(Zawgyi)

(၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ ၁၈ ရက္)


အပူပိုင္းမုန္တိုင္း “ႏို(လ္)” (NOUL) အေျခအေန


၁။ ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၂:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ပင္လယ္ျပင္ တြင္ ျဖစ္ေပၚေနေသာ အပူပိုင္းမုန္တိုင္း “ႏို(လ္)”(NOUL) သည္ ယေန႔နံနက္ပိုင္းတြင္ ဗီယက္နမ္ ႏိုင္ငံကမ္းေျခကို ဒါနန္းၿမိဳ႕(Danang) အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ၿပီး၊ လာအိုႏိုင္ငံေပၚတြင္ ဆက္လက္ တည္ရွိေနပါသည္။

အဆိုပါ အပူပိုင္းမုန္တိုင္း “ႏို(လ္)” (NOUL) သည္ အေနာက္ဘက္ သို႔ ဆက္လက္ေ႐ြ႕လ်ားကာ၊ ယေန႔ညေနပိုင္းတြင္ ကုန္းတြင္းမုန္တိုင္းငယ္အျဖစ္ ထိုင္းႏိုင္ငံေပၚသို႔ လည္းေကာင္း၊ (၁၉.၉.၂၀၂၀) ရက္ေန႔တြင္ ေလေပြလႈိင္းအျဖစ္ ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္း ေဒသမ်ားသို႔လည္းေကာင္း ေရာက္ရွိႏိုင္ သည္ဟု ခန႔္မွန္းရပါသည္။


သတိေပးႏႈိးေဆာ္ခ်က္


၂။ အဆိုပါ အပူပိုင္းမုန္တိုင္း “ႏို(လ္)” (NOUL) ၏ အရွိန္ေၾကာင့္ ယေန႔ ညေနမွ (၂၂.၉.၂၀၂၀) ရက္ေန႔ အတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္မိုးႀကီးျခင္းႏွင့္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသည္။


အႀကံျပဳခ်က္


၃။ သို႔ျဖစ္ပါ၍ အပူပိုင္းမုန္တိုင္း “ႏို(လ္)” (NOUL) ၏ အရွိန္ေၾကာင့္ မိုးသည္းထန္စြာထစ္ခ်ဳန္း ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ လွ်ပ္တစ္ျပက္ ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္သူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ကို လည္းေကာင္း၊ ျမစ္ငယ္၊ေခ်ာင္းငယ္ မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ား ျဖစ္ေပၚႏိုင္ေသာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ အႀကံျပဳအပ္ပါသည္။


(Unicode)

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်)


အပူပိုင်းမုန်တိုင်း “နို(လ်)” (NOUL) အခြေအနေ


၁။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “နို(လ်)”(NOUL) သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ် နိုင်ငံကမ်းခြေကို ဒါနန်းမြို့(Danang) အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ လာအိုနိုင်ငံပေါ်တွင် ဆက်လက် တည်ရှိနေပါသည်။




အဆိုပါ အပူပိုင်းမုန်တိုင်း “နို(လ်)” (NOUL) သည် အနောက်ဘက် သို့ ဆက်လက်ရွေ့လျားကာ၊ ယနေ့ညနေပိုင်းတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ထိုင်းနိုင်ငံပေါ်သို့ လည်းကောင်း၊ (၁၉.၉.၂၀၂၀) ရက်နေ့တွင် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသများသို့လည်းကောင်း ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရပါသည်။


သတိပေးနှိုးဆော်ချက်


၂။ အဆိုပါ အပူပိုင်းမုန်တိုင်း “နို(လ်)” (NOUL) ၏ အရှိန်ကြောင့် ယနေ့ ညနေမှ (၂၂.၉.၂၀၂၀) ရက်နေ့ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။


အကြံပြုချက်


၃။ သို့ဖြစ်ပါ၍ အပူပိုင်းမုန်တိုင်း “နို(လ်)” (NOUL) ၏ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြစ်ငယ်၊ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Post a Comment

Previous Post Next Post