(Unicode)

နီလန်းကတော့ Myanmar Idol Season (3)ပြိုင်ပွဲကြီးမှာဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာပိုင်ဆိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။သူမကတော့ပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကိုဆက်တုက်လုပ်ကိုင်နေပေမယ့် နီလန်းကတော့ ချစ်သူဖြစ်သူကို မြန်မာအိုင်ဒေါပြိုင်ပွဲကြီးဝင်ရောက်ယှဉ်ပြိုင်နေစဉ် ဆုံးရှုံးခဲ့ရတာပါ။ ယနေ့မှာတော့ ဆုံးပါးသွားတာကြာပြီဖြစ်တဲ့ ချစ်သူနဲ့ အိပ်မက်ထဲကနေ တွေ့ခွင့်ရလို့ ပျော်နေတဲ့အကြောင်းကို “ခုတလော အိပ်မက်ထဲမှာ ဆက်တိုက်လိုလိုတွေ့နေရတယ် အရမ်းပျော်တာပေါ့…



အိပ်မက်ထဲမှာတော့ သူအသက်ရှင်နေတာလေ… အိပ်မက်ကို တကယ်ဖြစ်လာဖို့ ဖမ်းဆုတ်ထားချင်ပေမယ့်… ရမှမရတာ… ပြန်မနိုးချင်လည်း မရပြန်ဘူး… Nilen လွမ်းသလို သူလည်း လွမ်းမယ်ထင်ပါရဲ့… သူမရှိတော့တဲ့နောက်ပိုင်း မျက်ရည်နဲ့ နိုးထရတဲ့မနက်တွေလည်း မနည်းတော့ဘူး… ဒါပေမယ့်… အိပ်မက်ထဲကနေ တွေ့ခွင့်ရလို့ ပျော်ပါတယ်… အရမ်းလွမ်းတယ်ဆိုတဲ့စကားကို အခါတစ်သန်းပြောချင်တယ်…” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။



ပရိသတ်ကြီးရေ အဆိုတော်နီလန်းကတော့ ဆုံးပါးသွားတာ(၂)နှစ်ကျော်ပြီဖြစ်တဲ့ ချစ်သူကို လတ်တလောမှာ အိပ်မက်ထဲမှာ အိပ်မက်ထဲမှာ ဆက်တိုက်လိုလိုတွေ့နေရပါတယ်တဲ့။ ဒါကြောင့် ဆုံးပါးသွားတာကြာပြီဖြစ်တဲ့ ချစ်သူနဲ့ အိပ်မက်ထဲကနေ တွေ့ခွင့်ရလို့ ပျော်ပါတယ်တဲ့။

Source: Nilen Parmawi

(Zawgyi)








Source: Nilen Parmawi

Post a Comment

Previous Post Next Post