စာအရွည္ႀကီးေရးဖို႔လဲ မအားတာေၾကာင့္ လိုတိုရွင္း ေရးလိုက္ပါတယ္။


ကိုဗစ္ပထမလႈိင္းနဲ႔ ဒုတိယလႈိင္းဟာ ႏႈိင္းယွဥ္လိုက္ရင္ အဆ ၉၀ ကြာပါတယ္ ။


ဘယ္လိုေၾကာင့္ပါလိမ့္ဆို ရွင္းပါ့မယ္…


ပထမလႈိင္းမွာ လူနာစေတြ႕သည့္ မတ္လ ၂၃ မွ လူနာ ၃၇၄ ေယာက္ျဖစ္ဖို႔ ၂၁ ပတ္ၾကာပါတယ္ တစ္ပတ္ကို ၁၆ ေယာက္ႏႈန္းျဖစ္ပါတယ္။

 


သို႔ေသာ္ ဒုတိယလႈိင္းစတင္သည့္ လူနာ ၃၇၅ မွ ၉၉၉၁ ျဖစ္ဖို႔ ၆ ပတ္ပဲၾကာပါတယ္ တစ္ပတ္ကို ၁,၆၀၃ ေယာက္ ပိုးေတြ႕ပါတယ္ ဒါဆိုအဆ ၉၀ ကြာတာသိေလာက္ၿပီထင္ပါတယ္။ ထို႔နည္းတူပထမလႈိင္းမွာ ေသသူ ၆ ေယာက္ပဲရွိေပမဲ့ ဒုတိယလႈိင္းမွာ ယခုအခ်ိန္အထိေသသူ ၁၉၂ ေယာက္ရွိပါတယ္။ ေသသူ စုစုေပါင္း ၁၉၈ ေယာက္ကို ခြဲျခမ္းစိတ္ျဖာၾကည့္လွ်င္ ၆၀ အထက္ ၁၃၇ ေယာက္ရွိၿပီး စုစုေပါင္းေသဆုံးသူ၏ ၆၉% ရွိေနတာကို ေတြ႕ရမွာပါ။အမ်ိဳးသားေသဆုံးမႈကအမ်ားဆုံးျဖစ္ၿပီး ၁၂၈ ဦးရွိကာ ၆၅% ရွိပါတယ္ အမ်ိဳးသမီးေသဆုံးမႈက ၇၀ဦးရွိၿပီး ၃၅% ရွိပါတယ္ က်ားမ ေသဆုံးမႈအခ်ိဳး ၂:၁ ျဖစ္ပါတယ္။

ဒီေနရာမွာ အသက္ ၆၀ အထက္ေသဆုံးသူေတြဟာ အျပင္ထြက္လို႔ အုပ္စုဖြဲ႕စားေသာက္လို႔ social gathering ေဆာင္႐ြက္လို႔မဟုတ္ပဲ မိသားစုဝင္ေတြဆီက ကူးစက္ခံရတာ ျဖစ္ေၾကာင္းလဲ ဝမ္းနည္းဖြယ္ရာ ေတြ႕ရွိရပါတယ္။နဂိုထဲက အသက္ႀကီးသူ ေနာက္ခံေရာဂါရွိသူဟာ အႏၲရာယ္ရွိေၾကာင္း US CDC ကေတြ႕ရွိခ်က္ကို အက်ယ္ေရးျပၿပီးျဖစ္ပါတယ္။ေသဆုံးရတဲ့အဓိက အေၾကာင္းရင္းမွာလည္း ေဆး႐ုံအေရာက္ေနာက္က်တာ တခ်ိဳ႕ဆို ေသၿပီးမွ အေလာင္းအျဖစ္နဲ႔ေဆး႐ုံေရာက္ရာက ဓာတ္ခြဲနမူနာယူၿပီးစစ္လို႔သာ ပို႔ေတြ႕မွန္းသိရတာျဖစ္ပါတယ္။


ဒီေတာ့ကာ ျပည္သူေတြကို ေမတၱာနဲ႔ သတိေပးလိုတာကေတာ့ မိမိရဲ႕ မိဘ ဘိုးဘြား ေတြကို ခ်စ္ခင္တယ္ ျမတ္ႏိုးတယ္ တန္ဖိုးထားတယ္ဆိုရင္ မိမိတို႔ကိုယ္တိုင္က ေရာဂါကူးစက္ျခင္းမခံရေလေအာင္ ျပဳမူေနထိုင္ဖို႔ အထူးအေရးႀကီးလွပါတယ္ ဒီမိဘ ဘိုးဘြားေတြဟာ သူတို႔ေတြရဲ႕ငယ္႐ြယ္ႏုပ်ိဳတဲ့ဘဝေတြ အခ်ိန္ေတြကို မိမိတို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံျပၤး မိမိတို႔ ဒီလိုလူလားေျမာက္လာေအာင္ ျပဳစုေစာင့္ေရွာက္ခဲ့တယ္ဆိုတာ မေမ့သင့္ပါ ဒီအခ်ိန္မွာ မိမိတို႔က တျပန္တလွည့္ ေက်းဇူးသိတတ္ရမွာျဖစ္ပါတယ္ ။

ဒါ့ေၾကာင့္မို႔ ခုအခ်ိန္မွာ ဘယ္လိုပုံစံအမ်ိဳးအစားျဖစ္ျဖစ္ စုစည္းမႈေတြ အဖြဲ႕လိုက္ေဆာင္႐ြက္မႈေတြ မလုပ္ေဆာင္သင့္ပါဘူး စဥ္းစားပါ ေတြးေခၚပါ ဦးေႏွာက္ပါတာ ဘာလုပ္ဖို႔ထားတာလဲ ေတြးေခၚတတ္ပါေစ ကံကိုယုံ ဘာလို႔ဆူးပုံနင္းမွာလဲ လက္ရွိအခ်ိန္မွာ သင္တို႔ကိုကုသမႈေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြဟာ သူတို႔ရဲ႕မိဘေတြ သားသမီးေတြကို ပစ္ၿပီး သင္တို႔အတြက္ ေစာင့္ေရွာက္မႈေပးေနတာျဖစ္ပါတယ္ ။အႏၲရာယ္ရွိတဲ့အေနအထားတရပ္မွာ တခ်ိဳ႕သူေတြ ေရာဂါကူးစက္ခံေနရတာလဲ ရွိေနပါတယ္ ဆရာဝန္/ဆရာမ က်န္းမာေရးဝန္ထမ္းေတြ ထိခိုက္မႈမ်ားလာရင္ သင္တို႔ကို ဘယ္သူက ကုသမႈေပးမွာပါလဲ။


ဒါ့ေၾကာင့္ သင္တို႔မိသားစုကို ခ်စ္တယ္ တန္ဖိုးထားတယ္ ျမတ္ႏိုးတယ္ မိသားစုေတြ အတူတကြ ေပ်ာ္႐ႊင္စြာ ေနလိုတယ္ဆိုရင္ ခ်မွတ္ထားတဲ့စည္းကမ္းေတြကို တသေဝမတိမ္း လိုက္နာပါ ဒါမွသာ ေရာဂါကူးစက္မႈသံသရာကို ျဖတ္ေတာက္ႏိုင္ၿပီး ျဖစ္ပြားကူးစက္ေသဆုံးမႈမွ အျမန္ဆုံး ေလွ်ာ့ခ်ႏိုင္မွာပါ။ေလာကမွာ ကိုယ့္အသက္ထက္ဘာမွတန္ဖိုးမရွိပါ က်န္းမာေရးေကာင္းမြန္ဖို႔က နံပါတ္ ၁ အေရးအႀကီးဆုံးျဖစ္ပါတယ္ က်န္းမာေရးေကာင္းမြန္မွသာ မိမိဆႏၵရွိတဲ့အတိုင္း အရာရာ အေကာင္အထည္ေဖာ္ႏိုင္မွာျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာ ကမာၻေပၚမွာ စုစုေပါင္းပိုးေတြ႕လူနာ ၃၃ သန္းနီးပါး (သိန္း ၃၃၀) နဲ႔ ေသဆုံးသူ ဆယ္သိန္း ျပည့္ေတာ့မွာျဖစ္ပါတယ္ ေသဆုံးသူတစ္ေယာက္ခ်င္းဆီမွာ မိသားစုေတြ ရွိတဲ့အတြက္ မိသားစုေတြအတြက္ေတာ့ ၁၀၀ ရာႏႈန္း ဆုံးရႈံးမႈ ျဖစ္တာမို႔ အတင့္မရဲၾကပါနဲ႔။


ခုလက္ရွိရင္ဆိုင္ေနရတာက အဖ်က္စြမ္းအားႀကီးၿပီး ႐ုပ္ေျပာင္း႐ုပ္လြဲျမန္ဆန္လြန္းလွတဲ့ အဏုဇီဝပိုးငယ္ေလးျဖစ္ေပမဲ့ လုံးဝ အထင္ေသးလို႔မရ ေလွ်ာ့တြက္လို႔မရတဲ့အေျခအေနမို႔ မိမိတို႔လူသားေတြအေနနဲ႔ အျမန္ဆုံးအႏိုင္ရရွိဖို႔ ကမာၻသူကမာၻသားအားလုံးက အားႀကိဳးမာန္တက္ႀကိဳးစားတိုက္ထုတ္ေနၾကခ်ိန္မွာ မက်န္ရစ္ေစပဲ ျမန္မာႏိုင္ငံသူ/သားအားလုံးက အတူညီၫြတ္စြာနဲ႔ ပါဝင္ၾကစို႔လားဒီအခ်ိန္မွာ နီျခင္း စိမ္းျခင္း ဝါျခင္း ျပာျခင္းထက္ ေျမႀကီးေအာက္ မိမိအပါအဝင္ မိမိမိသားစု မေရာက္ဖို႔ အထူးအေရးႀကီးေနခ်ိန္ျဖစ္ပါတယ္ ေသမင္းက လက္တကမ္းမွာပါ မေပါ့ဆၾကပါနဲ႔ေတာ့ ဒါဟာႏွလုံးသားနဲ႔ေရးတဲ့စာျဖစ္ပါတယ္။


@Dr Khin Khin Gyi

Photo-Ko Minn Thu

KKGPage51 WritingFromHeart

7:38 pm, 27/9/2020

--------------------------------------------------------------------

စာအရှည်ကြီးရေးဖို့လဲ မအားတာကြောင့် လိုတိုရှင်း ရေးလိုက်ပါတယ်။


ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဟာ နှိုင်းယှဉ်လိုက်ရင် အဆ ၉၀ ကွာပါတယ် ။


ဘယ်လိုကြောင့်ပါလိမ့်ဆို ရှင်းပါ့မယ်…


ပထမလှိုင်းမှာ လူနာစတွေ့သည့် မတ်လ ၂၃ မှ လူနာ ၃၇၄ ယောက်ဖြစ်ဖို့ ၂၁ ပတ်ကြာပါတယ် တစ်ပတ်ကို ၁၆ ယောက်နှုန်းဖြစ်ပါတယ်။


သို့သော် ဒုတိယလှိုင်းစတင်သည့် လူနာ ၃၇၅ မှ ၉၉၉၁ ဖြစ်ဖို့ ၆ ပတ်ပဲကြာပါတယ် တစ်ပတ်ကို ၁,၆၀၃ ယောက် ပိုးတွေ့ပါတယ် ဒါဆိုအဆ ၉၀ ကွာတာသိလောက်ပြီထင်ပါတယ်။ ထို့နည်းတူပထမလှိုင်းမှာ သေသူ ၆ ယောက်ပဲရှိပေမဲ့ ဒုတိယလှိုင်းမှာ ယခုအချိန်အထိသေသူ ၁၉၂ ယောက်ရှိပါတယ်။ သေသူ စုစုပေါင်း ၁၉၈ ယောက်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ၆၀ အထက် ၁၃၇ ယောက်ရှိပြီး စုစုပေါင်းသေဆုံးသူ၏ ၆၉% ရှိနေတာကို တွေ့ရမှာပါ။အမျိုးသားသေဆုံးမှုကအများဆုံးဖြစ်ပြီး ၁၂၈ ဦးရှိကာ ၆၅% ရှိပါတယ် အမျိုးသမီးသေဆုံးမှုက ၇၀ဦးရှိပြီး ၃၅% ရှိပါတယ် ကျားမ သေဆုံးမှုအချိုး ၂:၁ ဖြစ်ပါတယ်။


ဒီနေရာမှာ အသက် ၆၀ အထက်သေဆုံးသူတွေဟာ အပြင်ထွက်လို့ အုပ်စုဖွဲ့စားသောက်လို့ social gathering ဆောင်ရွက်လို့မဟုတ်ပဲ မိသားစုဝင်တွေဆီက ကူးစက်ခံရတာ ဖြစ်ကြောင်းလဲ ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။နဂိုထဲက အသက်ကြီးသူ နောက်ခံရောဂါရှိသူဟာ အန္တရာယ်ရှိကြောင်း US CDC ကတွေ့ရှိချက်ကို အကျယ်ရေးပြပြီးဖြစ်ပါတယ်။သေဆုံးရတဲ့အဓိက အကြောင်းရင်းမှာလည်း ဆေးရုံအရောက်နောက်ကျတာ တချို့ဆို သေပြီးမှ အလောင်းအဖြစ်နဲ့ဆေးရုံရောက်ရာက ဓာတ်ခွဲနမူနာယူပြီးစစ်လို့သာ ပို့တွေ့မှန်းသိရတာဖြစ်ပါတယ်။


ဒီတော့ကာ ပြည်သူတွေကို မေတ္တာနဲ့ သတိပေးလိုတာကတော့ မိမိရဲ့ မိဘ ဘိုးဘွား တွေကို ချစ်ခင်တယ် မြတ်နိုးတယ် တန်ဖိုးထားတယ်ဆိုရင် မိမိတို့ကိုယ်တိုင်က ရောဂါကူးစက်ခြင်းမခံရလေအောင် ပြုမူနေထိုင်ဖို့ အထူးအရေးကြီးလှပါတယ် ဒီမိဘ ဘိုးဘွားတွေဟာ သူတို့တွေရဲ့ငယ်ရွယ်နုပျိုတဲ့ဘဝတွေ အချိန်တွေကို မိမိတို့အတွက် ရင်းနှီးမြှုပ်နှံင်္ပြး မိမိတို့ ဒီလိုလူလားမြောက်လာအောင် ပြုစုစောင့်ရှောက်ခဲ့တယ်ဆိုတာ မမေ့သင့်ပါ ဒီအချိန်မှာ မိမိတို့က တပြန်တလှည့် ကျေးဇူးသိတတ်ရမှာဖြစ်ပါတယ် ။


ဒါ့ကြောင့်မို့ ခုအချိန်မှာ ဘယ်လိုပုံစံအမျိုးအစားဖြစ်ဖြစ် စုစည်းမှုတွေ အဖွဲ့လိုက်ဆောင်ရွက်မှုတွေ မလုပ်ဆောင်သင့်ပါဘူး စဉ်းစားပါ တွေးခေါ်ပါ ဦးနှောက်ပါတာ ဘာလုပ်ဖို့ထားတာလဲ တွေးခေါ်တတ်ပါစေ ကံကိုယုံ ဘာလို့ဆူးပုံနင်းမှာလဲ လက်ရှိအချိန်မှာ သင်တို့ကိုကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့မိဘတွေ သားသမီးတွေကို ပစ်ပြီး သင်တို့အတွက် စောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ် ။အန္တရာယ်ရှိတဲ့အနေအထားတရပ်မှာ တချို့သူတွေ ရောဂါကူးစက်ခံနေရတာလဲ ရှိနေပါတယ် ဆရာဝန်/ဆရာမ ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်မှုများလာရင် သင်တို့ကို ဘယ်သူက ကုသမှုပေးမှာပါလဲ။


ဒါ့ကြောင့် သင်တို့မိသားစုကို ချစ်တယ် တန်ဖိုးထားတယ် မြတ်နိုးတယ် မိသားစုတွေ အတူတကွ ပျော်ရွှင်စွာ နေလိုတယ်ဆိုရင် ချမှတ်ထားတဲ့စည်းကမ်းတွေကို တသဝေမတိမ်း လိုက်နာပါ ဒါမှသာ ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်ပြီး ဖြစ်ပွားကူးစက်သေဆုံးမှုမှ အမြန်ဆုံး လျှော့ချနိုင်မှာပါ။လောကမှာ ကိုယ့်အသက်ထက်ဘာမှတန်ဖိုးမရှိပါ ကျန်းမာရေးကောင်းမွန်ဖို့က နံပါတ် ၁ အရေးအကြီးဆုံးဖြစ်ပါတယ် ကျန်းမာရေးကောင်းမွန်မှသာ မိမိဆန္ဒရှိတဲ့အတိုင်း အရာရာ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။


လက်ရှိအခြေအနေမှာ ကမ္ဘာပေါ်မှာ စုစုပေါင်းပိုးတွေ့လူနာ ၃၃ သန်းနီးပါး (သိန်း ၃၃၀) နဲ့ သေဆုံးသူ ဆယ်သိန်း ပြည့်တော့မှာဖြစ်ပါတယ် သေဆုံးသူတစ်ယောက်ချင်းဆီမှာ မိသားစုတွေ ရှိတဲ့အတွက် မိသားစုတွေအတွက်တော့ ၁၀၀ ရာနှုန်း ဆုံးရှုံးမှု ဖြစ်တာမို့ အတင့်မရဲကြပါနဲ့။

ခုလက်ရှိရင်ဆိုင်နေရတာက အဖျက်စွမ်းအားကြီးပြီး ရုပ်ပြောင်းရုပ်လွဲမြန်ဆန်လွန်းလှတဲ့ အဏုဇီဝပိုးငယ်လေးဖြစ်ပေမဲ့ လုံးဝ အထင်သေးလို့မရ လျှော့တွက်လို့မရတဲ့အခြေအနေမို့ မိမိတို့လူသားတွေအနေနဲ့ အမြန်ဆုံးအနိုင်ရရှိဖို့ ကမ္ဘာသူကမ္ဘာသားအားလုံးက အားကြိုးမာန်တက်ကြိုးစားတိုက်ထုတ်နေကြချိန်မှာ မကျန်ရစ်စေပဲ မြန်မာနိုင်ငံသူ/သားအားလုံးက အတူညီညွတ်စွာနဲ့ ပါဝင်ကြစို့လားဒီအချိန်မှာ နီခြင်း စိမ်းခြင်း ဝါခြင်း ပြာခြင်းထက် မြေကြီးအောက် မိမိအပါအဝင် မိမိမိသားစု မရောက်ဖို့ အထူးအရေးကြီးနေချိန်ဖြစ်ပါတယ် သေမင်းက လက်တကမ်းမှာပါ မပေါ့ဆကြပါနဲ့တော့ ဒါဟာနှလုံးသားနဲ့ရေးတဲ့စာဖြစ်ပါတယ်။


@Dr Khin Khin Gyi

Photo-Ko Minn Thu

KKGPage51 WritingFromHeart

7:38 pm, 27/9/2020

Post a Comment

Previous Post Next Post