(Unicode)

ဒီ ၂၀၂၀ ခုနှစ်ဟာ တစ်ကမ္ဘာလုံး ကံဆိုးတဲ့ နှစ်လို့ တောင်ပြောရပါမယ်။ တစ်ကမ္ဘာလုံးမှာလည်း COVID 19 ကပ်ရောဂါကြောင့် စီးပွားရေးပျက်ကပ်တွေဆိုက်၊ သြစတြေးလျနဲ့ ကယ်လီဖိုးနီးယားမှာလည်း တောမီးတွေလောင်၊ ဖိလစ်ပိုင်မှာလည်း မီးတောင်တွေပေါက်ကွဲ၊ အိန္ဒိယနိုင်ငံမှာလည်း တစ်နိုင်ငံလုံးအနှံ့ မိုးတွေရွာပြီး ရေတွေကြီးနဲ့ တော်တော်လေးကို ဒုက္ခရောက်ကြရပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး Bollywood သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ Salaman Khan ဟာ ရေမြုပ်သွားတဲ့ ရွာတစ်ရွာရှိ အိမ်အလုံး ၇၀ ကို အသစ်ပြန်ဆောက်ပေးတေ့မှာဖြစ်ကြောင်း Times Of India သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။



အိန္ဒိယနိုင်ငံမှာ ရက်တော်တော်ကြာ တောက်လျှောက်မိုးရွာသွန်းမှုတွေကြောင့် နေရာတော်တော်များများမှာ ရေကြီးပြီး ရေလွှမ်းမိုးမှုဖြစ်ကာ နေအိမ်တော်တော်များများ ဆုံးရှုံးခဲ့ရပါတယ်။ Maharashtra ပြည်နယ်ကတော့ မိုးအရွာဆုံးနဲ့ ရေကြီးမှုအဖြစ်များဆုံး ပြည်နယ်တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါပြည်နယ်ရှိ Khidrapur လို့ အမည်ရတဲ့ ရွာကလေးတစ်ရွာကတော့ တစ်ရွာလုံးနီးပါး အိမ်တွေရေမြုပ်ခဲ့ပြီး အိမ်တော်တော်များများဟာ ရေစီးထဲ မျောပါသွားခဲ့ရပါတယ်။



“ကျွန်တော်တို့ပြည်နယ်ကတော့ အခြားနေရာတွေထက်စာရင် ပျက်ဆီးဆုံးရှုံးမှုကတော့ တော်တော်များများပါတယ်။ ရေကအခုထိ သိပ်မကျသေးပါဘူး။ မိုးတောက်လျှောက်ရွယနေတာ တစ်လပြည့်ပါတော့မယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ရဲတွေလည်း တောက်လျှောက်ကို ပင်ပန်းရပါတယ်။ အခုလည်း Khidrapur ရွာဆိုရင် ရွာလုံးကျွတ်ရေမြုပ်ခဲ့တာပါ။ အိမ်တော်တော်များများကတော့ ရေစီးကြောင်းထဲ မျောပါသွားတာပါ။ အခုလို Salaman Khan က Khidrapur ရွာအတွက် အိမ်အလုံး ၇၀ ကျော် အသစ်ပြန်ဆောက်ပေးမယ်ဆိုတဲ့ သတင်းကြားရတာ ကျွန်တော့်အနေနဲ့ တော်တော်လေးကို ကျေးဇူးတင်မိပါတယ်။ Khidrapur ရွာသူရွာသားတွေလည်း အဲဒီသတင်းကြားပြီး တော်တော်လေးကို ပျော်နေကြပါတယ်”လို့ Maharashtra ပြည်နယ်ဝန်ကြီးချုပ် Rajendra Patil Yadravkar က ပြောကြားခဲ့ပါတယ်။


credit – shwemom


(Zawgyi)



ဒီ ၂၀၂၀ ခုႏွစ္ဟာ တစ္ကမၻာလံုး ကံဆိုးတဲ့ ႏွစ္လို႔ ေတာင္ေျပာရပါမယ္။ တစ္ကမၻာလံုးမွာလည္း COVID 19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးပ်က္ကပ္ေတြဆိုက္၊ ၾသစေၾတးလ်နဲ႔ ကယ္လီဖိုးနီးယားမွာလည္း ေတာမီးေတြေလာင္၊ ဖိလစ္ပိုင္မွာလည္း မီးေတာင္ေတြေပါက္ကြဲ၊ အိႏၵိယႏိုင္ငံမွာလည္း တစ္ႏိုင္ငံလံုးအႏွံ႔ မိုးေတြရြာျပီး ေရေတြၾကီးနဲ႔ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ၾကရပါတယ္။ အခုလည္း အိႏၵိယႏိုင္ငံရဲ႕ နာမည္ၾကီး Bollywood သရုပ္ေဆာင္မင္းသားတစ္ေယာက္ျဖစ္တဲ့ Salaman Khan ဟာ ေရျမဳပ္သြားတဲ့ ရြာတစ္ရြာရွိ အိမ္အလံုး ၇၀ ကို အသစ္ျပန္ေဆာက္ေပးေတ့မွာျဖစ္ေၾကာင္း Times Of India သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။



အိႏၵိယႏိုင္ငံမွာ ရက္ေတာ္ေတာ္ၾကာ ေတာက္ေလွ်ာက္မိုးရြာသြန္းမႈေတြေၾကာင့္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေရၾကီးျပီး ေရလႊမ္းမိုးမႈျဖစ္ကာ ေနအိမ္ေတာ္ေတာ္မ်ားမ်ား ဆံုးရံႈးခဲ့ရပါတယ္။ Maharashtra ျပည္နယ္ကေတာ့ မိုးအရြာဆံုးနဲ႔ ေရၾကီးမႈအျဖစ္မ်ားဆံုး ျပည္နယ္တစ္ခုပဲ ျဖစ္ပါတယ္။ အဆိုပါျပည္နယ္ရွိ Khidrapur လို႔ အမည္ရတဲ့ ရြာကေလးတစ္ရြာကေတာ့ တစ္ရြာလံုးနီးပါး အိမ္ေတြေရျမဳပ္ခဲ့ျပီး အိမ္ေတာ္ေတာ္မ်ားမ်ားဟာ ေရစီးထဲ ေမ်ာပါသြားခဲ့ရပါတယ္။



“ကၽြန္ေတာ္တို႔ျပည္နယ္ကေတာ့ အျခားေနရာေတြထက္စာရင္ ပ်က္ဆီးဆံုးရံႈးမႈကေတာ့ ေတာ္ေတာ္မ်ားမ်ားပါတယ္။ ေရကအခုထိ သိပ္မက်ေသးပါဘူး။ မိုးေတာက္ေလွ်ာက္ရြယေနတာ တစ္လျပည့္ပါေတာ့မယ္။ ကယ္ဆယ္ေရးဝန္ထမ္းေတြနဲ႔ ရဲေတြလည္း ေတာက္ေလွ်ာက္ကို ပင္ပန္းရပါတယ္။ အခုလည္း Khidrapur ရြာဆိုရင္ ရြာလံုးကၽြတ္ေရျမဳပ္ခဲ့တာပါ။ အိမ္ေတာ္ေတာ္မ်ားမ်ားကေတာ့ ေရစီးေၾကာင္းထဲ ေမ်ာပါသြားတာပါ။ အခုလို Salaman Khan က Khidrapur ရြာအတြက္ အိမ္အလံုး ၇၀ ေက်ာ္ အသစ္ျပန္ေဆာက္ေပးမယ္ဆိုတဲ့ သတင္းၾကားရတာ ကၽြန္ေတာ့္အေနနဲ႔ ေတာ္ေတာ္ေလးကို ေက်းဇူးတင္မိပါတယ္။ Khidrapur ရြာသူရြာသားေတြလည္း အဲဒီသတင္းၾကားျပီး ေတာ္ေတာ္ေလးကို ေပ်ာ္ေနၾကပါတယ္”လို႔ Maharashtra ျပည္နယ္ဝန္ၾကီးခ်ဳပ္ Rajendra Patil Yadravkar က ေျပာၾကားခဲ့ပါတယ္။






credit – shwemom

Post a Comment

Previous Post Next Post