(Unicode)

မော်လမြိုင်မှာနေထိုင်သူ ၈ ဦးမှာ ကိုဗစ် 19 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာက စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့တဲ့ လူနာ ၈ ဦးမှာ ၂ ဦးဟာ စေတနာ့ဝန်ထမ်းတွေ ဖြစ်ပြီး ကိုဗစ်လူနာ နံပါတ် ၇၇၁၊ လူနာနံပါတ် ၄၈၂ တို့နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တဲ့ စေတနာ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။



ကျန် စေတနာ့ ဝန်ထမ်း ၂ ဦးကတော့ ၎င်းတို့ရဲ့ အတူနေထိုင်တဲ့ စေတနာ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက DVB ကို ပြောပါတယ်။ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ကျန် လူနာ ၄ ဦးမှာ ရန်ကုန်မြို့နေ သင်္ဘောသားတစ်ဦးဖြစ်တဲ့ လူနာနံပါတ် ၇၇၁ နဲ့ ထိတွေ့ခဲ့တဲ့ သူ ဖြစ်ပါတယ်။



ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရတဲ့ လူနာ ၈ ဦးကို မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကုသပေးနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ စေတနာ့ ဝန်ထမ်း ၄ ဦး ပါဝင်တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့ကတော့ quarantine ဝင်သွားပြီး ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ အခုအခါ ကိုဗစ်လူနာ နံပါတ် ၄၈၂ အပါဝင် လူနာ ၉ ဦးအထိ ရှိလာခဲ့တာပါ။

ဒီဗွီဘီ


(Zawgyi)


ေမာ္လၿမိဳင္မွာေနထိုင္သူ ၈ ဦးမွာ ကိုဗစ္ 19 ေရာဂါပိုး ေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာက စက္တင္ဘာ ၁ ရက္ေန႔ ညပိုင္းမွာ သတင္းထုတ္ျပန္လိုက္ပါတယ္။ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိခဲ့တဲ့ လူနာ ၈ ဦးမွာ ၂ ဦးဟာ ေစတနာ့ဝန္ထမ္းေတြ ျဖစ္ၿပီး ကိုဗစ္လူနာ နံပါတ္ ၇၇၁၊ လူနာနံပါတ္ ၄၈၂ တို႔နဲ႔ ထိေတြ႕ခဲ့တဲ့ မိသားစုဝင္ေတြကို ေမာ္လၿမိဳင္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့တဲ့ ေစတနာ့ ဝန္ထမ္းေတြ ျဖစ္ပါတယ္။



က်န္ ေစတနာ့ ဝန္ထမ္း ၂ ဦးကေတာ့ ၎တို႔ရဲ႕ အတူေနထိုင္တဲ့ ေစတနာ့ ဝန္ထမ္းေတြ ျဖစ္တယ္လို႔ မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဒုျပည္နယ္ဦးစီးမႉး ေဒါက္တာ ဝတ္မႈံက DVB ကို ေျပာပါတယ္။ ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရတဲ့ က်န္ လူနာ ၄ ဦးမွာ ရန္ကုန္ၿမိဳ႕ေန သေဘၤာသားတစ္ဦးျဖစ္တဲ့ လူနာနံပါတ္ ၇၇၁ နဲ႔ ထိေတြ႕ခဲ့တဲ့ သူ ျဖစ္ပါတယ္။



ကိုဗစ္ ေရာဂါပိုး ကူးစက္ခံထားရတဲ့ လူနာ ၈ ဦးကို ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံသို႔ ေျပာင္းေ႐ႊ႕ ကုသေပးေနၿပီျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေစတနာ့ ဝန္ထမ္း ၄ ဦး ပါဝင္တဲ့ လူမႈကယ္ဆယ္ေရးအဖြဲ႕ ၂ ဖြဲ႕ကေတာ့ quarantine ဝင္သြားၿပီး ျဖစ္ပါတယ္။ မြန္ျပည္နယ္မွာေတာ့ အခုအခါ ကိုဗစ္လူနာ နံပါတ္ ၄၈၂ အပါဝင္ လူနာ ၉ ဦးအထိ ရွိလာခဲ့တာပါ။

ဒီဗြီဘီ

Post a Comment

Previous Post Next Post