(Unicode)

ယခုအချိန်အခါမှာ ပြည်သူများအနေနဲ့ ရောဂါကူးစက်ပြန့်ပွား မှုတွေရှိတဲ့ မြို့နယ်တွေကဖြစ်ရင် ကျန်းမာရေး စစ်ဆေးမှုခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။အဲဒီအတွက် နီးစပ်ရာ ကျန်းမာရေးဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း တွေကို ချက်ခြင်း သတင်းပို့ ရမှာ ဖြစ်ပါတယ်။ သ တင်းပို့ဖို့ပျက်ကွက်သူ တွေကိုလည်း သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူဆောင်ရွက် မယ်လို့ ကျန်းမာရေး နှင့် အားက စားဝန်ကြီး ဌာနက သတိပေးနှိုးဆော်ထားပြီး ဖြစ်ပါတယ်။

COVID-19 ကူးစက်မှု မြင့်မားနေတဲ့ ရခိုင်ပြည်နယ် ကနေ ရန်ကုန်ကို ခရီးသွား ခဲ့သူ ၃၄၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ရခိုင်ပြည် နယ် ကနေ ရန်ကုန်ကို ဩဂုတ် ၁၃ ရက်မှ ၂၁ ရက်အတွင်း ပြည်တွင်း လေကြောင်းလိုင်းခရီးစဉ်နဲ့ ခရီးသွားလာ ခဲ့ကြတဲ့ ခရီးသည်များစာ ရင်းကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။အခုလိုထုတ်ပြန်လိုက်တဲ့စာရင်း တွေအရ ပြည် တွင်း လေကြောင်းလိုင်း ခရီးစဉ် ၈၁ ခုနဲ့ ရခိုင်ကနေ ရန်ကုန်ကို ခရီးသွား လာခဲ့သူ ၃၄၀၀ ကျော်ရှိနေပါတယ်။



Source – Yoyarlay

(Zawgyi)





Source – Yoyarlay

Post a Comment

Previous Post Next Post