စက္တင္ဘာ ၂၇


မႏၲေလးရွိ က်န္းမာေရးဝန္ထမ္းမ်ား ေခတၱတည္းခိုေနထိုင္ႏိုင္ရန္ ေဆးတကၠသိုလ္(မႏၲေလး)တြင္ COVID-19 Temporary Camp ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။


လာေရာက္တည္းခိုေနထိုင္သူမ်ားအေနျဖင့္ COVID Camp စည္းကမ္းခ်က္မ်ားႏွင့္အညီ ေနထိုင္ၾကရမည္ျဖစ္ၿပီး လက္ရွိတြင္ လူဦးေရ(၅၀)စာ လာေရာက္ေနထိုင္ႏိုင္ရန္ စီစဥ္ေပးထားေၾကာင္း သိရပါတယ္။  


မႏၲေလးေဆး႐ုံႀကီးႏွင့္ ကန္ေတာ္နဒီေဆး႐ုံတို႔တြင္ တာ၀န္ထမ္းေဆာင္ေနၾကရသည့္ က်န္းမာေရး ဝန္ထမ္းမ်ား၊ ေစတနာ့ဝန္ထမ္းမ်ားအေနျဖင့္ မိမိတို႔ေနထိုင္ရာေနရာမ်ားသို႔ ျပန္ရန္ အခက္အခဲရွိပါက ေဆးတကၠသိုလ္(မႏၲေလး)၊ ဧရာ၀တီစာသင္ေဆာင္တြင္ ေခတၱတည္းခိုေနထိုင္ရန္ COVID-19 Temporary Camp ကို ဖြင့္လွစ္ေပးထားျခင္းျဖစ္ပါတယ္။


အဆိုပါ ယာယီတည္းခိုေဆာင္တြင္ ခုတင္၊ ေမြ႕ရာ၊ ေစာင္၊ ျခင္ေထာင္မွအစ အသုံးအေဆာင္ပစၥည္းအမ်ိဳးမ်ိဳးကို ထားရွိေပးထားသလို အဆာေျပ စားရန္ အစားအေသာက္မ်ိဳးစုံကိုပါ စိတ္ႀကိဳက္စားသုံးႏိုင္ရန္ စီစဥ္ေပးထားၿပီး အမွန္တကယ္ေနထိုင္ရန္ လိုအပ္ေသာ က်န္းမာေရး၀န္ထမ္း မည္သူမဆို အခမဲ့လာေရာက္ေနထိုင္ႏိုင္ေၾကာင္း သိရပါတယ္။

-----------------------------------------------------------------

စက်တင်ဘာ ၂၇


မန္တလေးရှိ ကျန်းမာရေးဝန်ထမ်းများ ခေတ္တတည်းခိုနေထိုင်နိုင်ရန် ဆေးတက္ကသိုလ်(မန္တလေး)တွင် COVID-19 Temporary Camp ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။


လာရောက်တည်းခိုနေထိုင်သူများအနေဖြင့် COVID Camp စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရမည်ဖြစ်ပြီး လက်ရှိတွင် လူဦးရေ(၅၀)စာ လာရောက်နေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရပါတယ်။  


မန္တလေးဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့တွင် တာ၀န်ထမ်းဆောင်နေကြရသည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင်ရာနေရာများသို့ ပြန်ရန် အခက်အခဲရှိပါက ဆေးတက္ကသိုလ်(မန္တလေး)၊ ဧရာ၀တီစာသင်ဆောင်တွင် ခေတ္တတည်းခိုနေထိုင်ရန် COVID-19 Temporary Camp ကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ပါတယ်။


အဆိုပါ ယာယီတည်းခိုဆောင်တွင် ခုတင်၊ မွေ့ရာ၊ စောင်၊ ခြင်ထောင်မှအစ အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို ထားရှိပေးထားသလို အဆာပြေ စားရန် အစားအသောက်မျိုးစုံကိုပါ စိတ်ကြိုက်စားသုံးနိုင်ရန် စီစဉ်ပေးထားပြီး အမှန်တကယ်နေထိုင်ရန် လိုအပ်သော ကျန်းမာရေး၀န်ထမ်း မည်သူမဆို အခမဲ့လာရောက်နေထိုင်နိုင်ကြောင်း သိရပါတယ်။

Post a Comment

Previous Post Next Post