(Unicode)

သင်္ဃန်းကျွန်းမှ ယနေ့မနက် ပိုးတွေ့ (၇၃)ယောက်လုံး မြူးဇစ်ဇုန် ကေတီဗီ ကဖြစ်နေ

ဒီနေ့မနက် သင်္ဃန်းကျွန်းမြို့နယ်မှာ ပိုးတွေ့လူနာသစ် ၇၃ယောက်တွေ့ခဲ့ပြီး ဒီလူနာတွေဟာ မြူးဇစ်ဇုန်ကဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက ပြောပါတယ်။

လူနာနံပါတ် ၇၄၁ နဲ့ဆက်စပ်ပြီး၊ မြူးဇစ်ဇုန်မှာဘဲ ကွာရတင်းထားရာကနေ ဓာတ်ခွဲနမူနာယူ စစ်ဆေးရာက ရောဂါပိုးတွေ့ရှိတာဖြစ်ကြောင်း ဆိုပါတယ်။

“အကုန်လုံး မြူးဇစ်ဇုန် ကပါ။ ဆက်စပ်ပြီးကူးခံရတာပါ။”ဟု သူကပြောပါတယ်။



မြူးဇစ်ဇုန်ဟာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာဖွင့်လှစ်ထားပြီး၊စားသောက်ဆိုင်၊စင်တင်တေးဂီတနဲ့ ကေတီဗီ ပါတွဲပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။

လူနေထူထပ်တဲ့ ရန်ကုန်မှာတော့ ပိုးတွေ့လူနာအရေအတွက်ဟာ စက်တင်ဘာလ၉ရက် မနက်ပိုင်းအထိ စုစုပေါင်းအတည်ပြုလူနာအရေအတွက်ဟာ ၉၇၁ယောက်အထိရှိသွားပါပြီ။

 (Zawgyi)

သဃၤန္းကြၽန္းမွ ယေန႔မနက္ ပိုးေတြ႕ (၇၃)ေယာက္လုံး ျမဴးဇစ္ဇုန္ ေကတီဗီ ကျဖစ္ေန

ဒီေန႔မနက္ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာသစ္ ၇၃ေယာက္ေတြ႕ခဲ့ၿပီး ဒီလူနာေတြဟာ ျမဴးဇစ္ဇုန္ကျဖစ္ေၾကာင္း သဃၤန္းကြၽန္းၿမိဳ႕နယ္က်န္းမာေရးဦးစီးမႉး ေဒါက္တာေစာေအာင္ေ႐ႊျဖဴက ေျပာပါတယ္။

လူနာနံပါတ္ ၇၄၁ နဲ႔ဆက္စပ္ၿပီး၊ ျမဴးဇစ္ဇုန္မွာဘဲ ကြာရတင္းထားရာကေန ဓာတ္ခြဲနမူနာယူ စစ္ေဆးရာက ေရာဂါပိုးေတြ႕ရွိတာျဖစ္ေၾကာင္း ဆိုပါတယ္။

“အကုန္လုံး ျမဴးဇစ္ဇုန္ ကပါ။ ဆက္စပ္ၿပီးကူးခံရတာပါ။”ဟု သူကေျပာပါတယ္။



ျမဴးဇစ္ဇုန္ဟာ သဃၤန္းကြၽန္းၿမိဳ႕နယ္ သုမဂၤလာလမ္းမွာဖြင့္လွစ္ထားၿပီး၊စားေသာက္ဆိုင္၊စင္တင္ေတးဂီတနဲ႔ ေကတီဗီ ပါတြဲၿပီးဖြင့္လွစ္ထားတာျဖစ္ပါတယ္။

လူေနထူထပ္တဲ့ ရန္ကုန္မွာေတာ့ ပိုးေတြ႕လူနာအေရအတြက္ဟာ စက္တင္ဘာလ၉ရက္ မနက္ပိုင္းအထိ စုစုေပါင္းအတည္ျပဳလူနာအေရအတြက္ဟာ ၉၇၁ေယာက္အထိရွိသြားပါၿပီ။


Post a Comment

Previous Post Next Post