(Unicode)


ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်သူ ချစ်သုဝေကတော့ COVID ဒုတိယလှိုင်းမှာဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး ပါမေက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့တိုင်ပင်အကြံ ဉာဏ်ရယူခဲ့ပါတယ်လို့သိရပါတယ် ။


များပြားလာတဲ့ Case တွေအတွက် အစိုးရဆေးရုံတွေရဲ့ဝန်ကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (၄) လုံး (ရေ၊ မီး၊ aircon နဲ့တကွ light partition နဲ့ တစ်လုံးလျှင် လူနာ (၃၀) ဆန့် တဲ့ tentတွေပါ) လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။


ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့် လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကိုထားရမယ့်နေရာပါ။လူနာများထားနိုင်ဖို့ ဆေးရုံ (၄) ရုံအတွက် Tent (၄) လုံး ငှာရမ်းခမှာ (၂) လတာအတွက် သိန်း (၈၀၀) ကျပ်ကျသင့်မှာဖြစ်ပြီး


ကျသင့်တဲ့ သိန်း (၈၀၀) ကျပ်ကို ခတ်သစ်ဖောင်ဒေးရှင်းမှ စေတနာရှင်များနဲ့ပူးပေါင်းကာ လှူဒါန်းသွားမှာပဲဖြစ်ပါတယ် ။ ဒီနေ့ စက်တင်ဘာ (၁၅) ရက်နေ့ မှာတော့ ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းမှာ တည်ဆောက်နေတဲ့ စောင့်ကြည့်လူနာများထားရန် Tent တစ်လုံးစာ သိန်း (၂၀၀) ကျပ်ကို ကနဦးအလှူအဖြစ် ရန်ကုန်ဆေးရုံအုပ်ကြီးအား လှူဒါန်းခဲ့ပါတယ်လို့သိရှိရပါတယ် ။


ထပ်မံပြီး လိုအပ်နေသော Tent များကို ဆက်လက်ဆောက်လုပ်လှူဒါန်းသွားမှာ ဖြစ်တဲ့အတွက် ခေတ်သစ်ဖောင်ဒေးရှင်ကို နည်းများမဆိုပါဝင်လှူဒါန်းနိုင်ကြောင်းနဲ့ ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအတွက် စားသောက်ရေးကို လည်း လှူဒါန်းချင်တဲ့အတွက် အလှူရှင်များကိုလည်း ဖိတ်ခေါ်ကြောင်း ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။ တစ်ယောက်အားနဲ့မရရင် အများအားနဲ့ ဒီရောဂါဆိုးကြီးကို တွန်းလှန်နိုင်ဖို့ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူ လှူဒါန်းလိုက်ကြရအောင်နော် ..။


(Zawgyi)


ေခတ္သစ္ေဖာင္ေဒးရွင္းကိုတည္ေထာင္သူ ခ်စ္သုေဝကေတာ့ COVID ဒုတိယလႈိင္းမွာေဖာင္ေဒးရွင္းအေနနဲ႔ အထိေရာက္ဆုံးလႉႏိုင္ဖို႔ ေဆးတကၠသိုလ္(၁) ပါေမာကၡ ေဒါက္တာ ေဇာ္ေဝစိုး ပါေမကၡေဒါက္တာျမင့္ျမင့္ၿငိမ္း တို႔နဲ႔တိုင္ပင္အႀကံ ဉာဏ္ရယူခဲ့ပါတယ္လို႔သိရပါတယ္ ။


မ်ားျပားလာတဲ့ Case ေတြအတြက္ အစိုးရေဆး႐ုံေတြရဲ႕ဝန္ကို တစ္ဖက္တစ္လမ္းမွ ကူညီႏိုင္ဖို႔ ယာယီ Tent (၄) လုံး (ေရ၊ မီး၊ aircon နဲ႔တကြ light partition နဲ႔ တစ္လုံးလွ်င္ လူနာ (၃၀) ဆန္႔ တဲ့ tentေတြပါ) လႉဒါန္းဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္ ။



ဖ်ားနာ၊ ေခ်ာင္းဆိုး၊ အနံေပ်ာက္ COVID-19 သံသယရွိေစာင့္ၾကည့္ လူနာေတြ (PUI) ကို swab ယူရပါတယ္။ ဒီအခ်ိန္တြင္းမွာ ေစာင့္ၾကည့္လူနာေတြကိုထားရမယ့္ေနရာပါ။လူနာမ်ားထားႏိုင္ဖို႔ ေဆး႐ုံ (၄) ႐ုံအတြက္ Tent (၄) လုံး ငွာရမ္းခမွာ (၂) လတာအတြက္ သိန္း (၈၀၀) က်ပ္က်သင့္မွာျဖစ္ၿပီး


က်သင့္တဲ့ သိန္း (၈၀၀) က်ပ္ကို ခတ္သစ္ေဖာင္ေဒးရွင္းမွ ေစတနာရွင္မ်ားနဲ႔ပူးေပါင္းကာ လႉဒါန္းသြားမွာပဲျဖစ္ပါတယ္ ။ ဒီေန႔ စက္တင္ဘာ (၁၅) ရက္ေန႔ မွာေတာ့ ရန္ကုန္ေဆး႐ုံႀကီးဝန္းအတြင္းမွာ တည္ေဆာက္ေနတဲ့ ေစာင့္ၾကည့္လူနာမ်ားထားရန္ Tent တစ္လုံးစာ သိန္း (၂၀၀) က်ပ္ကို ကနဦးအလႉအျဖစ္ ရန္ကုန္ေဆး႐ုံအုပ္ႀကီးအား လႉဒါန္းခဲ့ပါတယ္လို႔သိရွိရပါတယ္ ။


ထပ္မံၿပီး လိုအပ္ေနေသာ Tent မ်ားကို ဆက္လက္ေဆာက္လုပ္လႉဒါန္းသြားမွာ ျဖစ္တဲ့အတြက္ ေခတ္သစ္ေဖာင္ေဒးရွင္ကို နည္းမ်ားမဆိုပါဝင္လႉဒါန္းႏိုင္ေၾကာင္းနဲ႔ ဆက္လက္ၿပီး က်န္းမာေရးဝန္ထမ္းမ်ား၊ လူနာမ်ားအတြက္ စားေသာက္ေရးကို လည္း လႉဒါန္းခ်င္တဲ့အတြက္ အလႉရွင္မ်ားကိုလည္း ဖိတ္ေခၚေၾကာင္း ေရးသားေဖာ္ျပထားတာေတြ႕ရပါတယ္ ။ တစ္ေယာက္အားနဲ႔မရရင္ အမ်ားအားနဲ႔ ဒီေရာဂါဆိုးႀကီးကို တြန္းလွန္ႏိုင္ဖို႔ ေခတ္သစ္ေဖာင္ေဒးရွင္းနဲ႔အတူ လႉဒါန္းလိုက္ၾကရေအာင္ေနာ္ ..။

Post a Comment

Previous Post Next Post