ပရိသတ်ကြီးရေ ကိုဗစ်ကတော့ လူမျိုးမရွေးကူးဆက်ခံနေရတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မိုးညှင်းမြို့က ကလေးအထူးကု ဆရာဝန်တစ်ဦးဟာ ကိုဗစ် ကလေးလူနာကိုကုသရင်း ကိုဗစ် ရောဂါပိုးကူးစက်ခံရတာပဲဖြစ်ပါတယ်။ ဒေါက်တာကျော်လှိုင်ထွေးက သူ ကိုဗစ်ကူးခံရတာကိုယခုလို လူမှုကွန်ယက်ပေါ်တင်ထားတာပဲဖြစ်ပါတယ်။



“ကျနော် ကူးစက်ခံ ရပါပြီ Positive ပါခင်ဗျာ ကျနော်နဲ့ ထိတွေ့ခဲ့တဲ့ လူနာများ ဆေးရုံကို ဆက်သွယ်ပေးပါ ခင်ဗျာ ကျနော် ph ပြန် ပြောဖို့ကို အဆင်မပြေလောက်အောင် တောက်လျောက်ဆက်နေကြလို့ ကျေးဇူးပြုပြီး ဆေးရုံကိုပဲ ဆက်သွယ်ပေးကြပါခင်ဗျာ။ဒီ positive လူနာ သမီးလေးကို လူနာအဖြစ်ပဲ သွားကြညိ့ရမယ်လို့ ပဲထင်ခဲ့တာ အခုတော့ ကိုယ်တိုင် Positive လူနာ ဖြစ်လို့ အတူတူ Isolation Ward ထဲ မှာ နေ နေရပါ့ပီ ကိုယ်တိုင် positive ဖြစ်တယ်လို့ သိသိရချင်းမှာ အဲ့ ဒီ သမီးလေးအတွက် အရုပ်လေး ဝယ်ပို့ပေးဖို့ Zin Min Htet ကို အကူအညီတောင်းဆို ခဲ့ပြီး ကိုယ်တိုင် ယူသွားပေးခဲ့တယ် သမီးလေး ရဲ့ မျကိနာ ပျော်ရွှင် သွားတာ မြင်တော့ ကိုယ့်ရဲ့ ကြောက်စိတ် တွေ တဝက်လျော့သွား ရပါတယ် …. ကျနော် ကံ ဆိုးစွာနဲ့ positive ဖြစ်ပါပြီ … ဒီ ရက်ပိုင်းအတွင်း ကျနော့်ဆေးခန်း မှာ ပြသထားတဲ့ လူနာ တွေ မိမိရဲ့ နီးစပ်ရာ ကျန်းမာရေးဌာန ကို အကြောင်းကြားပေးပါခင်ဗျာ ဘယ်သူတွေ ပြ ထားမှန်း ကျနော် မမှတ်မိ တော့လို့ပါ … အားလုံးကို တကယ် အားနာ ရပါတယ် ကျနော့်ကြောင့် အကုန် အဆင်မပြေရလို့ ကျနော် တောင်းပန်ပါတယ်ခင်ဗျာ ကျနော်နဲ့ ထိတွေ့ ထားတဲ့ လူနာများ ဆေးရုံမှာ လာရောက် အကြောင်းကြားပေးပါခင်ဗျာ …အခုထိတော့ ကျနော် တို့ အားလုံး နေကောင်းကျန်းမာနေပါတယ် အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ ph ခေါဆိုမှူ့များ Messenger များကို ပြန်မဖြေနိင်တော့တာကို နားလည် ခွင့်လွှတ်ပေးကြပါခင်ဗျာ ကျနော် အကြောက်ဆုံး အရာကတော့ ကျနော့် ward ထဲက ပေါင်မပြည့် လ မစေ့ အမွှာ တစ်စုံနဲု့ နောကိတစိယောက် တစ်ခုခု ဖြစ်မှာ ဆိုး တာပါ ခင်ဗျာ အမွှာလေးကို သူတို့ ဆေးရုံ ဆင်းရင် ဆင်တူ ဂါဝန်လေး ဝယ်ပေးမယ်လို့ ကတိပေးထားတာလေး ကျနော် တည်ခွင့် ရချင်လိုက်တာ 😞ကျနော့်ကို ph ဆက် အားပေးရင် ကျနော် ဝမ်းနည်း လာပါတယ် တတ်နိင်သမျှ ph မဆက်ပေးကြပါနဲ့ ခင်ဗျာ 😞” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။


ကိုဗစ်ရှေ့တန်းကနေတိုက်နေရတဲ့ ဆရာဝန်တွေအားလုံးအမြန်ဆုံးနေကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။ ပရိသတ်ကြီးလဲကိုဗစ်ကာလမှာ ကျန်းမာရေးဂရုစိုက်ကြပါနော်


Swelsone News

Post a Comment

Previous Post Next Post