အိႏၵိယႏိုင္ငံက အမ်ိဳးသား တစ္ေယာက္ဟာ မိမိ မွာ ကိုဗစ္ျဖစ္ ေနတယ္လို႔ ဇနီးကို လိမ္ညာၿပီးမ ယားငယ္ အိမ္ကို သြားေရာက္ ေနထိုင္ခဲ့ပါတယ္။သူဟာ ကိုဗစ္ျဖစ္ၿပီလို႔ သတင္းလႊင့္ ၿပီးေနာ က္ (၂) ၾကာသည္အထိ ဘယ္သူနဲ႔မွ အဆက္အသြယ္မရခဲ့ပါဘူး။ မသကၤာလို႔ စုံစမ္းမိခ်ိန္မွ အဲဒီအမ်ိဳး သားမွာ တိတ္တိတ္ပုန္း ခ်စ္သူ ရွိေၾကာင္း မယား ႀကီးက သိခဲ့ရတာပါ။ အ ဆိုပါ အမ်ိဳးသားဟာ အ သက္ (၂၈)ႏွစ္ျဖစ္ၿပီး သူမွာကိုဗစ္ျဖစ္ေနလို႔ ဇနီးအေနနဲ႔ လိုက္မရွာဖို႔အေၾကာင္း၊

ဒီပိုးေၾကာင့္ သူကေတာ့ လူ႔ဘဝမွာေတာင္ ေနခ်င္စိတ္ မရွိေတာ့ေၾကာင္း တျခား သူေတြကို ပိုးကူးမွာစိုးလို႔ သတ္ မွတ္ထားတဲ့ ေနရာမွာ သီးျခား ေနထိုင္ရမွာ ျဖစ္တဲ့ အေၾကာင္း၊ ေရာဂါေပ်ာက္လို႔ အေျခအေနေကာင္းတာနဲ႔ ဘယ္ကို ဆက္သြယ္ရ မယ္ဆိုတာေျပာမယ္လို႔ လွ ည့္စားခဲ့ တာပါ။ အဲဒီအမ်ိဳးသားဟာ Navi Mumbai မွာ ေနထိုင္သူပါ။ သူဟာ ဇူ လိုင္ (၂၄)ရက္ကတည္းက အဆက္အသြယ္ မရေတာ့ဘဲ ေပ်ာက္ဆုံး သြားခဲ့ပါတယ္။ ဒီၾကားကာ လမွာ မယားႀကီးျဖစ္သူက


ခင္ပြန္းအေနနဲ႔ ေရာဂါေၾကာင့္ စိတ္ညစ္ၿပီး တစ္ခုခု လုပ္သြားမွာကိုေတြ ပူခဲ့ရွာပါတယ္။ ဒါေပမယ့္ ဘသားေခ်ာက မယား ငယ္လို႔ ေျပာလို႔ရတဲ့ အိမ္မွာ စည္းစိမ္ အျပည့္နဲ႔ ႏွပ္ေနခဲ့တာပါတဲ့။ ခင္ပြန္းျဖစ္ သူဟာ ဇနီးထံကို ဇူလိုင္ (၂၄) ရက္က ေနာက္ဆုံး ဖုန္းဆက္ခဲ့ၿပီးဇနီးက မွာဖို႔ၾကားဖို႔ ဖုန္းျပန္ဆက္ လိုက္တဲ့ ခ်ိန္မွာေတာ့ စက္ကို ပိတ္ထားလိုက္ ၿပီလို႔ သိရပါတယ္။


ရက္ အ တန္ ၾကာတဲ့အခါမွာ အမ်ိဳးသမီးဟာ သူမရဲ႕ေမာင္ျဖစ္သူ အကူအညီနဲ႔ ခင္ပြန္း ေပ်ာက္ဆုံးေၾကာင္း ရဲစခန္းမွာ လူေပ်ာက္ တိုင္ခဲ့ပါတယ္။ရဲေတြကလည္း တရားဝင္ Q စင္တာ ေတြထံ လူေ ပ်ာက္တိုင္ခံရသူရဲ႕ ကိုယ္ေရး အခ်က္လက္ကိုပို႔ေပးၿပီး စုံစမ္းဖို႔ ေတာင္းဆိုခဲ့ ပါတယ္ ဒီမွာတင္ ပဲ မသကၤာစရာ ေတြဆက္တိုက္ ေပၚလာခဲ့ပါတယ္ ရဲတပ္ဖြဲ႕ဝင္ေတြဟာ လူေပ်ာက္ တိုင္ခံရသူ


ရဲ႕ ဆိုင္ကယ္၊ ဦးထုပ္၊ ဟဲလ္မတ္၊ ေဘးေဆာင္လြယ္အိတ္ တို႔ကို Vashi ၿမိဳ႕က လမ္းအပိုင္ (၁၇) အနီးမွာ ရွာေဖြပုံစံနဲ႔ သိမ္းဆည္ ႏိုင္ခဲ့ပါတယ္။ တကိုယ္ေရ လြတ္လမ္းရွာ သြားတဲ့ပုံစံ ဖန္တီးထားတာဆိုေပမယ့္ လူကိုေတာ့ မေတြ႕ခဲ့ရပါဘူး။ေနာက္ဆုံးေတာ့ ဇနီးရဲ႕အသိုင္းအဝိုင္းက ဒီလူ႔မွာ မယားငယ္ ရွိတယ္ဆိုတာကစ သိသြားပါ ေတာ့တယ္။ ဖုန္းေနာက္ဆုံ ေျပာထားတဲ့ လိုေကးရွင္းကေန တစ္လနီးပါးၾကာ ေျခရာခံလိုက္တဲ့အခါမွာေတာ့ အဲဒီအမ်ိဳးသားကို ရဲတပ္ဖြဲ႕ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။


သူ႔ကို ေတြ႕ရတဲ့ေနရာက Navi Mumbaiၿမိဳ႕နဲ႔ မိုင္ (၃၆၀) အကြာက Indore ၿမိဳ႕မွာ မယား ငယ္အိမ္ မွာ ျဖစ္ပါတယ္။ စက္တင္ဘာ(၁၅)ရက္မွာ အဲဒီအမ်ိဳးသားကို ဖမ္းဆီးခဲ့ၿပီး၊ ရဲက သူ႔ကို စည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္ အေရးယူမွာျဖစ္သလို၊ မယားႀကီးမိသားစုကလည္း တရားစြဲဖို႔ ျပင္ဆင္ေနပါတယ္။

-----------------------------------------------------------------------

အိန္ဒိယနိုင်ငံက အမျိုးသား တစ်ယောက်ဟာ မိမိ မှာ ကိုဗစ်ဖြစ် နေတယ်လို့ ဇနီးကို လိမ်ညာပြီးမ ယားငယ် အိမ်ကို သွားရောက် နေထိုင်ခဲ့ပါတယ်။သူဟာ ကိုဗစ်ဖြစ်ပြီလို့ သတင်းလွှင့် ပြီးနော က် (၂) ကြာသည်အထိ ဘယ်သူနဲ့မှ အဆက်အသွယ်မရခဲ့ပါဘူး။ မသင်္ကာလို့ စုံစမ်းမိချိန်မှ အဲဒီအမျိုး သားမှာ တိတ်တိတ်ပုန်း ချစ်သူ ရှိကြောင်း မယား ကြီးက သိခဲ့ရတာပါ။ အ ဆိုပါ အမျိုးသားဟာ အ သက် (၂၈)နှစ်ဖြစ်ပြီး သူမှာကိုဗစ်ဖြစ်နေလို့ ဇနီးအနေနဲ့ လိုက်မရှာဖို့အကြောင်း၊


ဒီပိုးကြောင့် သူကတော့ လူ့ဘဝမှာတောင် နေချင်စိတ် မရှိတော့ကြောင်း တခြား သူတွေကို ပိုးကူးမှာစိုးလို့ သတ် မှတ်ထားတဲ့ နေရာမှာ သီးခြား နေထိုင်ရမှာ ဖြစ်တဲ့ အကြောင်း၊ ရောဂါပျောက်လို့ အခြေအနေကောင်းတာနဲ့ ဘယ်ကို ဆက်သွယ်ရ မယ်ဆိုတာပြောမယ်လို့ လှ ည့်စားခဲ့ တာပါ။ အဲဒီအမျိုးသားဟာ Navi Mumbai မှာ နေထိုင်သူပါ။ သူဟာ ဇူ လိုင် (၂၄)ရက်ကတည်းက အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံး သွားခဲ့ပါတယ်။ ဒီကြားကာ လမှာ မယားကြီးဖြစ်သူက




ခင်ပွန်းအနေနဲ့ ရောဂါကြောင့် စိတ်ညစ်ပြီး တစ်ခုခု လုပ်သွားမှာကိုတွေ ပူခဲ့ရှာပါတယ်။ ဒါပေမယ့် ဘသားချောက မယား ငယ်လို့ ပြောလို့ရတဲ့ အိမ်မှာ စည်းစိမ် အပြည့်နဲ့ နှပ်နေခဲ့တာပါတဲ့။ ခင်ပွန်းဖြစ် သူဟာ ဇနီးထံကို ဇူလိုင် (၂၄) ရက်က နောက်ဆုံး ဖုန်းဆက်ခဲ့ပြီးဇနီးက မှာဖို့ကြားဖို့ ဖုန်းပြန်ဆက် လိုက်တဲ့ ချိန်မှာတော့ စက်ကို ပိတ်ထားလိုက် ပြီလို့ သိရပါတယ်။


ရက် အ တန် ကြာတဲ့အခါမှာ အမျိုးသမီးဟာ သူမရဲ့မောင်ဖြစ်သူ အကူအညီနဲ့ ခင်ပွန်း ပျောက်ဆုံးကြောင်း ရဲစခန်းမှာ လူပျောက် တိုင်ခဲ့ပါတယ်။ရဲတွေကလည်း တရားဝင် Q စင်တာ တွေထံ လူေ ပျာက်တိုင်ခံရသူရဲ့ ကိုယ်ရေး အချက်လက်ကိုပို့ပေးပြီး စုံစမ်းဖို့ တောင်းဆိုခဲ့ ပါတယ် ဒီမှာတင် ပဲ မသင်္ကာစရာ တွေဆက်တိုက် ပေါ်လာခဲ့ပါတယ် ရဲတပ်ဖွဲ့ဝင်တွေဟာ လူပျောက် တိုင်ခံရသူ




ရဲ့ ဆိုင်ကယ်၊ ဦးထုပ်၊ ဟဲလ်မတ်၊ ဘေးဆောင်လွယ်အိတ် တို့ကို Vashi မြို့က လမ်းအပိုင် (၁၇) အနီးမှာ ရှာဖွေပုံစံနဲ့ သိမ်းဆည် နိုင်ခဲ့ပါတယ်။ တကိုယ်ရေ လွတ်လမ်းရှာ သွားတဲ့ပုံစံ ဖန်တီးထားတာဆိုပေမယ့် လူကိုတော့ မတွေ့ခဲ့ရပါဘူး။နောက်ဆုံးတော့ ဇနီးရဲ့အသိုင်းအဝိုင်းက ဒီလူ့မှာ မယားငယ် ရှိတယ်ဆိုတာကစ သိသွားပါ တော့တယ်။ ဖုန်းနောက်ဆုံ ပြောထားတဲ့ လိုကေးရှင်းကနေ တစ်လနီးပါးကြာ ခြေရာခံလိုက်တဲ့အခါမှာတော့ အဲဒီအမျိုးသားကို ရဲတပ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။




သူ့ကို တွေ့ရတဲ့နေရာက Navi Mumbaiမြို့နဲ့ မိုင် (၃၆၀) အကွာက Indore မြို့မှာ မယား ငယ်အိမ် မှာ ဖြစ်ပါတယ်။ စက်တင်ဘာ(၁၅)ရက်မှာ အဲဒီအမျိုးသားကို ဖမ်းဆီးခဲ့ပြီး၊ ရဲက သူ့ကို စည်းမျဉ်းချိုးဖောက်မှုအတွက် အရေးယူမှာဖြစ်သလို၊ မယားကြီးမိသားစုကလည်း တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

Post a Comment

Previous Post Next Post