(Unicode)

ကိုဗစ်-၁၉ပိုး လေထဲက ကူးတဲ့သက်သေအဖြစ် အပေါ်ထပ် နဲ့အောက်ထပ် အဆက်အစပ်မရှိပဲ ကူးစက်ခြင်းဖြစ်ပေါ်တဲက ဖြစ်ရပ်ဆန်းတစ် ခုကို သတိထားနိုင်စေရန် ဖော်ပြလိုက်ပါတယ်။အားလုံးပဲ ဆင်ခြင် သတိထားနိုင်ကြပါစေ။ဖြစ်ပွားတဲ့နေရာ ကတော့ မော်လမြိုင်မြို့ပေါ်က ရွှေ တောင်ရပ်မှာ အောက်ထပ် မှာနေတဲ့ မိသားစုကနေ အပေါ်ထပ်မိသားစုကို ကူးတာပါ ။

မိသားစုခြင်း အချင်းချင်းအဆက်အစပ်မရှိပါဘူး။ အောက်ထပ်က မိသားစုက အစ္စလမ် ပါ။အပေါ်ထပ်က မိသားစုက တရုတ် ပါ။ အောက် ထပ်က ဦးလေးက ဆေးရုံရောက်တာနဲ့ ဆုံးပါတယ် မိန်းမ မှာ ရောဂါ ပိုးတွေ့ပါတယ်။ ဒါနဲ့ အိမ်ကို Lockdown ချဖို့ ပရဟိတ သမားတွေ လာတော့ အပေါ်ထပ်တရုတ်အိမ်က သူလည်းအနံ့မရ လို့ သူ့ပါခေါ်သွားပါ ပြောလို့ ခေါ်တင် ခဲ့ပါတယ်။


စစ်တော့ ကိုဗစ်ပိုးတွေ့ပါတယ်။ ဒါနဲ့ အပေါ်ထပ် တစ်အိမ်လုံး Q ဝင်ရပါတယ် ။ နောက်တစ်နေ့ ထပ်စစ်တော့ အပေါ်ထပ် အိမ်သားထဲက လေဖြတ်နေတဲ့ အဖိုးနဲ့ သူ့သမီးမှာ ကိုဗစ် ထပ်တွေ့ပါတယ်။ ဒါကြောင့် ပေါ့ပေါ့ ဆဆ မနေကြပါနဲ့ ။ လူတွေ အကူးအသန်း အသွားအလာ မရှိတောင် ကိုဗစ်ပိုးက လေထုထဲမှာ ကူးဖို့ စောင့်နေဆိုတာ ဂရုပြုပါလို့ သတိပေးလိုက်ပါတယ်။

Crd: Nilar Lin


(Zawgyi)






Crd: Nilar Lin

Post a Comment

Previous Post Next Post