ရန္ကုန္တိုင္းေဒသႀကီးရွိ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ လူစည္ကားလ်က္ရွိေသာ စံျပငါးေဈးႀကီးတြင္ စက္တင္ဘာ၂၅ ရက္ထဲ Covid-19 ပိုးေတြ႕လူနာ ၈၉ ဦး ေတြ႕ရွိရေၾကာင္း သိရသည္။

” ပိုးေတြ႕လူနာ အေယာက္ ၈၀ ေက်ာ္ဆိုတာက အမွန္တကယ္ ငါးေဈးကလား။အျပင္လူပါလားဆိုတာကို တိုင္းက်န္းမာေရးက ပို႔ေပးတာကို ၿမိဳ႕နယ္ က်န္းမာေရးက လူခြဲထုတ္ေနတုန္းပါ။ တိတိ က်က် မသိရေသးပါဘူး။

စံျပငါးေဈးက နဂိုကတည္းက အေရာင္းအ၀ယ္ လူစည္ကားတဲ့ ေဈးဆိုေတာ့ လက္ရွိအခ်ိန္ထိကေတာ့ ဖြင့္ထားတုန္းပါပဲ။ လုံးဝ ပိတ္တာမ်ိဳးေတာ့ ေလာ ေလာဆယ္ မရွိေသးပါဘူး။

ဒီေဈးပိတ္သင့္ မပိတ္သင့္ဆိုတာကေတာ့ က်န္းမာေရးဌာနနဲ႔ စည္ပင္နဲ႔က ဒါကိုစဥ္းစားရမွာေပါ့။ ဆိုင္ခန္းေတြကေတာ့ တခ်ိဳ႕ေ႐ႊပိေတာက္ငါးေဈးမွာ သြား ေရာင္းရင္း ပိတ္တာရွိတယ္။ေရာဂါျဖစ္လို႔ ပိတ္တာလည္းရွိၾကပါတယ္ ” ဟု ျကည့္ျမင္တိုင္ၿမိဳ႕နယ္ တိုင္း‌ကိုယ္စားလွယ္ ဦးေက်ာ္နႏၵေအာင္မွ ေျပာသည္။


စက္တင္ဘာ၂၆ ရက္ ည‌‌ ၈ နာရီအထိ Covid-19 ဓါတ္ခြဲအတည္ျပဳ လူနာ ၉၉၉၁ ဦး၊ေဆး႐ုံဆင္းသူ ၂၆၈၁ ဦးႏွင့္ ေသဆုံးသူ ၁၉၈ဦး ရွိေၾကာင္း သိရသည္။


-----------------------------------------------------------------


ရန်ကုန်တိုင်းဒေသကြီးရှိ ကြည့်မြင်တိုင်မြို့နယ်ရှိ လူစည်ကားလျက်ရှိသော စံပြငါးဈေးကြီးတွင် စက်တင်ဘာ၂၅ ရက်ထဲ Covid-19 ပိုးတွေ့လူနာ ၈၉ ဦး တွေ့ရှိရကြောင်း သိရသည်။




” ပိုးတွေ့လူနာ အယောက် ၈၀ ကျော်ဆိုတာက အမှန်တကယ် ငါးဈေးကလား။အပြင်လူပါလားဆိုတာကို တိုင်းကျန်းမာရေးက ပို့ပေးတာကို မြို့နယ် ကျန်းမာရေးက လူခွဲထုတ်နေတုန်းပါ။ တိတိ ကျကျ မသိရသေးပါဘူး။


စံပြငါးဈေးက နဂိုကတည်းက အရောင်းအဝယ် လူစည်ကားတဲ့ ဈေးဆိုတော့ လက်ရှိအချိန်ထိကတော့ ဖွင့်ထားတုန်းပါပဲ။ လုံးဝ ပိတ်တာမျိုးတော့ လော လောဆယ် မရှိသေးပါဘူး။


ဒီဈေးပိတ်သင့် မပိတ်သင့်ဆိုတာကတော့ ကျန်းမာရေးဌာနနဲ့ စည်ပင်နဲ့က ဒါကိုစဉ်းစားရမှာပေါ့။ ဆိုင်ခန်းတွေကတော့ တချို့ရွှေပိတောက်ငါးဈေးမှာ သွား ရောင်းရင်း ပိတ်တာရှိတယ်။ရောဂါဖြစ်လို့ ပိတ်တာလည်းရှိကြပါတယ် ” ဟု ကြည့်မြင်တိုင်မြို့နယ် တိုင်း‌ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်မှ ပြောသည်။


စက်တင်ဘာ၂၆ ရက် ည‌‌ ၈ နာရီအထိ Covid-19 ဓါတ်ခွဲအတည်ပြု လူနာ ၉၉၉၁ ဦး၊ဆေးရုံဆင်းသူ ၂၆၈၁ ဦးနှင့် သေဆုံးသူ ၁၉၈ဦး ရှိကြောင်း သိရသည်။


Post a Comment

Previous Post Next Post