(Unicode)

မြန်မာနိုင်ငံအတွက် Covid-19 ပတ်သတ်တဲ့ မင်္ဂလာသတင်း

ဒီနေ့တော့မြန်မာနိုင်ငံအတွက် မင်္ဂလာရှိတဲ့သတင်းပါCorona Virus ပိုးဟာ လူမှာ လက္ခဏာစတင်ပြသတဲ့အချိန်ကနေ ၁၁ ရက်ကြာပီးတဲ့နောက်မှာ တခြားလူတဦးကို ကူးစက်မှု လုံးဝမရှိနိုင်တော့ဘူးဆိုတာကို နိုင်ငံတကာပညာရှင်တွေက အတည်ပြုခဲ့ကြတာပါပဲ။

သဘောကတော့ ၁၁ ရက် ကျော်သွားချိန်မှာ ပိုးစစ်ရင် ပိုးတွေ့နိုင်သေးပေမယ့် အဲဒီပိုးဟာ တခြားလူကို မကူးစက်နိုင်တော့ပါဘူး။

ဒါကြောင့် Q ဝင်ရမယ့်ရက်ကို ၁၄ ရက်ကို ပြန်လည်လျှော့ချနိုင်ခဲ့ပီ ဖြစ်ပါတယ်။ လက်ရှိပြည့်ညှပ်နေတဲ့ Q စင်တာတွေ အတော်ချောင်သွားမှာဖြစ်သလို နောက်ထပ် ဝင်လာမယ့်သူတွေအတွက်လဲ အဆင်ပြေသွားပါမယ်။

မြေပြင်က ပရဟိတသမားတွေနဲ့ ထွေအုပ်တွေ အမတ်တွေ ကျန်းမာရေးဝန်ထမ်းတွေ အတော်အဆင်ပြေသွားပါပီ။

နောက်ထပ် အရေးကြီးအချက်ကတော့ ပိုးတွေ့လို့ ဆေးရုံတက် ကုသနေရတဲ့လူနာတွေဟာ အရင်ကဆို Swab test ၂ခါ Negative ဖြစ်မှ ဆေးရုံက ပေးဆင်းပီး အိမ်မှာ ၇ ရက် ဆက် Q ခိုင်းရပါတယ်။

အခုတော့ အဲဒီလို မလိုတော့ပါဘူး။ ရောဂါလက္ခဏာပြသည့်နေ့မှ ၁၀ ရက်၊ လက္ခဏာပျောက်ကင်းပီး ၄ ရက်ဆိုရင် ဆေးရုံက ပေးဆင်းလို့ရပါပီ။

သို့ပေမယ့် ဆေးရုံမှာတော့ ၁၄ ရက်တော့ အနည်းဆုံး နေရမှာဖြစ်ပါတယ်။ အကယ်လို့ လက္ခဏာမပြပဲ ပိုးတွေ့တဲ့ Silent Carrier ဆိုရင်တော့ ပိုးတွေ့ပီး ၁၄ ရက်နေရင် အိမ်ပြန်လို့ ရပါပီ။

အရင်ကလို Negative ၂ ခါ မထွက်မချင်း အကြိမ်ကြိမ် နှာခေါင်းကို ထိုးပီး တို့ဖတ်နမူနာ ရယူဖို့ မလိုတော့သလို ကျန်းမာရေးဘက်ကလဲ Negative ၂ ခါ မရမချင်း ဆေးရုံမှာ လနဲ့ချီပီး ကုသဖို့ မလိုတော့ပါဘူး။



လူနာဘက်ကော ဓာတ်ခွဲရတဲ့ဘက်ကကော ကျန်းမာရေးဝန်ထမ်းတွေဘက်ကကော အလွန်ကို သက်သာရရစေမယ့် ပြောင်းလဲမှုကြီးတွေပါ။

ဒီအချက်တွေဟာ လက်ရှိ ထိန်းချုပ်နေရတဲ့ ရောဂါပြန့်ပွားမှုကို တားဆီးရာမှာ အသာစီး ရသွားစေမယ့် အချက်တွေမို့ ပြည်သူတွေအတွက် အလွန် ဝမ်းမြောက်ရမယ့် အနေအထားပါပဲ။

(Zawgyi)


ျမန္မာႏိုင္ငံအတြက္ Covid-19 ပတ္သတ္တဲ့ မဂၤလာသတင္း

ဒီေန႔ေတာ့ျမန္မာႏိုင္ငံအတြက္ မဂၤလာရွိတဲ့သတင္းပါCorona Virus ပိုးဟာ လူမွာ လကၡဏာစတင္ျပသတဲ့အခ်ိန္ကေန ၁၁ ရက္ၾကာပီးတဲ့ေနာက္မွာ တျခားလူတဦးကို ကူးစက္မႈ လုံး၀မရွိႏိုင္ေတာ့ဘူးဆိုတာကို ႏိုင္ငံတကာပညာရွင္ေတြက အတည္ျပဳခဲ့ၾကတာပါပဲ။

သေဘာကေတာ့ ၁၁ ရက္ ေက်ာ္သြားခ်ိန္မွာ ပိုးစစ္ရင္ ပိုးေတြ႕ႏိုင္ေသးေပမယ့္ အဲဒီပိုးဟာ တျခားလူကို မကူးစက္ႏိုင္ေတာ့ပါဘူး။

ဒါေၾကာင့္ Q ၀င္ရမယ့္ရက္ကို ၁၄ ရက္ကို ျပန္လည္ေလွ်ာ့ခ်ႏိုင္ခဲ့ပီ ျဖစ္ပါတယ္။ လက္ရွိျပည့္ညႇပ္ေနတဲ့ Q စင္တာေတြ အေတာ္ေခ်ာင္သြားမွာျဖစ္သလို ေနာက္ထပ္ ၀င္လာမယ့္သူေတြအတြက္လဲ အဆင္ေျပသြားပါမယ္။

ေျမျပင္က ပရဟိတသမားေတြနဲ႔ ေထြအုပ္ေတြ အမတ္ေတြ က်န္းမာေရး၀န္ထမ္းေတြ အေတာ္အဆင္ေျပသြားပါပီ။

ေနာက္ထပ္ အေရးႀကီးအခ်က္ကေတာ့ ပိုးေတြ႕လို႔ ေဆး႐ုံတက္ ကုသေနရတဲ့လူနာေတြဟာ အရင္ကဆို Swab test ၂ခါ Negative ျဖစ္မွ ေဆး႐ုံက ေပးဆင္းပီး အိမ္မွာ ၇ ရက္ ဆက္ Q ခိုင္းရပါတယ္။

အခုေတာ့ အဲဒီလို မလိုေတာ့ပါဘူး။ ေရာဂါလကၡဏာျပသည့္ေန႔မွ ၁၀ ရက္၊ လကၡဏာေပ်ာက္ကင္းပီး ၄ ရက္ဆိုရင္ ေဆး႐ုံက ေပးဆင္းလို႔ရပါပီ။

သို႔ေပမယ့္ ေဆး႐ုံမွာေတာ့ ၁၄ ရက္ေတာ့ အနည္းဆုံး ေနရမွာျဖစ္ပါတယ္။ အကယ္လို႔ လကၡဏာမျပပဲ ပိုးေတြ႕တဲ့ Silent Carrier ဆိုရင္ေတာ့ ပိုးေတြ႕ပီး ၁၄ ရက္ေနရင္ အိမ္ျပန္လို႔ ရပါပီ။

အရင္ကလို Negative ၂ ခါ မထြက္မခ်င္း အႀကိမ္ႀကိမ္ ႏွာေခါင္းကို ထိုးပီး တို႔ဖတ္နမူနာ ရယူဖို႔ မလိုေတာ့သလို က်န္းမာေရးဘက္ကလဲ Negative ၂ ခါ မရမခ်င္း ေဆး႐ုံမွာ လနဲ႔ခ်ီပီး ကုသဖို႔ မလိုေတာ့ပါဘူး။



လူနာဘက္ေကာ ဓာတ္ခြဲရတဲ့ဘက္ကေကာ က်န္းမာေရး၀န္ထမ္းေတြဘက္ကေကာ အလြန္ကို သက္သာရရေစမယ့္ ေျပာင္းလဲမႈႀကီးေတြပါ။

ဒီအခ်က္ေတြဟာ လက္ရွိ ထိန္းခ်ဳပ္ေနရတဲ့ ေရာဂါျပန္႔ပြားမႈကို တားဆီးရာမွာ အသာစီး ရသြားေစမယ့္ အခ်က္ေတြမို႔ ျပည္သူေတြအတြက္ အလြန္ ၀မ္းေျမာက္ရမယ့္ အေနအထားပါပဲ။

Post a Comment

Previous Post Next Post