(Unicode)
ရန်ကုန်မြို့ကြီးက အခြေအနေ တော်တော်ဆိုးနေပါပြီ။ဆေးရုံတွေ Q စခန်းတွေ ပြည့်ကုန်ပြီ
ဒီနေ့ ကျွန်တော်တို့ ဆီကို ဖုန်းတွေဆက် စာတွေပို့ကြတယ် P ထွက်တာ လာမခေါ်လို့။ ထိစပ်တွေ Q ဝင်ချင်တာတို့ မျိုးစုံပါပဲ။ ရပ်ကွက်ထဲက အနံ့ပျောက်တဲ့သူတွေကိုတောင် ခေါ်ထားစရာ
နေရာ မရှိတော့ပါဖူး ကြာရင် အမေရိကန်လို ရောဂါသည်းမှဆေးရုံလာပြကြတော့လို့များ ဖြစ်လာ မလား ပိုးတွေ ပိုပြီ ပျံ့ကုန် မလားပိုပြီး စိုးရိမ်လာမိပါတယ် ၊
အရေးပေါ် လူနာထားဖို့ကိုတော့ ဆေးရုံတွေ တိုးချဲ့တာတို့ ယာဆေးရုံတွေ ဆောက်တာတို့ကို ချက်ချင်း အမြန်ဆုံး လုပ်နေကြသလို Q စင်တာတွေလည်း နေမအား
ညမနားဆက်လက်ပြင်ဆင်နေပါတယ်ဗျာ…
အစ ဘယ်ကမှန်း ရှာမရတော့ အခု ဒုတိယလှိုင်းမှာ အဆုံးသတ်ရခက်နေပါပြီ။
အခု ပျံနှံမှုမှာတော့ ကျမ်းမာရေး ဝန်ထမ်း တွေပါ ထိကုန်ကြတာများလာတာပါပဲ။
အချို့ ရန်ကုန်ရပ်ကွက်တွေက အိမ်တွေ တိုက်ခန်းတွေက ကျဉ်းမြောင်းပြီး လူဦးရေ ထူထပ်တာမို့အိမ်ထဲ မှာညအိပ်မှပဲနေကြပြီး တနေ့ခင်းလုံး ရပ်ကွက်ထဲ ရောထွေးနေထိုင်တတ်တဲ့
ဓလေ့ရှိတာကြောင့် တစ်ယောက်ကူးခံရရင် တစ်ရပ်ကွက်လုံး ပျံဖို့ တော်တော်သေချာနေတာပါပဲ
ဘယ်လောက်ပဲရှုပ်ထွေးထွေး မရရအောင် အစဆွဲထုတ်ပြီး အဆုံးသတ်ရမှာပါ ဒါမှ CV 19 ဒုတိယလှိုင်ရဲ့ ပျံနှံတာ ရပ်တန့်မှာပါ။.
ကျွန်တော်တို့လဲ ကိုယ့်အသက်အရွယ်တွေမှာ ဆီးချို သွေးတိုး ရောဂါတွေက ရှိနှင့်နေပြီးသားမို့ ကပ်ရောဂါကူးခံရမှာ အများနည်းတူ ကြောက်ပါတယ်။
ဒါပေမယ့်လဲ ခုချိန်မှာကအားလုံးကြောက်ပြီး အပြင်မထွက်ဖဲ နေကြတာက အကောင်းဆုံးဆိုပေမဲ့လည်း အဲ့ဒါက CV 19 ရောဂါကြီး ရပ်တန့်ဖို့ အတွက်ကျတော့ ပြီးသွားမှာ မဟုတ်တော့ပါဖူး။
ဘယ်လောက်ပဲကြောက်ကြောက် လူသားချင်းစာနာကူညီတတ်တဲ့ စိတ်နဲ့ ကျွန်တော် တို့လို ပရဟိတသမားတွေ နဲ့ ရှေ့တန်းမှာ ဦးဆောင်နေရတဲ့ ကျမ်းမာရေးဝန်ထမ်းတွေကတော့ ဆက်လက် တာဝန်ထမ်းဆောင် ကူညီနေရအုံး မှာပါဘဲ
အသက်ကိုရင်းပြီး ကူညီနေတဲ့ လူတွေကို စာနာငဲ့ညှာရင် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြပါ
အဆိုးမြင် ဝေဖန်အပြစ်တင်တတ်တဲ့ စိတ်တွေကို လျှော့ကြပါ ၊ ကပ်ရောဂါဘေးကြီးက ကင်းဝေးဖို့ ဆုတောင်းနေရုံနဲ့မပြီးနိုင်လောက်ပါ ၊
Maskတပ်ကြပါ လက်ဆေးကြပါ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့ ခရီးမသွားကြပါနဲ့
သင့်အသက်ကိုရော သင့်ပတ်ဝန်းကျင်က လူတွေရဲ့အသက်ကိုပါ ငဲ့ညှာတတ်ရင် ကပ်ရောဂါကို ကြောက်ကြပါကာကွယ်ကြပါ
သင်က ကျမ်းမာရေးကောင်းလို့ မသေနိူင်ရင်တောင် သင့်မိဘအဖိုးအဖွား တွေရဲ့ အသက်ကို ဒီ COVID 19 ကယူသွားနိူင်တယ် ဆိုတာ မမေ့ကြပါနဲ့။ ကပ်ရောဂါဘေးကြီးမှ
ကင်းဝေနိုင်ကြပါစေ
အားလုံးကို လေးစားတန်ဖိုးထားလျှက်…
ဝေဠုကျော်
WaiLuKyaw
ဝေဠုကျော်ဖောင်ဒေးရှင်း
(Zawgyi)
ရန္ကုန္ၿမိဳ့ႀကီးက အေျခအေန ေတာ္ေတာ္ဆိုးေနပါၿပီ။ေဆး႐ုံေတြ Q စခန္းေတြ ျပည့္ကုန္ၿပီ
ဒီေန႔ ကၽြန္ေတာ္တို့ ဆီကို ဖုန္းေတြဆက္ စာေတြပို့ၾကတယ္ P ထြက္တာ လာမေခၚလို့။ ထိစပ္ေတြ Q ဝင္ခ်င္တာတို့ မ်ိဳးစုံပါပဲ။ ရပ္ကြက္ထဲက အနံ့ေပ်ာက္တဲ့သူေတြကိုေတာင္ ေခၚထားစရာ
ေနရာ မရွိေတာ့ပါဖူး ၾကာရင္ အေမရိကန္လို ေရာဂါသည္းမွေဆး႐ုံလာျပၾကေတာ့လို့မ်ား ျဖစ္လာ မလား ပိုးေတြ ပိုၿပီ ပ်ံ႕ကုန္ မလားပိုၿပီး စိုးရိမ္လာမိပါတယ္ ၊
အေရးေပၚ လူနာထားဖို့ကိုေတာ့ ေဆး႐ုံေတြ တိုးခ်ဲ႕တာတို့ ယာေဆး႐ုံေတြ ေဆာက္တာတို့ကို ခ်က္ခ်င္း အျမန္ဆုံး လုပ္ေနၾကသလို Q စင္တာေတြလည္း ေနမအား
ညမနားဆက္လက္ျပင္ဆင္ေနပါတယ္ဗ်ာ…
အစ ဘယ္ကမွန္း ရွာမရေတာ့ အခု ဒုတိယလွိုင္းမွာ အဆုံးသတ္ရခက္ေနပါၿပီ။
အခု ပ်ံႏွံမွုမွာေတာ့ က်မ္းမာေရး ဝန္ထမ္း ေတြပါ ထိကုန္ၾကတာမ်ားလာတာပါပဲ။
အခ်ိဳ့ ရန္ကုန္ရပ္ကြက္ေတြက အိမ္ေတြ တိုက္ခန္းေတြက က်ဥ္းေျမာင္းၿပီး လူဦးေရ ထူထပ္တာမို့အိမ္ထဲ မွာညအိပ္မွပဲေနၾကၿပီး တေန႔ခင္းလုံး ရပ္ကြက္ထဲ ေရာေထြးေနထိုင္တတ္တဲ့
ဓေလ့ရွိတာေၾကာင့္ တစ္ေယာက္ကူးခံရရင္ တစ္ရပ္ကြက္လုံး ပ်ံဖို့ ေတာ္ေတာ္ေသခ်ာေနတာပါပဲ
ဘယ္ေလာက္ပဲရွုပ္ေထြးေထြး မရရေအာင္ အစဆြဲထုတ္ၿပီး အဆုံးသတ္ရမွာပါ ဒါမွ CV 19 ဒုတိယလွိုင္ရဲ့ ပ်ံႏွံတာ ရပ္တန႔္မွာပါ။.
ကၽြန္ေတာ္တို့လဲ ကိုယ့္အသက္အရြယ္ေတြမွာ ဆီးခ်ိဳ ေသြးတိုး ေရာဂါေတြက ရွိႏွင့္ေနၿပီးသားမို့ ကပ္ေရာဂါကူးခံရမွာ အမ်ားနည္းတူ ေၾကာက္ပါတယ္။
ဒါေပမယ့္လဲ ခုခ်ိန္မွာကအားလုံးေၾကာက္ၿပီး အျပင္မထြက္ဖဲ ေနၾကတာက အေကာင္းဆုံးဆိုေပမဲ့လည္း အဲ့ဒါက CV 19 ေရာဂါႀကီး ရပ္တန႔္ဖို့ အတြက္က်ေတာ့ ၿပီးသြားမွာ မဟုတ္ေတာ့ပါဖူး။
ဘယ္ေလာက္ပဲေၾကာက္ေၾကာက္ လူသားခ်င္းစာနာကူညီတတ္တဲ့ စိတ္နဲ႔ ကၽြန္ေတာ္ တို့လို ပရဟိတသမားေတြ နဲ႔ ေရွ႕တန္းမွာ ဦးေဆာင္ေနရတဲ့ က်မ္းမာေရးဝန္ထမ္းေတြကေတာ့ ဆက္လက္ တာဝန္ထမ္းေဆာင္ ကူညီေနရအုံး မွာပါဘဲ
အသက္ကိုရင္းၿပီး ကူညီေနတဲ့ လူေတြကို စာနာငဲ့ညႇာရင္ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လိုက္နာၾကပါ
အဆိုးျမင္ ေဝဖန္အျပစ္တင္တတ္တဲ့ စိတ္ေတြကို ေလၽွာ့ၾကပါ ၊ ကပ္ေရာဂါေဘးႀကီးက ကင္းေဝးဖို့ ဆုေတာင္းေန႐ုံနဲ႔မၿပီးနိုင္ေလာက္ပါ ၊
Maskတပ္ၾကပါ လက္ေဆးၾကပါ မလိုအပ္ပဲ အျပင္မထြက္ပါနဲ႔ ခရီးမသြားၾကပါနဲ႔
သင့္အသက္ကိုေရာ သင့္ပတ္ဝန္းက်င္က လူေတြရဲ့အသက္ကိုပါ ငဲ့ညႇာတတ္ရင္ ကပ္ေရာဂါကို ေၾကာက္ၾကပါကာကြယ္ၾကပါ
သင္က က်မ္းမာေရးေကာင္းလို့ မေသနိူင္ရင္ေတာင္ သင့္မိဘအဖိုးအဖြား ေတြရဲ့ အသက္ကို ဒီ COVID 19 ကယူသြားနိူင္တယ္ ဆိုတာ မေမ့ၾကပါနဲ႔။ ကပ္ေရာဂါေဘးႀကီးမွ
ကင္းေဝနိုင္ၾကပါေစ
အားလုံးကို ေလးစားတန္ဖိုးထားလၽွက္…
ေဝဠဳေက်ာ္
WaiLuKyaw
ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း
Post a Comment