(Unicode)

မြင်းခြံမြို့၊ အမှတ်(၆)ရပ်ကွက် နေ အသက်(၄၇)နှစ် အရွယ် အမျိုးသား (Case-788) တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်(၃၁)ရက် တွင် အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက် ယင်းလူနာနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့ သူများ ကို အသွားအလာ ကန့်သတ်ထား ရှိ၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ရာ မန္တလေး ၌ Quarantine ဝင်နေသော ၎င်းလူနာ၏ ဇနီးနှင့်သားတဦး၊ မြင်းခြံမြို့နေ ၎င်းလူနာ၏ ကုမ္ပဏီဝန်ထမ်းနှင့် ယခု ပိုးတွေ့လူနာသစ် ရှစ်ဦး၊ စုစုပေါင်း (၁၁)ဦးတွင် ရော ဂါကူးစက်ခံရခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် Covid-19 အတည်ပြုလူနာရှစ်ဦးနှင့်ထိတွေ့ခဲ့သူ အရေအတွက်မှာ လတ်တလော ကောက်ယူရရှိ သည့်စာရင်းအရ (၂၀၀) ဦးကျော်ရှိပြီး ယင်းတို့မှာ ကုန်စည်ဒိုင်၊ စားသောက်ဆိုင်နှင့် လက်ဖက်ဆိုင်များဖြစ်သဖြင့် ဆိုင်များပိတ်သိမ်းစေ၍ Facility Quarantine ဝင်ရောက်နေကြောင်း သိရသည်။အခုလက်ရှိ ၂၀၀ လောက်ရှိတယ်။ Facility Quarantine ထားထားတယ်။ သူတို့ ထိတွေ့ဆက်စပ်တဲ့နေရာတွေက ကုန်စည်ဒိုင်တို့၊ လက်ဖက်ရည်ဆိုင်တို့၊ စားသောက်ဆိုင်တို့၊ အစည်းအဝေးလုပ်တဲ့နေရာတို့ပေါ့”ဟု မြင်းခြံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။



မြင်းခြံမြို့နယ်တွင် ဓာတ်ခွဲအတည်ပြုလူနာ (Case-788) နှင့်ထိတွေ့မှုရှိခဲ့သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် ထားရှိသူများအနက်မှ မြင်းခြံဒီဂရီကောလိပ်၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူများကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ လူနာသစ်ရှစ်ဦးကို စက်တင်ဘာ (၄) ရက်နေ့ ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါလူနာရှစ်ဦးမှာ မြင်းခြံမြို့ပေါ်မှ ခြောက်ဦးနှင့် ကျေးရွာမှ နှစ်ဦးဖြစ်ကာ အားလုံးသည် အမျိုးသားများဖြစ်သည်။“အဲဒီရှစ်ဦးက မူလစဖြစ်တဲ့သူရဲ့သားနဲ့ သူ့ရဲ့ဝန်ထမ်း အဲ့ဒါနဲ့ပတ်သက်တဲ့သူပေါ့ဗျာ။ သူ့သားရဲ့ သူငယ်ချင်းတွေထဲ က ဖြစ်တာပေါ့။ သူ့ဝန်ထမ်းကတော့ သူ့မန်နေဂျာပေါ့။ မန်နေဂျာရဲ့ မိသားစုတွေ သူ့ဝန်ထမ်းနဲ့ လုပ်ငန်းဆက်စပ်တဲ့သူတွေပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။


CRD: NEWS WATCH


(Zawgyi)



ျမင္းၿခံၿမိဳ႕၊ အမွတ္(၆)ရပ္ကြက္ ေန အသက္(၄၇)ႏွစ္ အ႐ြယ္ အမ်ိဳးသား (Case-788) တြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၾသဂုတ္(၃၁)ရက္ တြင္ အတည္ျပဳ ထုတ္ျပန္ခဲ့ၿပီးေနာက္ ယင္းလူနာႏွင့္ ထိေတြ႕ဆက္စပ္မႈ ရွိခဲ့ သူမ်ား ကို အသြားအလာ ကန႔္သတ္ထား ရွိ၍ ဓာတ္ခြဲနမူနာရယူစစ္ေဆးျခင္းမ်ား လုပ္ေဆာင္ခဲ့ရာ မႏၲေလး ၌ Quarantine ဝင္ေနေသာ ၎လူနာ၏ ဇနီးႏွင့္သားတဦး၊ ျမင္းၿခံၿမိဳ႕ေန ၎လူနာ၏ ကုမၸဏီဝန္ထမ္းႏွင့္ ယခု ပိုးေတြ႕လူနာသစ္ ရွစ္ဦး၊ စုစုေပါင္း (၁၁)ဦးတြင္ ေရာ ဂါကူးစက္ခံရျခင္း ျဖစ္သည္။

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕တြင္ Covid-19 အတည္ျပဳလူနာရွစ္ဦးႏွင့္ထိေတြ႕ခဲ့သူ အေရအတြက္မွာ လတ္တေလာ ေကာက္ယူရရွိ သည့္စာရင္းအရ (၂၀၀) ဦးေက်ာ္ရွိၿပီး ယင္းတို႔မွာ ကုန္စည္ဒိုင္၊ စားေသာက္ဆိုင္ႏွင့္ လက္ဖက္ဆိုင္မ်ားျဖစ္သျဖင့္ ဆိုင္မ်ားပိတ္သိမ္းေစ၍ Facility Quarantine ဝင္ေရာက္ေနေၾကာင္း သိရသည္။အခုလက္ရွိ ၂၀၀ ေလာက္ရွိတယ္။ Facility Quarantine ထားထားတယ္။ သူတို႔ ထိေတြ႕ဆက္စပ္တဲ့ေနရာေတြက ကုန္စည္ဒိုင္တို႔၊ လက္ဖက္ရည္ဆိုင္တို႔၊ စားေသာက္ဆိုင္တို႔၊ အစည္းအေဝးလုပ္တဲ့ေနရာတို႔ေပါ့”ဟု ျမင္းၿခံ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးညီညီေအာင္က ေျပာသည္။

ျမင္းၿခံၿမိဳ႕နယ္တြင္ ဓာတ္ခြဲအတည္ျပဳလူနာ (Case-788) ႏွင့္ထိေတြ႕မႈရွိခဲ့သူမ်ားကို အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ေနရာမ်ားတြင္ ထားရွိသူမ်ားအနက္မွ ျမင္းၿခံဒီဂရီေကာလိပ္၌ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားသူမ်ားကို ဓာတ္ခြဲစစ္ေဆးခဲ့ရာ လူနာသစ္ရွစ္ဦးကို စက္တင္ဘာ (၄) ရက္ေန႔ ထပ္မံေတြ႕ရွိခဲ့ၿပီး အဆိုပါလူနာရွစ္ဦးမွာ ျမင္းၿခံၿမိဳ႕ေပၚမွ ေျခာက္ဦးႏွင့္ ေက်း႐ြာမွ ႏွစ္ဦးျဖစ္ကာ အားလုံးသည္ အမ်ိဳးသားမ်ားျဖစ္သည္။“အဲဒီရွစ္ဦးက မူလစျဖစ္တဲ့သူရဲ႕သားနဲ႔ သူ႔ရဲ႕ဝန္ထမ္း အဲ့ဒါနဲ႔ပတ္သက္တဲ့သူေပါ့ဗ်ာ။ သူ႔သားရဲ႕ သူငယ္ခ်င္းေတြထဲ က ျဖစ္တာေပါ့။ သူ႔ဝန္ထမ္းကေတာ့ သူ႔မန္ေနဂ်ာေပါ့။ မန္ေနဂ်ာရဲ႕ မိသားစုေတြ သူ႔ဝန္ထမ္းနဲ႔ လုပ္ငန္းဆက္စပ္တဲ့သူေတြပါ”ဟု ၎က ဆက္လက္ေျပာၾကားသည္။


CRD: NEWS WATCH

Post a Comment

Previous Post Next Post