Friday, October 2, 2020

စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးျမင့္ၾကည္ဟာ ေအာက္တိုဘာလ (၁) ရက္ ညပိုင္းကစၿပီး (Hotel Quarantine ) ဟိုတယ္ အသြားအလာကန႔္သတ္ေနထိုင္ရမယ္လို႔ ေျပာပါတယ္။


ေအာက္တိုဘာ (၁) ရက္ ညပိုင္းက မုံ႐ြာၿမိဳ႕နယ္မွ ကိုဗစ္အတည္ျပဳလူနာ (၁၀) ဦး ထပ္မံေတြ႕ရွိခဲ့ၿပီး အဲဒီထဲက (၇) ဦးဟာ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္ လိုက္ေတြ ျဖစ္ၿပီး ဝန္ႀကီးဦးျမင့္ၾကည့္ နဲ႔ ဆက္စပ္မႈ ရွိခဲ့တာေၾကာင့္ အခုလို အသြားအလာကန႔္သတ္ ေနထိုင္ရတာလို႔ ေျပာပါတယ္။

“ကားေတြက ရပ္ထားတာေတြ႕တာ ဝန္ႀကီးခ်ဳပ္ သတင္းရတယ္။ ကြၽန္ေတာ္ကို သြားစစ္ဖို႔ တာဝန္ေပးေတာ့ သြားစစ္ေဆးတယ္။ စစ္ေတာ့လဲ ဘယ္ကေန လာလဲ ေသေသ ခ်ာခ်ာ ေမးမရဘူး ။ ဒါနဲ႔ သူတို႔ကို Quarantine ထားတာပါ။ သူတို႔ကို Swab ယူ စစ္ေဆးတဲ့အခါ ၇ ဦးမွာ ေရာဂါပိုး ေတြ႕ ရွိခဲ့တာပါ ။ ႀကိဳတင္တားျမစ္ႏိုင္တယ္။


တာဝန္ရွိသူေတြ စီစစ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔လဲ Q ဝင္ဖို႔ ဆုံးျဖတ္လိုက္တယ္။ သြားေရာက္စစ္ေဆးခဲ့ သူေတြ အားလုံး Q ဝင္မွာပါ။ ကြၽန္ေတာ္တို႔က ထိေတြ႕မႈေတာ့ မရွိခဲ့ပါဘူး။ အလုပ္လုပ္ခဲ့တာ ၁၀ ေပေလာက္ ကြာတယ္။ ဒါေပမယ့္ ေပါ့လို႔ မျဖစ္ဘူး။ ကြၽန္ေတာ္တို႔ စည္းကမ္းလိုက္နာမွ တျခားသူေတြ လဲလိုက္နာမယ္။ ကြၽန္ေတာ္တို႔ Q ဝင္ဖို႔ ဟိုတယ္တစ္ခု ႀကိဳတင္ ျပင္ထားတဲ့အတိုင္း ဝင္ေရာက္တာပါ။ ကြၽန္ေတာ္တို႔လဲ ဒီေန႔ပဲ Quarantine ဝင္မယ္ ” လို႔ ဦးျမင့္ၾကည္က ေျပာပါတယ္။


ၿပီးခဲ့တဲ့ စက္တင္ဘာ (၂၆) ရက္ ညပိုင္းက မုံ႐ြာၿမိဳ႕၊ အလုံရပ္ကြက္ ခ်င္းတြင္းတံတား အေရွ႕ဘက္ျခမ္းမွာ ရပ္နားေနတဲ့ တြဲကား (၁၄) စီးက ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ (၂၇) ဦးကို စည္ပင္သာယာေရးဝန္ႀကီး ဦးျမင့္ၾကည္တို႔ အဖြဲ႕က သြားေရာက္ စစ္ေဆးခဲ့ရာ ရန္ကုန္ကထြက္ခြာလာၿပီး ဝမ္ေပါင္ကုမၸဏီကို ပစၥည္းပို႔တဲ့ ေမာ္ေတာ္ယာဥ္ေတြလို႔ သိရတာေၾကာင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က အဲဒီေန႔ ညမွာပဲ အိုးဘိုေတာင္ စာသင္ေက်ာင္း အသြာအလားကန႔္သတ္ ေစာင့္ၾကည့္ေရးစခန္းမွာ ထားရွိခဲ့တာလို႔ သိရပါတယ္။

မုံ႐ြာၿမိဳ႕နယ္ထဲက က်န္အတည္ျပဳလူနာ (၃) ဦးကေတာ့ ရန္ကုန္တိုင္းေဒသႀကီးက ျပန္လာသူေတြျဖစ္ၿပီး ေအာင္ခ်မ္းသာ ႏွင့္ ေၾကးမုံ အထက စာသင္ေက်ာင္း အသြာအလာကန႔္သတ္ေစာင့္ၾကည့္ေရး စခန္းေတြမွာ ေနထိုင္ေနသူေတြ ျဖစ္တယ္လို႔ သိပါတယ္။ အတည္ျပဳလူနာေတြကို မုံ႐ြာၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈေပးသြားမယ္လို႔ သိရပါတယ္။


ေအာက္တိုဘာ (၁) ရက္ အထိ စစ္ကိုင္းတိုင္းေဒသႀကီး၊ ၿမိဳ႕နယ္ (၃၇) ၿမိဳ႕နယ္ထဲက (၂၂) ၿမိဳ႕နယ္မွာ အတည္ ျပဳလူနာ စုစုေပါင္း (၈၁) ဦး ေတြ႕ရွိထားၿပီး အဲဒီထဲက (၁၂) ဦးကေတာ့ ေဆး႐ုံဆင္းခြင့္ရၿပီ ျဖစ္ပါတယ္။

------------------------------------------------------------------------------------------------------------------

Friday, October 2, 2020


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ဟာ အောက်တိုဘာလ (၁) ရက် ညပိုင်းကစပြီး (Hotel Quarantine ) ဟိုတယ် အသွားအလာကန့်သတ်နေထိုင်ရမယ်လို့ ပြောပါတယ်


အောက်တိုဘာ (၁) ရက် ညပိုင်းက မုံရွာမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ (၁၀) ဦး ထပ်မံတွေ့ရှိခဲ့ပြီး အဲဒီထဲက (၇) ဦးဟာ ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက်တွေ ဖြစ်ပြီး ဝန်ကြီးဦးမြင့်ကြည့် နဲ့ ဆက်စပ်မှု ရှိခဲ့တာကြောင့် အခုလို အသွားအလာကန့်သတ် နေထိုင်ရတာလို့ ပြောပါတယ်။


“ကားတွေက ရပ်ထားတာတွေ့တာ ဝန်ကြီးချုပ် သတင်းရတယ်။ ကျွန်တော်ကို သွားစစ်ဖို့ တာဝန်ပေးတော့ သွားစစ်ဆေးတယ်။ စစ်တော့လဲ ဘယ်ကနေ လာလဲ သေသေ ချာချာ မေးမရဘူး ။ ဒါနဲ့ သူတို့ကို Quarantine ထားတာပါ။ သူတို့ကို Swab ယူ စစ်ဆေးတဲ့အခါ ၇ ဦးမှာ ရောဂါပိုး တွေ့ ရှိခဲ့တာပါ ။ ကြိုတင်တားမြစ်နိုင်တယ်။


တာဝန်ရှိသူတွေ စီစစ်တဲ့အချိန်မှာ ကျွန်တော်တို့လဲ Q ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သွားရောက်စစ်ဆေးခဲ့ သူတွေ အားလုံး Q ဝင်မှာပါ။ ကျွန်တော်တို့က ထိတွေ့မှုတော့ မရှိခဲ့ပါဘူး။ အလုပ်လုပ်ခဲ့တာ ၁၀ ပေလောက် ကွာတယ်။ ဒါပေမယ့် ပေါ့လို့ မဖြစ်ဘူး။ ကျွန်တော်တို့ စည်းကမ်းလိုက်နာမှ တခြားသူတွေ လဲလိုက်နာမယ်။ ကျွန်တော်တို့ Q ဝင်ဖို့ ဟိုတယ်တစ်ခု ကြိုတင် ပြင်ထားတဲ့အတိုင်း ဝင်ရောက်တာပါ။ ကျွန်တော်တို့လဲ ဒီနေ့ပဲ Quarantine ဝင်မယ် ” လို့ ဦးမြင့်ကြည်က ပြောပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ (၂၆) ရက် ညပိုင်းက မုံရွာမြို့၊ အလုံရပ်ကွက် ချင်းတွင်းတံတား အရှေ့ဘက်ခြမ်းမှာ ရပ်နားနေတဲ့ တွဲကား (၁၄) စီးက ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် (၂၇) ဦးကို စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်တို့ အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်ကထွက်ခွာလာပြီး ဝမ်ပေါင်ကုမ္ပဏီကို ပစ္စည်းပို့တဲ့ မော်တော်ယာဉ်တွေလို့ သိရတာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က အဲဒီနေ့ ညမှာပဲ အိုးဘိုတောင် စာသင်ကျောင်း အသွာအလားကန့်သတ် စောင့်ကြည့်ရေးစခန်းမှာ ထားရှိခဲ့တာလို့ သိရပါတယ်။

မုံရွာမြို့နယ်ထဲက ကျန်အတည်ပြုလူနာ (၃) ဦးကတော့ ရန်ကုန်တိုင်းဒေသကြီးက ပြန်လာသူတွေဖြစ်ပြီး အောင်ချမ်းသာ နှင့် ကြေးမုံ အထက စာသင်ကျောင်း အသွာအလာကန့်သတ်စောင့်ကြည့်ရေး စခန်းတွေမှာ နေထိုင်နေသူတွေ ဖြစ်တယ်လို့ သိပါတယ်။ အတည်ပြုလူနာတွေကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပေးသွားမယ်လို့ သိရပါတယ်။


အောက်တိုဘာ (၁) ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ် (၃၇) မြို့နယ်ထဲက (၂၂) မြို့နယ်မှာ အတည် ပြုလူနာ စုစုပေါင်း (၈၁) ဦး တွေ့ရှိထားပြီး အဲဒီထဲက (၁၂) ဦးကတော့ ဆေးရုံဆင်းခွင့်ရပြီ ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post