(Unicode)

တိုင်းပြည်အတွက် အကောင်းဆုံး ခေါင်းဆောင်မည့်သူများကပြည်သူ့ရင်ကို ထိစေမယ့်အန္တရာယ်အကင်းဆုံး မဲဆွယ်နည်းနဲ့ ဆွယ်နိုင်ကြ ပါစေလို့မေတ္တာရပ်ခံ အကြံပြုအပ်ပါတယ် ။အားလုံးကို လေးစား တန်ဖိုးထားစွာဖြင့် ဆိုပြီး ပရဟိတမင်းသားကြီး ‌ဝေဠုကျော်က မေတ္တာ ရပ်ခံလိုက်ပါတယ်။

စိုး ရိမ်စိတ်ဖြင့်ရေးမိပါသည် ခေတ်မှီတိုးတက်လာတဲ့ယခုခေတ်ကြီးထဲမှာ လူတိုင်းလိုလို ဖုန်းကိုင်ကြပါတယ်။ မိသားစုတိုင်းမှာ Onlineသုံး တဲ့သူတွေရှိပါတယ်။ stay homeနေကြရလို့ အချိန်တော်တော်များများဖုန်းသုံးတဲ့ သူတွေ များပါတယ်။ စည်းရုံးရေးကာလမို့ မဲဆွယ်ချင် ကြတယ်ဆိုလိုင်းပေါ်ကနေ ဆွယ်တာပို ထိရောက်မယ်လို့ယူဆမိပါတယ်။


တော်တော်များများကလဲ ကိုယ်မဲပေးချင်တဲ့ပါတီကို ရွေးပြီးသား ဖြစ်နေကြ‌လောက်ပြီ ထင်ပါတယ် ။ အခုလို ကိုဗစ်ကူးဆက်မှု့ မြင့်တက်‌ နေတဲ့ အချိန်မျိုးမှာ ၊လူတွေအများကြီး အပြင်ထွက်နေကြလို့တစ်နိုင်ငံလုံး ယခုထက် ပိုပြီး ကူးဆက်သွားမှာကို အကြီးကြီး စိုးရိမ်မိပါတယ် ။ဒီအချိန်မှာ ကိုဗစ် ကူဆက်ပြန့်ပွားမှု့ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်တကယ်တိုက်ပွဲဝင်နေရတဲ့သူတွေကို။

အတတ်နိုင်ဆုံး အိမ်မှာနေ‌ပေးခြင်းဖြင့် အကောင်းဆုံးကူညီသင့်ပါတယ်။ခုချိန်မှာ ဘယ်အရောင်ပဲ ဖြစ်ဖြစ်ပါလူစုလူဝေးကြီးနဲ့ အင်အားပြ နေကြသူတွေကိုသက်ဆိုင်ရာ ခေါင်းဆောင်တွေကထိမ်းထိမ်း သိမ်းသိမ်းလုပ်‌ပေးကြပါလို့တောင်းပန်ပါရစေ။

Source:‌ ဝေဠုကျော်


(Zawgyi)







Source:‌ ဝေဠုကျော်

Post a Comment

Previous Post Next Post