(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ပုံတူ ကျောက်ပန်းပုလက်ရာကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးချုပ်သို့ လာရောက်လှူဒါန်းေ သာ် လ ည်း ပါတီရုံးပိတ်ထားသည့်အတွက် မလှူဒါန်းနိုင်ခဲ့ကြောင်း လှူဒါန်းသူဦးအေးသန်းက ပြောသည်။ အဆိုပါ ကျောက်ထွင်း ပန်းပု လာရောက်လှူဒါန်းရာတွင် စက်တင်ဘာ ၈ ရက်က ရုံးပိ တ်ထားသည့်အတွက် လာမည့် ရက်သတ္တပတ်အတွင်း နောက်တကြိမ် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ”ဒီနှစ် မေဒေးနေ့က လှည်းကူးပ ညာရေးေ ကာလိ ပ်ေ ဆာ က်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ် စရတာပေါ့။ ဘက်ဟိုးနဲ့ မြေတူးနေကြတဲ့ နေရာရောက်တော့ အဲဒါကိုတွေ့တော့ ယူလာတာ။ ရွှံ့တွေ ဘာတွေကို ကျကျနန ရေဆေးပြီး သိမ်းထား တာေ ပါ့။ ဒီပန်းပုကို ကျွန်တော်လည်း မြတ်နိုးတယ်”ဟု ဦးအေးသန်းက ပြောသည်။



အဆိုပါ ပုံတူကျောက်ထွင်းပန်းပုကို အင်ကြင်းကျောက်ဖြင့် ပြုလုပ် ထားသည်ဟု ယူဆကြောင်း၊ ပုံတူသည် ဒေါ်အောင်ဆန်းစုကြည် အသက် ၄၆၊ ၄၇ နှစ်လောက်က ပုံမျိုးနှင့် ပိုဆင်တူေ ကြာင်း၊ ယနေ့သည် ရွေးကောက်ပွဲ စတင်စည်းရုံးခွင့်ရသည့်ရက်ဖြစ်သည့်အတွက် ကျောက်ထွင်းပုံတူပန်းပုကို မိမိလက်ဝယ်ထား ရှိခြင်းထက် ပါတီသို့လာရောက်လှူဒါန်းခြင်းက ပိုမိုအ ကျိုးရှိမ ည်ထင်သည့်အတွက် လှူဒါန်းရခြင်းဖြစ်ကြောင်း၊ မိမိထံတွင် ဖုန်းမပါလာသည့်အတွက် ရုံးချုပ်ရှေ့တွင် ဖော်ပြထားသည့် ဖုန်းနံပါတ်များကို အခြားသူများအား ဆက်သွယ်အကူအညီတောင်း၍ ဆက်ခိုင်း သည့်အခါတွင် ဖုန်းကိုင်ခြင်းမပြုသည့်အတွက် လာမည့်ရက် သတ္တပတ်ခန့်တွင် သွားရောက်လှူဒါန်းဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။





ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ်(၅၄) မှ နေအိမ် ခြံစောင့် ဖြစ်သူသည် ကိုဗစ်ရောဂါ ကူးစက်ခံထားရသည်။ ၎င်းသည် ယခင်က NLD ရုံးချုပ်သို့ ဝင်ထွက်မှုရှိသည့်အတွက် ကျန်းမာရေးအရ စိုးရိမ်ရသောကြောင့် ယာယီပိတ် ထားခြင်းဖြစ်ကြောင်း သိရသည်။

source : TCM

(Zawgyi)










source : TCM


Post a Comment

Previous Post Next Post