(Unicode)

ကြို့ပင်ကောက်၊ စက်တင်ဘာလ ၃၊

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက်၊ ဘူတာရုံလမ်း၊ မမြတ်မွန်မွန်၏ ကွမ်းယာဆိုင်တွင် မူးယစ်ဆေးဝါးရောင်းချနေပါကြောင်း သတင်းပေးသူတစ်ဦး ၏ သတင်းပေးချက်အရ ကြိုဘပင်ကောက်ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂) ဖမ်းဆီးရမိကြောင်း သိရသည်။



စက်တင်ဘာလ(၃)ရက်နေ့ နေ့လည် ၁၁နာရီ (44)မိနစ်အချိန်ခန့်တွင်သတင်းပေ တိုင်ကြားချက်ရရှိသဖြင့် ကြို့ပင်ကောက်ရဲတပ်ဖွဲ့မှ ဒုမြိုနယ်မှူး ဦးဆောင်ပြီး၊ နယ်ထိန်းအရာရှိ၊ ရဲတပ်သား၃ဦး၊ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူတို့မှ ဘူတာရုံလမ်းဘေးရှိ မမြတ်မွန်မွန် ဖြတ်လမ်းရွာမမြောက်ရပ်ကွက်နေသူ ၏ ကွမ်းယာဆိုင်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းတွင် မမြတ်မွန်မွန်နှင့် ကိုရဲမင်း ကံသာယာ(၃)လမ်း၊ အနောက်တောင်ရပ်ကွက်၊ ကြို့ပင်ကောက်မြို့ နေသူတို့အားတွေ့ရှိရပြီး၊ မမြတ်မွန်မွန် မှပလတ်စတစ်အဖြူရောင်ဗူးခွံ အား အဖုံးအပြာရောင်ဖုံးလျှက်အထဲတွင်အနက်ရောင် ပလတ်စတစ်ဖြင့် ပတ်ထားသော wyစိတ်ကြွဆေးပြား (၂)ပြားအား ကွမ်းယာဆိုင်ပြတင်းပေါက်မှ လွှင့်ပစ်ရာအတွင်းသို့ ပြန်ကျသွားသည်ကိုသက်သေများ နှင့်အတူ တွေ့ရပြီးဆက်လက်ရှာဖွေရာ မမြတ်မွန်မွန်၏ ပေါင်ပေါ်တွင်(၂၀၀)ကျပ်တန်ဖြင့် လိပ်ထားပြီး အနက်ရောင်ပလတ်စတစ်ဖြင့် ပတ်ထားသော wyစာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား(၁၀)ပြား၊ အလေးချိန်(၁.၂)ဂရမ်ခန့် ကာလတန်ဖိုး(၂၄၀၀၀)နှင့် ဆိုင်အတွင်းငွေစက္ကုရောရာ(၈၉၀၀)ကျပ်၊ KZGတံဆိပ်ပါ အနက်ရောင်ခလုတ်ဖုန်း(၁) လုံး တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ကြို့ပင်ကောက် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းနိုင် ထံမှ သိရှိရသည်။



မူးယစ်ဆေးဝါး များကို လက်ဝယ်တွေ့ရှိသူမမြတ်မွန်မွန် နှင့် ကိုရဲမင်းတို့အာသက်သေခံပစည်းနှင့်အတူ မရပ(၁) ပုဒ်မ(၁၆)(ဂ)(၂၀)ဃ(၂၁)တို့ဖြင့် ကြို့ပင်ကောက် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး၊ ဆက်လက်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း/
မိုးစက်၊ ကျော်ကျော်(ကြို့ပင်ကောက်)
#မြေလတ်အသံ




(Zawgyi)


ႀကိဳ့ပင္ေကာက္၊ စက္တင္ဘာလ ၃၊

ပဲခူးတိုင္းေဒသႀကီး၊ သာယာဝတီခရိုင္၊ ႀကိဳ့ပင္ေကာက္ၿမိဳ့၊ ရြာမေတာင္ရပ္ကြက္၊ ဘူတာ႐ုံလမ္း၊ မျမတ္မြန္မြန္၏ ကြမ္းယာဆိုင္တြင္ မူးယစ္ေဆးဝါးေရာင္းခ်ေနပါေၾကာင္း သတင္းေပးသူတစ္ဦး ၏ သတင္းေပးခ်က္အရ ႀကိဳဘပင္ေကာက္ရဲတပ္ဖြဲ႕မွ ဝင္ေရာက္ရွာေဖြရာ wy စာတမ္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၂) ဖမ္းဆီးရမိေၾကာင္း သိရသည္။



စက္တင္ဘာလ(၃)ရက္ေန႔ ေန႔လည္ ၁၁နာရီ (44)မိနစ္အခ်ိန္ခန္႔တြင္သတင္းေပ တိုင္ၾကားခ်က္ရရွိသျဖင့္ ႀကိဳ့ပင္ေကာက္ရဲတပ္ဖြဲ႕မွ ဒုၿမိဳနယ္မွူး ဦးေဆာင္ၿပီး၊ နယ္ထိန္းအရာရွိ၊ ရဲတပ္သား၃ဦး၊ ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူး အပါအဝင္ တာဝန္ရွိသူတို့မွ ဘူတာ႐ုံလမ္းေဘးရွိ မျမတ္မြန္မြန္ ျဖတ္လမ္းရြာမေျမာက္ရပ္ကြက္ေနသူ ၏ ကြမ္းယာဆိုင္အတြင္း ဝင္ေရာက္ရွာေဖြခဲ့ရာ ဆိုင္အတြင္းတြင္ မျမတ္မြန္မြန္ႏွင့္ ကိုရဲမင္း ကံသာယာ(၃)လမ္း၊ အေနာက္ေတာင္ရပ္ကြက္၊ ႀကိဳ့ပင္ေကာက္ၿမိဳ့ ေနသူတို့အားေတြ႕ရွိရၿပီး၊ မျမတ္မြန္မြန္ မွပလတ္စတစ္အျဖဴေရာင္ဗူးခြံ အား အဖုံးအျပာေရာင္ဖုံးလၽွက္အထဲတြင္အနက္ေရာင္ ပလတ္စတစ္ျဖင့္ ပတ္ထားေသာ wyစိတ္ႂကြေဆးျပား (၂)ျပားအား ကြမ္းယာဆိုင္ျပတင္းေပါက္မွ လႊင့္ပစ္ရာအတြင္းသို့ ျပန္က်သြားသည္ကိုသက္ေသမ်ား ႏွင့္အတူ ေတြ႕ရၿပီးဆက္လက္ရွာေဖြရာ မျမတ္မြန္မြန္၏ ေပါင္ေပၚတြင္(၂၀၀)က်ပ္တန္ျဖင့္ လိပ္ထားၿပီး အနက္ေရာင္ပလတ္စတစ္ျဖင့္ ပတ္ထားေသာ wyစာတမ္းပါစိတ္ႂကြ႐ူးသြပ္ေဆးျပား(၁၀)ျပား၊ အေလးခ်ိန္(၁.၂)ဂရမ္ခန္႔ ကာလတန္ဖိုး(၂၄၀၀၀)ႏွင့္ ဆိုင္အတြင္းေငြစကၠဳေရာရာ(၈၉၀၀)က်ပ္၊ KZGတံဆိပ္ပါ အနက္ေရာင္ခလုတ္ဖုန္း(၁) လုံး တို့အား ဖမ္းဆီးရမိခဲ့ေၾကာင္း ႀကိဳ့ပင္ေကာက္ ၿမိဳ့မရဲစခန္းမွ စခန္းမွူး ဒုရဲမွူးေက်ာ္သန္းနိုင္ ထံမွ သိရွိရသည္။

မူးယစ္ေဆးဝါး မ်ားကို လက္ဝယ္ေတြ႕ရွိသူမျမတ္မြန္မြန္ ႏွင့္ ကိုရဲမင္းတို့အာသက္ေသခံပစည္းႏွင့္အတူ မရပ(၁) ပုဒ္မ(၁၆)(ဂ)(၂၀)ဃ(၂၁)တို့ျဖင့္ ႀကိဳ့ပင္ေကာက္ ၿမိဳ့မရဲစခန္းတြင္ အမွုဖြင့္လွစ္ၿပီး၊ ဆက္လက္အေရးယူရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/
မိုးစက္၊ ေက်ာ္ေက်ာ္(ႀကိဳ့ပင္ေကာက္)
#ေျမလတ္အသံ

Post a Comment

Previous Post Next Post