(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ သိန်း (၇ဝဝ)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ စက်တင်ဘာလ ၈ ရက်က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု မန်မောဝ်ကျေးရွာနေ အိုက်ပီးရဲ့နေအိမ်ထဲ ဝင်ရောက်ရှာဖွေရာမှာ ဖမ်းဆီးရမိခဲ့တာဘဲ ဖြစ်ပါတယ်။



အိုက်ပီးကို နေအိမ်ထဲမှာ တွေ့ရှိရပြီး နေအိမ်ထဲ သိုဝှက်သိမ်းဆည်းထားတဲ့ ရောင်စုံဆပ်ပြာခွက်နဲ့ ဘိန်းဖြူအလေးချိန် ၁ ကီလို(ဒေသပေါက်စျေး ကျပ် ၁၅၀ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅၇,၀၀၀ ပြား(ဒေသပေါက်စျေး ကျပ် ၅၇၀ သိန်း)နဲ့ ဘိန်းစိမ်းအလေးချိန် ၁ ကီလို(ဒေသပေါက်စျေး ကျပ် ၃ သိန်း) စုစုပေါင်း ကျပ် (၇၂၃)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

(Zawgyi)



အိုက်ပီးကို နေအိမ်ထဲမှာ တွေ့ရှိရပြီး နေအိမ်ထဲ သိုဝှက်သိမ်းဆည်းထားတဲ့ ရောင်စုံဆပ်ပြာခွက်နဲ့ ဘိန်းဖြူအလေးချိန် ၁ ကီလို(ဒေသပေါက်ဈေး ကျပ် ၁၅၀ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅၇,၀၀၀ ပြား(ဒေသပေါက်ဈေး ကျပ် ၅၇၀ သိန်း)နဲ့ ဘိန်းစိမ်းအလေးချိန် ၁ ကီလို(ဒေသပေါက်ဈေး ကျပ် ၃ သိန်း) စုစုပေါင်း ကျပ် (၇၂၃)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

#မူးယစ်ဆေးဝါး #ဖမ်းဆီးရမိ #ကွတ်ခိုင်
#ဓာတ်ပုံ- CCDAC

Post a Comment

Previous Post Next Post