(Zawgyi)

သ႐ုပ္ေဆာင္ ျမင့္ျမတ္နဲ႔ ဇနီးျဖစ္သူ မခင္သူေအာင္တို႔ကေတာ့ မရမ္းကုန္းၿမိဳ႕နယ္၊ (၁၀) ရပ္ကြက္က ပရိသတ္ေတြအတြက္ ဆန္နဲ႔ ဆီေတြ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ “အလႉဒါန။ သ႐ုပ္ေဆာင္အကယ္ဒမီ ကိုျမင့္ျမတ္+မခင္သူေအာင္သားေမာင္ျမတ္သူမိသားစုမွ မရမ္းကုန္း ၿမိဳ႕နယ္(၁၀)ရပ္ကြက္ အေျခခံလူမ်ားကို ဆန္အိတ္မ်ားႏွင့္ ဆီမ်ားလႉဒါန္းခဲ့ပါတယ္။





နတ္လူသာဓုေခၚေစေသာ္” ဆိုၿပီးေတာ့ သ႐ုပ္ေဆာင္ ျမင့္ျမတ္ရဲ႕ မန္ေနဂ်ာ ျမတ္ေဝထြန္းရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ စက္တင္ဘာလ ၁၆ ရက္ေန႔က ေရးသားခဲ့တာ ေတြ႕ရပါတယ္။ ျမင့္ျမတ္ဟာ ကိုဗစ္ကာလတစ္ေလွ်ာက္မွာ အလႉအတန္းေတြဆက္တိုက္ျပဳလုပ္ေနတာပါ။ မၾကာေသးခင္ကလည္း ေျမာက္ဒဂုံၿမိဳ႕နယ္အတြင္းက စားဝတ္ေနေရး အခက္အခဲ ႀကဳံေနရသူေတြအတြက္ ဆန္ ေတြေပးေဝလႉဒါန္းခဲ့ပါတယ္။ အဲဒီေနာက္ သ႐ုပ္ေဆာင္ ယုန္ေလးတို႔နဲ႔ အတူ ေဆး႐ုံႀကီးေတြမွာ လိုအပ္တဲ့ ေဆးပစၥည္းေတြ လႉဒါန္းႏိုင္ဖို႔ ေငြက်ပ္(၁၀) သိန္းလႉဒါန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။




ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေဝဘာဂီေဆး႐ုံႀကီးမွာလည္း ေငြက်ပ္(၁၆၂) သိန္း တန္ဖိုးရွိ ေဆးပစၥည္းေတြလည္း လႉဒါန္းခဲ့ပါေသးတယ္။အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ သ႐ုပ္ေဆာင္ အကယ္ဒမီျမင့္ျမတ္ကေတာ့ မိသားစုနဲ႔ အတူတူ ကုသိုလ္ေကာင္းမႈေတြ လုပ္ေနတာကို အခုလိုျမင္ေတြ႕ရၿပီးေနာက္ ပရိသတ္ေတြကလည္း မုဒိတာစကားဆိုခဲ့ၾကပါေသးတယ္။

Mg Kaung


(Unicode)


သရုပ်ဆောင် မြင့်မြတ်နဲ့ ဇနီးဖြစ်သူ မခင်သူအောင်တို့ကတော့ မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်က ပရိသတ်တွေအတွက် ဆန်နဲ့ ဆီတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “အလှူဒါန။ သရုပ်ဆောင်အကယ်ဒမီ ကိုမြင့်မြတ်+မခင်သူအောင်သားမောင်မြတ်သူမိသားစုမှ မရမ်းကုန်း မြို့နယ်(၁၀)ရပ်ကွက် အခြေခံလူများကို ဆန်အိတ်များနှင့် ဆီများလှူဒါန်းခဲ့ပါတယ်။





နတ်လူသာဓုခေါ်စေသော်” ဆိုပြီးတော့ သရုပ်ဆောင် မြင့်မြတ်ရဲ့ မန်နေဂျာ မြတ်ဝေထွန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ရေးသားခဲ့တာ တွေ့ရပါတယ်။ မြင့်မြတ်ဟာ ကိုဗစ်ကာလတစ်လျှောက်မှာ အလှူအတန်းတွေဆက်တိုက်ပြုလုပ်နေတာပါ။ မကြာသေးခင်ကလည်း မြောက်ဒဂုံမြို့နယ်အတွင်းက စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် ဆန် တွေပေးဝေလှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် သရုပ်ဆောင် ယုန်လေးတို့နဲ့ အတူ ဆေးရုံကြီးတွေမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းနိုင်ဖို့ ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။





မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးမှာလည်း ငွေကျပ်(၁၆၂) သိန်း တန်ဖိုးရှိ ဆေးပစ္စည်းတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်ကတော့ မိသားစုနဲ့ အတူတူ ကုသိုလ်ကောင်းမှုတွေ လုပ်နေတာကို အခုလိုမြင်တွေ့ရပြီးနောက် ပရိသတ်တွေကလည်း မုဒိတာစကားဆိုခဲ့ကြပါသေးတယ်။




Mg Kaung

Post a Comment

Previous Post Next Post