ရန္ကုန္၊ စက္တင္ဘာ ၂၅


အမွုမွာ ၂၃.၉.၂၀၂၀ ရက္ေန႔ ၁၇၀၀ အခ်ိန္ခန႔္တြင္ ေရႊျပည္သာၿမိဳ့နယ္၊ ဇီးကုန္းေက်းရြာ၊ ဗဟိုရ္လမ္းသြယ္၊ အမွတ္(၂၉၈)ေန တရားလို ေဒၚ-----သည္ ေနအိမ္၌ရွိေနစဥ္ ေနအိမ္ေခါင္းရင္းရွိ အမွတ္-၂၉၈(က)ေန အစ္မအရင္းျဖစ္သူ ေဒၚတင္တင္မိုး ကို မေတြ႕ရွိသျဖင့္ သြားေရာက္ၾကည့္ရွုရာ မ်က္ႏွာညိဳမဲ ဒဏ္ရာမ်ား၊ လည္ပင္း ပြန္းျခစ္ဒဏ္ရာမ်ား၊ ယာနားေအာက္ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ ျခင္ေထာင္ အတြင္း ေသဆုံးေနသည္ကို ေတြ႕ရွိရ၍ ျပစ္မွုက်ဴးလြန္သူအား စုံစမ္းေဖာ္ထုတ္အေရးယူေပးပါရန္ ေရႊျပည္သာၿမိဳ့မရဲစခန္းသို့ အမွုဖြင့္တိုင္တန္းမွု ျဖစ္ပါသည္။


ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွူးက အမွုႏွင့္ပတ္သက္၍ သတင္းရလၽွင္ရခ်င္း တရားခံအျမန္စုံစမ္း ဖမ္းဆီးသြားရန္ ညႊန္ၾကားခ်က္အရ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွူး႐ုံး၊ မွုခင္းအကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ား၊ အကူ(၂)မွ တပ္ဖြဲ႕ဝင္မ်ား၊ ခရိုင္မွုခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားသည္ ေရႊျပည္သာၿမိဳ့နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ အခင္းျဖစ္ရပ္ႏွင့္ ပတ္ဝန္းက်င္သက္ေသမ်ားကို စစ္ေဆးခ်က္မ်ားအရ ျပစ္မွု က်ဴးလြန္သူမွာ ေရႊျပည္သာၿမိဳ့နယ္၊ (၂၄)ရပ္ကြက္၊ ေက်ာင္းလမ္း၊ အမွတ္(၁၉၁)တြင္ ငွားရမ္းေနထိုင္သည့္ ထြန္းထြန္းဝင္း ျဖစ္ေၾကာင္းသိရွိရ၍ ၎အား ဖမ္းဆီးရမိေရးေဆာင္ရြက္ခဲ့ရာ ၂၄.၉.၂၀၂၀ ရက္ေန႔ ၀၀၃၀ အခ်ိန္တြင္ ၎၏ေနအိမ္၌ ဖမ္းဆီးရမိခဲ့ပါသည္။

ဖမ္းဆီးရမိသူ ထြန္းထြန္းဝင္း ကို အမွုျဖင့္စစ္ေဆးခဲ့ရာ ျပစ္မွုအား က်ဴးလြန္ခဲ့ေၾကာင္းႏွင့္ ေသဆုံးသူ ေဒၚတင္တင္မိုး ထံမွ ေရႊဆြဲႀကိဳး(၁)ကုံးႏွင့္ ေရႊလက္ေကာက္(၄)ကြင္းအား ျဖဳတ္ယူခဲ့ေၾကာင္း ဝန္ခံ ထြက္ဆိုသျဖင့္ က်န္ရွိရဲလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီး ဥပေဒႏွင့္အညီ အျမန္တရားစြဲတင္ပို့နိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။


Yangon Police

-----------------------------------------------------------------------------------

ရန်ကုန်၊ စက်တင်ဘာ ၂၅


အမှုမှာ ၂၃.၉.၂၀၂၀ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ ဗဟိုရ်လမ်းသွယ်၊ အမှတ်(၂၉၈)နေ တရားလို ဒေါ်-----သည် နေအိမ်၌ရှိနေစဉ် နေအိမ်ခေါင်းရင်းရှိ အမှတ်-၂၉၈(က)နေ အစ်မအရင်းဖြစ်သူ ဒေါ်တင်တင်မိုး ကို မတွေ့ရှိသဖြင့် သွားရောက်ကြည့်ရှုရာ မျက်နှာညိုမဲ ဒဏ်ရာများ၊ လည်ပင်း ပွန်းခြစ်ဒဏ်ရာများ၊ ယာနားအောက် သွေးထွက်ဒဏ်ရာများဖြင့် ခြင်ထောင် အတွင်း သေဆုံးနေသည်ကို တွေ့ရှိရ၍ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ရွှေပြည်သာမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှု ဖြစ်ပါသည်။


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အမှုနှင့်ပတ်သက်၍ သတင်းရလျှင်ရချင်း တရားခံအမြန်စုံစမ်း ဖမ်းဆီးသွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အကူ(၂)မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများကို စစ်ဆေးချက်များအရ ပြစ်မှု ကျူးလွန်သူမှာ ရွှေပြည်သာမြို့နယ်၊ (၂၄)ရပ်ကွက်၊ ကျောင်းလမ်း၊ အမှတ်(၁၉၁)တွင် ငှားရမ်းနေထိုင်သည့် ထွန်းထွန်းဝင်း ဖြစ်ကြောင်းသိရှိရ၍ ၎င်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၄.၉.၂၀၂၀ ရက်နေ့ ၀၀၃၀ အချိန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပါသည်။


ဖမ်းဆီးရမိသူ ထွန်းထွန်းဝင်း ကို အမှုဖြင့်စစ်ဆေးခဲ့ရာ ပြစ်မှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သေဆုံးသူ ဒေါ်တင်တင်မိုး ထံမှ ရွှေဆွဲကြိုး(၁)ကုံးနှင့် ရွှေလက်ကောက်(၄)ကွင်းအား ဖြုတ်ယူခဲ့ကြောင်း ဝန်ခံ ထွက်ဆိုသဖြင့် ကျန်ရှိရဲလုပ်ငန်းများ ဆောင်ရွက်ပြီး ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

Post a Comment

Previous Post Next Post