(Zawgyi)
(Unicode)
ယုန်လေးနဲ့ မြင့်မြတ်ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူ အသီးသီးရရှိပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ ယုန်လေးနဲ့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတူတူပါဝင်သရုပ်ဆောင်သလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် သွေးသားရင်း
ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီပေးနေကြတဲ့ သူငယ်ချင်းနှစ်ယောက်က အခက်အခဲဖြစ်နေကြချိန်မှာ စိတ်ရောလူပါ အကူအညီပေးကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ယုန်လေးက
သူ အခက်အခဲဖြစ်နေချိန်မှာ ဘေးနားကနေ စိတ်ရောလူပါ ကူညီပေးတဲ့ သူငယ်ချင်းမြင့်မြတ်ရဲ့ စီးပွားရေးလုပ်ငန်းသစ်ကို ဝန်းရံကြော်ငြာပေးခဲ့တာကို တွေ့ရပါတယ်။ ယုန်လေးက မြင့်မြတ်ရဲ့ စီးပွားရေးခြေလှမ်းသစ်ဖြစ်တဲ့ ကလေးပစ္စည်းအရောင်းဆိုင်အတွက် K ညီ၊ ထူးခြား၊ မြင့်မြတ်တို့နဲ့အတူတူ ကြော်ငြာရိုက်ကူးပေးခဲ့ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေလည်း ဝန်းရံပေးခဲ့ပါသေးတယ်။ ယုန်လေးနဲ့
မြင့်မြတ်ကတော့ သွေးသားမတော်စပ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ထားရှိတဲ့ မေတ္တာတရားကတော့ အရမ်းကို ဖြူစင်လွန်းလှပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Post a Comment
Previous Post Next Post