Post a Comment