စက္တင္ဘာ ၂၉ (ယေန႔) ညတြင္ ထုတ္ျပန္ခဲ့ေသာ က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ ၇၉၅ ဦးထပ္မံေတြ႕ရွိခဲ့ကာ တစ္ရက္အတြင္း ၂၈ ဦး ထပ္မံေသဆုံးခဲ့ပါတယ္။ ျမန္မာႏိုင္ငံတြင္ အတည္ျပဳလူနာ ၁၂,၄၂၅ ဦးရွိလာၿပီျဖစ္ကာ ေသဆုံးသူ စုစုေပါင္းသည္လည္း ၂၈၄ ဦးအထိ ရွိလာခဲ့ကာ ရန္ကုန္တိုင္းသည္ ကူးစက္ခံရသူႏွင့္ ေသဆုံးသူ အမ်ားဆုံးျဖစ္ေနပါတယ္။ ယ ေန႔ စက္တင္ ဘာလ ၂၉ ရက္တြင္ ရန္ကုန္တိုင္းရွိ ေဆး႐ုံႀကီး ၉ ခုတြင္ Covid-19 ေရာဂါရွိမရွိကို အျမန္ဆုံးစစ္ေဆးႏိုင္သည့္ Antigen test Kit ျဖင့္ စတင္ စစ္ေဆးေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

စတင္ စစ္ေဆးေသာေဆး႐ုံႀကီးမ်ားမွာ ရန္ကုန္ေဆး႐ုံႀကီး၊ ရန္ကုန္ေဆး႐ုံသစ္ႀကီး၊အင္းစိန္ေဆး႐ုံ၊ သဃၤန္းကြၽန္းေဆး႐ုံ၊ ေျမာက္ဥကၠလာ ပေဆး႐ုံ၊ အေရွ႕ပိုင္း ေဆး႐ုံ၊ အေနာက္ပိုင္းေဆး႐ုံ၊ လႈိင္သာယာေဆး႐ုံႏွင့္ သံလ်င္ေဆး႐ုံတို႔ ျဖစ္ေၾကာင္း ေဒါက္တာသန္းႏိုင္စိုး က ေျပာပါ တယ္။လူဦးေရမည္မွ် စစ္ေဆးခဲ့သည္ကိုမူ စာရင္းေပါင္းေနဆဲျဖစ္ေသာေၾကာင့္ လတ္တေလာတြင္ ေျပာ၍ မရေသးေၾကာင္းကိုလည္း ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။ ယေန႔ည ၈ နာရီအခ်ိန္ MoHS ၏ ထုတ္ျပန္မႈအရ ၂၄ နာရီအတြင္း ကိုဗစ္ စစ္ေဆးမႈေပါင္း ၅၉၆၂ ခု ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ကမာၻက်န္းမာေရးအဖြဲ႕ (WHO) အသိအမွတ္ျပဳ Antigen test Kit သည္ လူတစ္ဦးစာအတြက္ ငါးေဒၚလာသာကုန္က်ေၾကာင္း ကူးစက္မႈ ေရာဂါကာကြယ္ေရးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီး က ေျပာပါတယ္။“သူရဲ႕တန္ဖိုးကေတာ့ တစ္ခုေပါ့ေနာ္။ တစ္ေယာက္စာ အတြက္ေတာ့ ငါးေဒၚလာပဲ က်ပါတယ္”ဟု ဆိုသည္။ Antingen test Kit ၏ ေဆးစစ္ရမႈလဒ္မွာမူ ၁၅ မိနစ္ မွ နာရီဝက္အတြင္းသိရွိႏိုင္ သည့္အတြက္ မ်ားစြာ အက်ိဳးေက်းဇူးရွိသည္ဟုလည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။“လွ်င္လွ်င္ျမန္ျမန္အေျဖကို သိတယ္။ သိတဲ့ အတြက္ေၾကာင့္မို႔လို႔ လိုအပ္တာေတြကို အျမန္ဆုံးဆက္လုပ္ ႏိုင္သလို ။

Positive ေတြ႕ရင္လည္း သူနဲ႔ထိမႈစပ္တဲ့ Contact ေတြကိုလည္း အျမန္ဆုံးေထာက္လွမ္းႏိုင္ပါတယ္။ ဒါက အမ်ားႀကီး အက်ိဳးေက်းဇူး ရွိ ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ လူနာရဲ႕ေဘးမွာပဲ အလြယ္ တကူလုပ္ႏိုင္တယ္။ ဘာမွ ဓာတ္ခြဲခန္းႀကီးႀကီးမားမားေတြ မလိုဘူး။ သို႔ ေသာ္ ယူတဲ့သူအေနနဲ႔ PPE ဝတ္ရမွာေပါ့ေနာ္။ ဘာလို႔လည္းဆိုေတာ့။ လူနာဟာ Positive ျဖစ္ႏိုင္တယ္လို႔ ယူဆၿပီး လိုအပ္တဲ့ အကာအ ကြယ္ေတာ့ ဝတ္ရမွာ ျဖစ္ပါတယ္” ဟု သူမက ေျပာပါတယ္။

-------------------------------------------------------------------------------------------------------------------

စက်တင်ဘာ ၂၉ (ယနေ့) ညတွင် ထုတ်ပြန်ခဲ့သော ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၇၉၅ ဦးထပ်မံတွေ့ရှိခဲ့ကာ တစ်ရက်အတွင်း ၂၈ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ ၁၂,၄၂၅ ဦးရှိလာပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်းသည်လည်း ၂၈၄ ဦးအထိ ရှိလာခဲ့ကာ ရန်ကုန်တိုင်းသည် ကူးစက်ခံရသူနှင့် သေဆုံးသူ အများဆုံးဖြစ်နေပါတယ်။ ယ နေ့ စက်တင် ဘာလ ၂၉ ရက်တွင် ရန်ကုန်တိုင်းရှိ ဆေးရုံကြီး ၉ ခုတွင် Covid-19 ရောဂါရှိမရှိကို အမြန်ဆုံးစစ်ဆေးနိုင်သည့် Antigen test Kit ဖြင့် စတင် စစ်ဆေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

စတင် စစ်ဆေးသောဆေးရုံကြီးများမှာ ရန်ကုန်ဆေးရုံကြီး၊ ရန်ကုန်ဆေးရုံသစ်ကြီး၊အင်းစိန်ဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံ၊ မြောက်ဥက္ကလာ ပဆေးရုံ၊ အရှေ့ပိုင်း ဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ လှိုင်သာယာဆေးရုံနှင့် သံလျင်ဆေးရုံတို့ ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုး က ပြောပါ တယ်။လူဦးရေမည်မျှ စစ်ဆေးခဲ့သည်ကိုမူ စာရင်းပေါင်းနေဆဲဖြစ်သောကြောင့် လတ်တလောတွင် ပြော၍ မရသေးကြောင်းကိုလည်း ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ ယနေ့ည ၈ နာရီအချိန် MoHS ၏ ထုတ်ပြန်မှုအရ ၂၄ နာရီအတွင်း ကိုဗစ် စစ်ဆေးမှုပေါင်း ၅၉၆၂ ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု Antigen test Kit သည် လူတစ်ဦးစာအတွက် ငါးဒေါ်လာသာကုန်ကျကြောင်း ကူးစက်မှု ရောဂါကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး က ပြောပါတယ်။“သူရဲ့တန်ဖိုးကတော့ တစ်ခုပေါ့နော်။ တစ်ယောက်စာ အတွက်တော့ ငါးဒေါ်လာပဲ ကျပါတယ်”ဟု ဆိုသည်။ Antingen test Kit ၏ ဆေးစစ်ရမှုလဒ်မှာမူ ၁၅ မိနစ် မှ နာရီဝက်အတွင်းသိရှိနိုင် သည့်အတွက် များစွာ အကျိုးကျေးဇူးရှိသည်ဟုလည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။“လျှင်လျှင်မြန်မြန်အဖြေကို သိတယ်။ သိတဲ့ အတွက်ကြောင့်မို့လို့ လိုအပ်တာတွေကို အမြန်ဆုံးဆက်လုပ် နိုင်သလို ။

Positive တွေ့ရင်လည်း သူနဲ့ထိမှုစပ်တဲ့ Contact တွေကိုလည်း အမြန်ဆုံးထောက်လှမ်းနိုင်ပါတယ်။ ဒါက အများကြီး အကျိုးကျေးဇူး ရှိ ပါတယ်။ နောက်တစ်ချက်ကတော့ လူနာရဲ့ဘေးမှာပဲ အလွယ် တကူလုပ်နိုင်တယ်။ ဘာမှ ဓာတ်ခွဲခန်းကြီးကြီးမားမားတွေ မလိုဘူး။ သို့ သော် ယူတဲ့သူအနေနဲ့ PPE ဝတ်ရမှာပေါ့နော်။ ဘာလို့လည်းဆိုတော့။ လူနာဟာ Positive ဖြစ်နိုင်တယ်လို့ ယူဆပြီး လိုအပ်တဲ့ အကာအ ကွယ်တော့ ဝတ်ရမှာ ဖြစ်ပါတယ်” ဟု သူမက ပြောပါတယ်။

Post a Comment

Previous Post Next Post