(Zawgyi)

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ တာမခံေက်း႐ြာက တိုက္နယ္ေဆး႐ုံမွာ စက္တင္ဘာ(၂၀)ရက္က ညပိုင္းက Hospital Facility Quarantine ဝင္ေနတဲ့ လူနာတစ္ဦး ေသဆုံးခဲ့တယ္လို႔ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာ မင္းလြင္ ကအတည္ျပဳေျပာပါတယ္။


ေသဆုံးခဲ့သူဟာ အသက္(၄၀)အ႐ြယ္အမ်ိဳးသားျဖစ္ၿပီး ဖ်ားလို႔ေဆးကုသ ေနရာက အေမာေဖာက္ၿပီး အသက္ရႈၾကပ္ေသဆုံးခဲ့တာလို႔ဆိုပါတယ္။


"ေဆး႐ုံကို ဖ်ားလို႔ဆိုၿပီး (၁၈)ရက္က ေရာက္ပါတယ္။ (၂၀)ရက္ ညမွာေတာ့ ဆုံးသြားခဲ့တာပါ။ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးတာ ဟုတ္/မဟုတ္ကိုေတာ့ ဓါတ္ခြဲအတည္ျပဳခ်က္ ေပးပို႔စစ္ေဆးေနပါတယ္။


သူနဲ႔ဆက္စပ္တဲ့သူေတြကိုေတာ့ စုံစမ္းေနပါတယ္"လို႔ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာ မင္းလြင္က ေျပာပါတယ္။ လက္ရွိမွာေတာ့ တာမခံတိုက္နယ္ေဆး႐ုံမွာ Hospital Facility Quarantine ထားရွိသူတစ္ဦးမွမရွိဘူးလို႔ ဆိုပါတယ္။


သတင္း-ကိုတာ(ဖားကန႔္)

(Unicode)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံကျေးရွာက တိုက်နယ်ဆေးရုံမှာ စက်တင်ဘာ(၂၀)ရက်က ညပိုင်းက Hospital Facility Quarantine ဝင်နေတဲ့ လူနာတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းလွင် ကအတည်ပြုပြောပါတယ်။


သေဆုံးခဲ့သူဟာ အသက်(၄၀)အရွယ်အမျိုးသားဖြစ်ပြီး ဖျားလို့ဆေးကုသ နေရာက အမောဖောက်ပြီး အသက်ရှုကြပ်သေဆုံးခဲ့တာလို့ဆိုပါတယ်။


"ဆေးရုံကို ဖျားလို့ဆိုပြီး (၁၈)ရက်က ရောက်ပါတယ်။ (၂၀)ရက် ညမှာတော့ ဆုံးသွားခဲ့တာပါ။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးတာ ဟုတ်/မဟုတ်ကိုတော့ ဓါတ်ခွဲအတည်ပြုချက် ပေးပို့စစ်ဆေးနေပါတယ်။


သူနဲ့ဆက်စပ်တဲ့သူတွေကိုတော့ စုံစမ်းနေပါတယ်"လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းလွင်က ပြောပါတယ်။ လက်ရှိမှာတော့ တာမခံတိုက်နယ်ဆေးရုံမှာ Hospital Facility Quarantine ထားရှိသူတစ်ဦးမှမရှိဘူးလို့ ဆိုပါတယ်။


သတင်း-ကိုတာ(ဖားကန့်)

Post a Comment

Previous Post Next Post