လွိုင္ၿမိဳ့နယ္က မင္းဓမၼ ပညာ့ရိပ္သာ Quarantine Center (၁၁) လႊာကေန ဒီကေန႔ စက္တင္ဘာ (၂၈) ရက္ မနက္ပိုင္းက Quarantine ဝင္ေနတဲ့ မူးယစ္ရဲတပ္ဖြဲ႕ဝင္ တစ္ဦး ျပဳတ္က်ေသဆုံးခဲ့တယ္လို့ လွိုင္ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွူး ဦးေက်ာ္သက္ဝင္းက One News ကို အတည္ျပဳ ေျပာပါတယ္။


အဲဒီ မူးယစ္ရဲတပ္ဖြဲ႕ဝင္ဟာ အရက္အလြန္အကၽြံ ေသာက္သုံးတတ္သူလို့ သိထားရၿပီး ျပဳတ္က်ရတဲ့ အေသးစိတ္ အေျခအေနကို ရဲတပ္ဖြဲ႕က စိစစ္ေနတယ္လို့ ဦးေက်ာ္သက္ဝင္းက ေျပာပါတယ္။"သူ႔က Quarantine ဝင္ေနတဲ့ မူးယစ္တပ္ဖြဲ႕က ရဲတပ္ဖြဲ႕ဝင္လို့ သိရပါတယ္။ ဘာေၾကာင့္ခုန္ခ်လဲ မသိရေသးဘူး။ အရက္အလြန္အကၽြံ ေသာက္တတ္သူလို့ သိရတယ္။ သတင္းအရ (၁၁) ထပ္ကေန ျပဳတ္က်တယ္ သိရပါတယ္။ အခင္းျဖစ္ေနရာမွာပဲ ေသသြားတယ္" လို့ ဦးေက်ာ္သက္ဝင္းက ေျပာပါတယ္။

ေသဆုံးခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ကို လူမွုကူညီေရးအသင္းကားနဲ႔ အင္းစိန္ ေဆး႐ုံႀကီးကို ပို့ေဆာင္ခဲ့တယ္လို့ ဦးေက်ာ္သက္ဝင္းက ေျပာပါတယ္။အဲဒီ ေသဆုံးတာနဲ႔ ပတ္သက္ၿပီး လွိုင္ၿမိဳ့မရဲစခန္းကေန ေလာေလာဆယ္ စစ္ေဆးေဆာင္ရြက္ေနတယ္လို့ သိရပါတယ္။


သတင္း-ေဝယံထက္ဝင္း

ဓာတ္ပုံ - OCRT, Operation CoVTForce

----------------------------------------------------

လှိုင်မြို့နယ်က မင်းဓမ္မ ပညာ့ရိပ်သာ Quarantine Center (၁၁) လွှာကနေ ဒီကနေ့ စက်တင်ဘာ (၂၈) ရက် မနက်ပိုင်းက Quarantine ဝင်နေတဲ့ မူးယစ်ရဲတပ်ဖွဲ့ဝင် တစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက One News ကို အတည်ပြု ပြောပါတယ်။


အဲဒီ မူးယစ်ရဲတပ်ဖွဲ့ဝင်ဟာ အရက်အလွန်အကျွံ သောက်သုံးတတ်သူလို့ သိထားရပြီး ပြုတ်ကျရတဲ့ အသေးစိတ် အခြေအနေကို ရဲတပ်ဖွဲ့က စိစစ်နေတယ်လို့ ဦးကျော်သက်ဝင်းက ပြောပါတယ်။"သူ့က Quarantine ဝင်နေတဲ့ မူးယစ်တပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်လို့ သိရပါတယ်။ ဘာကြောင့်ခုန်ချလဲ မသိရသေးဘူး။ အရက်အလွန်အကျွံ သောက်တတ်သူလို့ သိရတယ်။ သတင်းအရ (၁၁) ထပ်ကနေ ပြုတ်ကျတယ် သိရပါတယ်။ အခင်းဖြစ်နေရာမှာပဲ သေသွားတယ်" လို့ ဦးကျော်သက်ဝင်းက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို လူမှုကူညီရေးအသင်းကားနဲ့ အင်းစိန် ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ဦးကျော်သက်ဝင်းက ပြောပါတယ်။အဲဒီ သေဆုံးတာနဲ့ ပတ်သက်ပြီး လှိုင်မြို့မရဲစခန်းကနေ လောလောဆယ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။


သတင်း-ဝေယံထက်ဝင်း

ဓာတ်ပုံ - OCRT, Operation CoVTForce

Post a Comment

Previous Post Next Post